ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ အထိုင်ချ ဥကရစ်ထစခန်းအတွက် ကာကင်းလုပ်ထားတဲ့ ရွှေအေးမြိုင်ဘုရားကုန်းက အကြမ်းဖက်စစ်သားတွေ လက်နက်ချအညံ့ခံခဲ့တယ်လို့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲပြီး သိပ်မကြာခင်မှာပဲ ကာကင်းကုန်းစခန်းမှာရှိတဲ့ အရာရှိအပါအဝင် စစ်ကောင်စီတပ်သားတွေ လက်နက်ချခဲ့ကြတာလို့ သိရပါတယ်။
“အခု လက်နက်ချအညံ့ခံပြီး လာပူးပေါင်းတဲ့ ဥကရစ်ထစခန်း ကာကင်းကုန်းကို ဒရုန်းနဲ့ မကြာခဏ ဗုံးသွားကြဲချပြီး တိုက်ခိုက်နေတာ။ နိုဝင်ဘာလ ၂၈ရက်နေ့က အဲဒီ ကာကင်းကုန်းကို ဒရုန်း၂လုံးနဲ့ သွားကြဲပြီး မကြာခင်မှာ ကာကင်းကုန်းမှာရှိတဲ့စစ်တပ်အရာရှိနဲ့အတူ အခြားအဆင့်တွေပါ လက်နက်ချအညံ့ခံပြီး လာပူးပေါင်းတာ” လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကိုပြောပါတယ်။
ကာကင်းကုန်းစခန်းက စစ်သားတွေ လက်နက်ချအညံ့ခံပြီး သိပ်မကြာခင်မှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီး ပစ်ခတ်တာတွေ၊ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။
“အခုချိန်မှာက သူတို့အတွက် လွတ်မြောက်ရာလမ်းရှိသေးတယ်။ ဒီတော်လှန်ရေးက အပြီးသတ် အဆုံးသတ် တိုက်ပွဲပဲ။ ပြည်သူ့မေတ္တာစူးနေတဲ့ အကြမ်းဖက်စစ်တပ် အမြစ်ပြတ်ဖို့ပဲရှိတော့တာ။ အချိန်မီ ခုလိုမျိုး တော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းသွားမယ်ဆိုရင်တော့ သူတို့အတွက် လွတ်ရာလွတ်ကြောင်း အခွင့်ရေးတစ်ခုရမှာပေါ့။ ဒါမှမဟုတ် သူတို့အထက်က လူတစ်စုကို ကာကွယ်နေဦးမယ်ဆိုရင်တော့လည်း မတတ်နိုင်ဘူး” လို့အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုပါတယ်။
အာဏာသိမ်းပြီး ၃နှစ်ကျော်အတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်စခန်း ၁၃၈ ခုအထိ သိမ်းပိုက်ထားနိုင်ကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် (KPSN) က ထုတ်ပြန်ထားပါတယ်။
ပုံစာ – ဥကရစ်ထစခန်းရှေ့မှာ တွေ့ရတဲ့ စစ်ကောင်စီတပ်သားများ။ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

အသံတိတ်သပိတ် ပါဝင်ဆင်နွှဲနေသည့် မန္တလေး (ဓာတ်ပုံသတင်း)

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ မနက် ၁၀ နာရီကနေ ညနေ ၃နာရီအထိ အသံတိတ်သပိတ် ဆင်နွှဲနေကြတဲ့ မန္တလေးမြို့ မြင်ကွင်းတွေ ဖြစ်ပါတယ်။ မြို့ခံတွေ ပေးပို့လာတဲ့ မှတ်တမ်းဓာတ်ပုံတွေကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ကနေ ဖော်ပြထားပါတယ်။ ဓာတ်ပုံ - GSCB
Read More

ညောင်လေးပင်တွင် စစ်ကြောင်းထိုးနေသည့်စစ်တပ်နှင့် PDF ၂ရက်ဆက်ထိတွေ့မှုဖြစ်၊ စစ်ကောင်စီဘက်က အရာရှိအပါ ၄ဦးသေပြီး အများအပြားဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲရက်ဆက်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၄ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း Fire Dragon PDF (မီးနဂါးစစ်ကြောင်း) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

တာချီလိတ်တွင် ယာဥ်တိုက်မှုအပြီး မောင်းပြေးသည့်ကားကြောင့် သားအမိ ၂ ဦး သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများလည်း ရှိ

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ ဆိုင်ကယ်ကို ဝင်တိုက်ခိုက်ပြီးနောက် မောင်းနှင်ထွက်ပြေးတဲ့ကားက လမ်းထဲမှာရှိတဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို ထပ်မံ တိုက်မိတာကြောင့် လူထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

၁၀၂၇ စစ်ဆင်ရေးအတွင်း ပါဝင်တိုက်ပွဲဝင်ခဲ့သည့် MDY-PDF တပ်ဖွဲ့ထဲ စစ်ကောင်စီက သူလျှိုများ စေလွှတ်ကာ အသွင်ယူထောက်လှမ်းခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး (MDY-PDF) တပ်ဖွဲ့အတွင်း အကြမ်းဖက်စစ်ကောင်စီက အတွင်းလူ(သူလျှို၊ ဒလန်) တွေ စေလွှတ်ပြီး အသွင်ယူထောက်လှမ်းခဲ့တယ်လို့ MDY-PDF က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

လွိုင်လင်လေးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ကရင်နီတော်လှန်ရေးတပ်များ တိုက်ခိုက်ရာ စစ်သား (၁၀) ဦးကျော် သေဆုံး၊ ကရင်နီပြည်နယ်နှင့် ကရင်နီ-ရှမ်းအစပ် နေရာများတွင် စစ်အုပ်စု စစ်မျက်နှာ ၅ ခု ဖွင့်ကာ ထိုးစစ်ဆင်နေ

ကရင်နီပြည်နယ်၊ လွိုင်လင်လေးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ရာ စစ်သား (၁၀) ယောက်ကျော် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဆက်ကြေးကောက်မည့် ပျူများကို ကြားဖြတ်တိုက်ခိုက်၊ ၈ ဦးသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဝက်တိုး (တောင်)ရွာရှိ ပျူစောထီးတပ်ဖွဲ့ဝင်တွေ ဆက်ကြေးကောက်ဖို့ ထွက်လာချိန် တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ စိန်ဗေဒါတပ်ဖွဲ့ထံက သိရပါတယ်။