မအူပင်မြို့၊ အမှတ် ၁ရပ်ကွက် မြို့အဝင်တံတားပေါ် မှာ ယာဥ်မတော်တဆဖြစ်ပြီး၊ လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။
သေဆုံးသူမှာ ဧရာဝတီတိုင်း၊ မအူပင်မြို့ အမှတ် ၁၀ရပ်ကွက်က Non-CDM မြေတိုင်းစာရေးတစ်ဦးဖြစ်ပြီး၊ နိုဝင်ဘာလ ၂၉ရက်နေ့ ညနေ ၆နာရီ၃၀ မိနစ်ခန့်က သူစီးလာတဲ့ဆိုင်ကယ်နဲ့ ကားတစ်စီး တံတားပေါ်မှာ တိုက်မိကာ သေဆုံးသွားတာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မအူပင်မြို့မှာက Non-CDM တွေကအစဥ်ပြေတာများတယ်လေ၊ မြေစာရင်းဌာနကဆိုတော့ ပိုအစဥ်ပြေတာပေါ့၊ ခုလည်းအရက်မူးပြီး Taxi ကားနဲ့ မျက်နှာချင်းဆိုင်ဝင်တိုက်ပြီး သေဆုံးသွားတာ” လို့ သေဆုံးသူ မြေတိုင်းစာရေး အောင်ကျော်စိုးဦးနဲ့ ရင်းနှီးသူတစ်ဦးက မောင်းကိုပြောပါတယ်။
မအူပင်တံတားပေါ်မှာ လူငယ်တွေ အုပ်စုဖွဲ့ပြီး အရက်သောက်စားလေ့ရှိပြီး၊ ဆိုင်ကယ်မတော်တဆမှုတွေ ခဏခဏဖြစ်လေ့ရှိတယ်လို့လည်း ၄င်းက ဆက်ပြောပါတယ်။
မအူပင်မြို့တံတားအဆင်းမှာရှိတဲ့ တိုးဂိတ်မှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်က ဂိတ်ချပြီး ငွေကြေးကောက်ခံတာတွေ ပြုလုပ်လေ့ရှိပြီး၊ အဆိုပါဂိတ်အနီးနားမှာ ယာဥ်မတော်တဆမှုတွေ ဖြစ်လေ့ရှိပြီး၊ ယာဥ်တိုက်မှုကြောင့် သေဆုံးခဲ့သူ ၁၀ ဦးထက်မနည်းရှိနေပြီဖြစ်ကြောင်း မအူပင်မြို့နေထိုင်သူတွေဆီကနေ သိရပါတယ်။
0 Shares:
You May Also Like
Read More

ပခုက္ကူမြို့နယ်တွင် ရိက္ခာရှာန် ထွက်လာသည့် စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်၊ စစ်တပ်က ၂ ဦးသေဆုံး…

" တိုက်ပွဲကြာချိန်ကတော့နာရီဝက်လောက်ထိ ထိတွေ့မှုဖစ်ပါတယ်၊ထိခိုက်သေဆုံးမှုကတော့ကျွန်တော်တို့မျက်မြင်၂ရောက်ဖစ်ပါတယ်အခြာကဆက်လက်စုံစမ်းနေတုန်းပါ ၊ သူတို့ရိက္ခာပျက်သောက်တာကခန့်မှန်းခြေအရ၅ရက်လောက်ရှိပြီး " လို့ RED GIANTတပ်ဖွဲ့ ရဲ့ တာဝန်ရှိသူ ဒေါင်းနီက မောင်းသတင်းဌာနကို ပြောပါတယ် ။
Read More

ကန့်ဘလူတွင် စစ်ကြောင်းဝင်နေသည့် အကြမ်းဖက် စစ်အုပ်စု တိုက်နယ် ၃ခုကို လေယာဉ်ဖြင့် ဗုံးကြဲ၊ အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုက်နယ် ၃ ခုကို စစ်ကြောင်းထိုးဝင်ရောက်ပြီး လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ရာ အရပ်သား ၁ ယောက်သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ထိုင်း − မြန်မာနယ်စပ် ငါးရံ့နီစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ ငါးရံ့နီစခန်းက စစ်ကောင်စီတပ်သားတွေဟာ ဇွန်လ ၁၂ ရက်နေ့မှာ စခန်းကို စွန့်ခွာထွက်ပြေးသွားတယ်လို့ တပ်မဟာ (၄) မြိတ်−ထားဝယ်ခရိုင်အတွင်းရေးမှူးက မောင်းကို ပြောပါတယ်။
Read More

မန္တလေးတိုင်းတွင် ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်အုပ်စု၏ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၆၅ ဦး သေဆုံးခဲ့

မန္တလေးတိုင်းအတွင်း ၂၀၂၅ ခုနှစ် ပထမ ၆ လတာခန့်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အရပ်သားပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၆၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ (၅) ဦး ထိခိုက် ဒဏ်ရာရ၊ နေအိမ် (၁) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ကြေညာထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ (၅) ယောက် ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် (၁) လုံးနဲ့ ဘုန်းကြီးကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရစ်ချ်တာစကေး ၈ အထက် ခံနိုင်သည့် အဆောက်အအုံများ ဆောက်ကြဖို့ မင်းအောင်လှိုင် မှာကြား

အထပ်မြင့် အဆောက်အဦးတွေမှာ  ရစ်ချ်တာစကေး ၈ အထက် ခံနိုင်ရည်ရှိတဲ့ အဆောက်အအုံတွေ ဆောက်လုပ်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။