စစ်ကိုင်းတိုင်း ၊ မုံရွာမြို့မှာ အုပ်ချုပ်ရေးမှူးရုံးနား ကင်းစောင့်နေတဲ့ အကြမ်းဖက်စစ်သားကို တစ်ကိုယ်တော် အနီးကပ်ရှင်းလင်းပြီး သေနတ် ၁ လက်ရယူနိုင်ခဲ့တယ်လို့ Three Star Local People Defence Force အဖွဲ့တာဝန်ရှိသူ ကိုဒေါင်းလေး က မောင်းသတင်းဌာနကို ပြောပါတယ်။
နိုဝင်ဘာ ၂၉ ရက် မနေ့က မနက်ပိုင်းမှာ မုံရွာမြို့ ၊ အလယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနားက စစ်တပ်ဂိတ်မှာ တာဝန်ကျနေတဲ့ စစ်ကောက်စီတပ်သား ၁ ယောက်ကို Three Star Local ခေါင်းဆောင် ကိုဒေါင်းလေးက လက်ပစ်ဗုံး သွားရောက်အပ်နှံရင်း အနီးကပ်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
အဲ့ဒီ​စစ်သားကို ရှင်းလင်းပြီးတဲ့နောက် MA3 သေနတ်ကို ယူဆောင်ကာ ဘေးကင်းရာဆီ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ကိုဒေါင်းလေးက ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုမှာ မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တွေကလည်း အနီးပတ်ဝန်းကျင်နေရာတွေကို ကင်းထောက် လုံခြုံရေးယူပေးခဲ့တယ်လို့လည်းသိရပါတယ်။
” လမ်းကြောင်းရှင်းတဲ့အချိန် တစ်ယောက်ထဲဝင်ပစ်ခဲ့တာပါ။ လက်ပစ်ဗုံးကောက်ရလို့ ဆိုပြီးသွားအပ်တဲ့ပုံနဲ့ အနီနားကပ်ပစ်ခဲ့တာ။ ” လို့ Three Star Local People Defence Force အဖွဲ့တာဝန်ရှိသူကိုဒေါင်းလေး က မောင်းသတင်းဌာနကို ပြောပါတယ်။
ဒီလုပ်ဆောင်မှုက အသက်အန္တရယ်နဲ့နီးကပ်ခဲ့ပေမယ့်လည်း Three Star Local People Defence Force အဖွဲ့အဖို့ လက်နက်ခဲယမ်းလိုအပ်ချက်ကြီးမားနေတာကြောင့် အရဲစွန့်လုပ်ခဲ့ရတာလို့လည်း သိရပါတယ်။
0 Shares:
You May Also Like
Read More

ပွင့်ဖြူမှာ စစ်ကောင်စီ၏ ဝါစိုက်ပျိုးရေးတပ် ရှေ့တန်းဂိတ်ကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ဝါစိုက်ပျိုးရေးတပ်စခန်းရဲ့ ရှေ့တန်းဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲဝင်မယ့် ပါတီတချို့နဲ့ အပစ်ရပ်လက်နက်ကိုင်တချို့ ဖက်ဒရယ်စနစ်ဆွေးနွေးပွဲအတွက် အိန္ဒိယနိုင်ငံကို ရောက်ရှိနေဟု ဆို

စစ်ကာင်စီရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတချို့နဲ့ အပစ်ရပ် လက်နက်ကိုင်အဖွဲ့တချို့ဟာ အိန္ဒိယနိုင်ငံကို လေ့လာရေးခရီးစဉ် တစ်ခု သွားရောက်နေတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့သည့် BLDF ရဲဘော် အောင်ဖြိုးဝေ၏ စျာပန

အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF  ရဲဘော်အောင်ဖြိုးဝေ (ခ) ဗလကြီး (ခ)နတ်ဆိုးရဲ့ စျာပနအခမ်းအနားကို ဧပြီ ၆ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်က ကန်တော်ကြီး ပြည်သူ့ဥယျာဥ်မှာ သံအမတ်ကြီး ဦး‌ကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော် (ဓာတ်ပုံသတင်း)

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ကန်တော်ကြီး ပြည်သူ့ ဥယျာဥ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီးဖြစ်တယ်လို့ ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်မှု တစ်ရပ်ကို ပြုလုပ်ခဲ့တယ်လို့ Sanchaung New Generation ဆီက သိရပါတယ်။
Read More

ရှေ့တန်းရောက် ရဲဘော်တွေရဲ့ မိသားစု၀င်တွေကို ထောက်ပံ့ငွေများ ပေးအပ် (ဓာတ်ပုံသတင်း)

ရှေ့တန်းစစ်မြေပြင်ရောက် ရဲဘော်တွေရဲ့ မိသားစုဝင်များကို ရွှေဘိုခရိုင်တပ်ရင်း-၁၅ မှ ရိက္ခာနှင့်ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်မှာ ပြည်သူ့စစ်တစ်ဦး လက်နက်နှင့်တကွ တောင်သူကြီးများအဖွဲ့ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပြည်သူ့စစ်တစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ တောင်သူဦးကြီးများအဖွဲ့ - PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။