ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်ဦး /ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDF/DSNDA) ရဲ့ အပတ်စဉ်(၃) စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၃၀ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သင်တန်းဆင်းပွဲမှာတော့ ဓနုပြည်နယ်အမျိုးသားအလံတော်ကို အလေးပြုခြင်း၊ သင်တန်းဆင်းရဲဘော်တွေ သစ္စာရေသောက်ခြင်း၊ သစ္စာအဓိဋ္ဌာန် ( ၄ )ချက်သီ‌ဆိုခြင်း ၊ (DSNDF/DSNDA) ဥက္ကဋ္ဌ မိန့်ခွန်းပြောကြားခြင်း၊ စစ်ဦးစီးချုပ် မိန့်ခွန်းပြောကြားခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် (DSNDF/DSNDA) ကော်မတီအဖွဲ့ဝင်တွေက သင်တန်းဆင်း ရဲဘော်တွေကို “စစ်ပညာသည် အာဏာရှင်ကိုတိုက်ထုတ်ရန်နဲ့ မတရားမှုကိုတွန်းလှန်ရန် ဖြစ်ပြီး မိမိတတ်မြောက်ထားသောစစ်ပညာဖြင့် ပြည်သူကိုတန်ဖိုးထားကာကွယ်ရန်အပြင် ကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများအားလိုက်နာရန် ၊အမိန့်နှင့်အာဏာကို ခွဲခြားသိမြင်စေရန်နှင့် တော်လှန်ရေးတွင် နေရာစွဲလူမျိုးစွဲများမထားရန်”တို့ကို ပြောကြားခဲ့သလို ရဲဘော်တွေရဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီမှုရှိတဲ့ တာဝန်တွေ ခွဲခြားပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

စစ်အုပ်စု မတရားဖမ်းဆီးထားသည့် MMA ဖိုက်တာ ဖိုးသော် အကျဉ်းထောင်ထဲမှ အောင်လအန်ဆန်ထံ စာပို့

အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီး အကျဥ်းချထားတဲ့ MMA ဖိုက်တာ ဖိုးသော်က အကျဉ်းထောင်ထဲကနေ ပေးပို့လိုက်တဲ့စာကို One Championship ရဲ့ Hall of Fame ဖြစ်လာမယ့် MMA ကစားသမား အောင်လအန်ဆန်းက သူ့ရဲ့ Facebookစာမျက်နာမှာ အသိပေးဖော်ပြထားပါတယ်။
Read More

စစ်အုပ်စု၏ ကျောက်မဲနှင့် သီပေါပြန်လည်သိမ်းပိုက်သည့် စစ်ဆင်ရေး SSPP ကူညီလမ်းကြောင်းဖွင့်ပေးခဲ့ကြောင်း TNLA ပြောဆိုမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း SSPP ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်းက အကြမ်းဖက် စစ်အုပ်စု ပြန်လည် ထိုးစစ်ဆင်ပြီး ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့တဲ့ ကျောက်မဲနဲ့ သီပေါတိုက်ပွဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က စစ်ကောင်စီတပ်ကို ကူညီလမ်း‌ကြောင်းဖွင့်ပေးတာဖြစ်တယ်လို့ တအာင်းတပ်မတော် TNLA ရဲ့  ပြောဆိုမှု​အပေါ် ကန့်ကွတ်ရှုတ်ချကြောင်း အောက်တိုဘာ ၁၈ ရက် ဒီနေ့မှာ SSPP က ထုတ်ပြန်ပါတယ်။
Read More

ယင်းမာပင်ခရိုင် PDF တပ်ရင်း (၂) ရင်းကို တပ်ရင်း (၁) ရင်းတည်းအဖြစ် ပေါင်းစည်း…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင် ခရိုင် တပ်ရင်း (၂) ရင်းကို တပ်ရင်း ၁ ရင်း တည်းအဖြစ်ပေါင်းစည်းလိုက်တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကယန်းအမျိုးသားနေ့မှာ ကယန်းဒေသ သိကျိတ်ရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုအပေါ် ကယန်းပြည်သစ်ပါတီ ရှုတ်ချ

စစ်ကောင်စီက ကယန်းအမျိုးသားနေ့ ကျင်းပရာ သိကျိတ်ရွာကို ဗုံးကြဲခဲ့မှုအပေါ် ကယန်းပြည်သစ်ပါတီက ရှုတ်ချကန့်ကွက်လိုက်ပါတယ်။
Read More

ပုလဲမြို့နယ်ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်မှ စစ်မှုထမ်းတပ်သား တစ်ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်…

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းစစ်သားတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၁ ရဲ့ တပ်ရင်းမှူး ဦးဘဂျမ်းဆီက သိရပါတယ်။
Read More

ရှင်ပြုပွဲလုပ်မည့်နေအိမ် စက်တပ်လေထီးဖြင့် ဗုံးကြဲခံရ၊ မောင်ရှင်လောင်းနှင့် အလှူ့ဒါယိကာ သားအဖ အပါအဝင် ၃ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စက်တပ်လေထီးနဲ့ ဗုံးသီးကြဲတိုက်ခိုက်မှုကြောင့် ရှင်ပြုအလှူလုပ်မယ့် မိသားစုထိခိုက်ကာ ၁၂နှစ်အရွယ် ကလေးငယ် ၁ယောက်အပါအဝင် ၃ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃ယောက်ရှိခဲ့ကြောင်း Chaung U Revolution ထံက သိရပါတယ်။