ရခိုင်ပြည်နယ်၊ အမ်းကို စစ်ကောင်စီက ကုန်းလမ်းကရော ဝေဟင်ကပါ စစ်ကူတွေပေးပို့နေပေမယ့် ကြားဖြတ်တိုက်ခိုက်ခံရမှုတွေကြောင့် စစ်ကူတွေ မရောက်ရှိတဲ့ အခြေအနေမျိုးစုံနဲ့ ကြုံတွေ့နေရကြောင်း CDM စစ်တပ်အရာရှိတွေ က ပြောပါတယ်။
“မကွေးလေတပ်စခန်းကနေ Mi-17 ၃စီး ၊ Mi-35 တစ်စီးနဲ့ ဝန်းရံပြီး စစ်ကူတွေပို့တယ်ပေါ့နော်။ ဘယ်လိုပဲပို့ပို့ မြေပြင်ရောက်တာနဲ့ အကုန်တိုက်ခံရတာပဲ “လို့ လေတပ်က CDM လုပ်လာသူ တပ်ကြပ်ကြီး နေဝင်းအောင်က Breaking Brainwashed အစီအစဉ်မှာ ထည့်သွင်းပြောကြားခဲ့တာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ရက်နေ့ကလည်း စစ်ကောင်စီရဲ့ အင်အား ၅၀၀ကျော်ပါတဲ့အဖွဲ့ကို AA က ကြားဖြတ်တိုက်ခိုက်ရာ အမ်း-ပဒါန်းအနီးမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ၆၀ကျော်လောက် သေဆုံးတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြလာပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ရက်က အမ်း-ပဒါန်းလမ်းပိုင်း ဂုတ်ကြီးအနီးမှာ စစ်ကောင်စီတပ်ကို PRA Magway က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အမ်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် မကျစေဖို့ စစ်ကောင်စီက စစ်ကူတွေပို့တာ ၅ကြိမ်ထက်မနည်းရှိပြီဖြစ်ပြီး ၄ကြိမ် ကြားဖြတ်တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သားတွေ ရခိုင်ရိုးမထဲမှာ ကစဉ့်ကလျား ထွက်ပြေးနေရတယ်လို့ CDM ဗိုလ်ကြီးတွေက ဆိုပါတယ်။
“တချို့ဆိုထွက်ပြေးနေရတယ်။ တချို့က လက်နက်ချပြီး အညံ့ခံလိုက်တယ်။ အမ်းကို စစ်ကူပို့လိုက်တိုင်း ရောက်တယ်ကို မရှိဘူး“လို့ CDM ဗိုလ်ကြီး ထက်မြက်က ဆိုပါတယ်။
ဒါကြောင့် အမ်းဒေသထံ စစ်ကူတွေ ရောက်ရှိဖို့ အခွင့်အရေးမရှိသလောက်နည်းပါးနေတဲ့အတွက် အမ်းအခြေစိုက် တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ လက်နက်ချ အညံ့ခံခြင်းကသာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့လည်း ဗိုလ်ကြီးထက်မြက်က တိုက်တွန်းပြောကြားပါတယ်။
ရခိုင်ပြည်က တပ်ရင်းတပ်မတွေရဲ့ ဌာနချုပ်တွေဖြစ်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ တောင်ကုတ် စကခ (၅ ) နဲ့ မောင်တော နခခ စတဲ့ ဌာနချုပ် ၃ခုလုံးဟာ အာရက္ခတပ်တော်ရဲ့ ပြင်းထန်တဲ့ ထိုးစစ်ဆင်ခြင်းကို ခံနေရတာ ဖြစ်ပါတယ်။
စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာလည်း ရာနဲ့ချီတဲ့ စစ်သားတွေ တိုက်ခိုက်ခံနေရပြီး စစ်ကောင်စီက အထက်လူကြီးတွေ အမ်းမှာ ကျဆုံးသွားတဲ့ စစ်သားတွေအတွက် တာဝန်ယူဖို့ တိုက်တွန်းပြောဆိုမှုတွေ ရှိနေပါတယ်။
အဲ့ဒီဌာနချုပ်တွေဟာ ဒေသအလိုက် အရေးပါတဲ့ ဗျူဟာကျတဲ့ ဌာနချုပ်တွေဖြစ်ပြီး ဌာနချုပ် တစ်ခုချင်းစီရဲ့ လက်အောက်မှာ တပ်ရင်း တပ်မ (၁၀) ခုထက်မနည်း ရှိနေတာ ဖြစ်ပါတယ်။
အဲ့ဒီ ဌာနချုပ် ၃ ခုဟာ ရခိုင်ပြည်နယ် အစွန်ဆုံးနဲ့ အလယ်ပိုင်းအထိ လွှမ်းခြုံထားနိုင်တဲ့ ဌာနချုပ်တွေဖြစ်တယ်လို့လည်း စစ်ရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။
0 Shares:
You May Also Like
Read More

ပန်းရံကျေးရွာ ပျူစောထီးစခန်းမှ ရွှေဘိုမြို့ပေါ် ရိက္ခာလာထုတ်သည့် ပျူစောထီးကားကို ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ကို ပန်းရံကျေးရွာ ပျူစောထီးစခန်းကနေ ရိက္ခာ လာထုတ်တဲ့ ပျူစောထီးကားကို ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီးတွေ ထိခိုက်မှုတွေ ရှိတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ပျူရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ရာ ၅ ယောက်သေပြီး စစ်ကြောင်းတစ်ခုလုံး ရွာထဲပြန်ပြေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်း ပျူစောထီးရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ လျှပ်စီးမုန်တိုင်းပြောက်ကျားတပ်ဖွဲ့ - ပလိုင်း ပကဖ က ထုတ်ပြန်ပါတယ်။
Read More

မြန်မာစာပေလောကမှ ထင်ရှားသူ ဆရာမောင်ခင်မင်(ဓနုဖြူ) ကွယ်လွန် 

မြန်မာ့စာပေလောကမှာ ထင်ရှားကျော်ကြားသူ အငြိမ်းစား မြန်မာစာပါမောက္ခ မောင်ခင်မင် (ဓနုဖြူ) ဟာ ဇန်နဝါရီ ၂၇ ရက် မနေ့ည ၁၂နာရီ ၃၀ မိနစ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
Read More

“Hope & Resilience” Photo Exhibition ဒုဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်…

နွေဦးတော်လှန်ရေး လေးနှစ်ပြည့်အဖြစ် ဖေဖော်ဝါရီလ ၁ ရက် ဒီနေ့မှာ "Hope & Resilience" လေးနှစ်တာကာလ မြန်မာ့ဒီမိုကရေစီခရီးလမ်း မှတ်တမ်းဓါတ်ပုံပြပွဲကို ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ Mulgrave community center မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ သေဒဏ်ချထားတဲ့ CDM ရေတပ်သား ကိုပြည့်စုံဦး အင်းစိန်ထောင်ထဲမှာပဲ ကွယ်လွန်

ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်မှာ သေဒဏ်ကျခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုပြည့်စုံဦးဟာ အကျဉ်းထောင်ထဲမှာပဲ ကွယ်လွန်သွားပြီဖြစ်ကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။
Read More

အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီက ရခိုင်ပြည်နယ်ကို စစ်ရေးတိုက်ခိုက်မှု ၄၀၀ ကျော် ပြုလုပ်ခဲ့

ဟန်ပြအပစ်ရပ် ကြေညာထားတဲ့ စစ်ကောင်စီက ရခိုင်ပြည်နယ်ကို စစ်ရေးတိုက်ခိုက်မှု ၄၀၀ ကျော်အထိပြုလုပ်ခဲ့တယ်လို့ ရခိုင်ပြည်နယ်ရဲ့ လူသားချင်းစာ နာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ပါတယ်။