ချင်းပြည်နယ် ဟားခါးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ Ruavazung တပ်စခန်းကို ချင်းပြည်အစိုးရတပ်ဖွဲ့က နိုဝင်ဘာ ၃၀ ရက် ဒီကနေ့ နံနက်ပိုင်းက သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
Ruavazung တပ်စခန်းကို ချင်းပြည်အစိုးရတပ်ဖွဲ့မှ နိုဝင်ဘာ ၂၂ ရက်ကတည်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တပ်ရင်းမှူးအပါအဝင် ၁၀ ယောက်ကျော် သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။