ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁)စစ်ဒေသ ၊ မကွေးတိုင်းအခြေစိုက် သရက်ခရိုင်အမှတ် (၄) တပ်ရင်းက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၇) သင်တန်းဆင်း အခမ်းအနားကို နိုဝင်ဘာလ (၂၄) ရက်က လွတ်မြောက်နယ် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်ကို အလေးပြုခြင်း၊ ကျဆုံးရဲဘော်တွေကို အလေးပြုခြင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ သစ္စာဓိဌာန် (၄)ချက်ကို ရွတ်ဆိုခြင်း၊ တာဝန်ရှိသူတွေက မိန့်ခွန်းပြောကြားခြင်းနဲ့ ထူးချွန်ဆုရ သင်တန်းသားတွေကို ဆုချီးမြှင့်ခြင်းတွေ ပြုလုပ်ပြီး တော်လှန်ရေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။