ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် အကြမ်းဖက်စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) ရဲ့ အစိုးရရှေ့နေချုပ်က တရားသူကြီးတွေကို ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုလိုက်ပါတယ်။
အာဏာလုစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရိုဟင်ဂျာတွေကို အဓမ္မ နေရပ်စွန့်ခွာစေမှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုအတွက် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ စွပ်စွဲခံထားရပါတယ်။
မြန်မာစစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် မုဒိမ်းမှု၊ လူသတ်မှုနဲ့ နေအိမ်မီးရှို့ဖျက်ဆီးမှုတွေ ပါဝင်တဲ့ လူမျိုးတုံးသုတ်သင်ရေး လှုပ်ရှားမှုအတွင်း လူပေါင်း တစ်သန်းနီးပါးကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ထွက်ပြေးအောင် အတင်းအဓမ္မတွန်းပို့ခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတစ်ခုကို ရောက်နေတဲ့ ICC ရဲ့ ထိပ်တန်းအစိုးရရှေ့နေ Karim Khan က မြန်မာခေါင်းဆောင်တွေအတွက် မကြာမီ ဝရမ်းထပ်မံတောင်းခံဖို့ ရည်ရွယ်ထားကြောင်း ကြေညာချက်မှာ ဆိုထားပါတယ်။
“ဒီလိုလုပ်ဆောင်ရာမှာ ရိုဟင်ဂျာတွေကို မေ့မပစ်ဖို့ ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးနဲ့ အတူ ဆန္ဒထုတ်ဖော်ပြသသွားမှာပါ။ ကမ္ဘာတဝှမ်းက လူတွေအားလုံးလိုပဲ သူတို့ဟာ ဥပဒေရဲ့ အကာအကွယ်ကို ရပိုင်ခွင့်ရှိတယ်” လို့ သူက ပြောကြားခဲ့ပါတယ်။
ဒီလို မြန်မာနိုင်ငံရဲ့ ထိပ်တန်းအရာရှိတစ်ယောက်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားခြင်းဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ICC က ဆိုပါတယ်။
မင်းအောင်လှိုင်ကို ဖမ်းဆီးဖို့ လျှောက်လွှာတင်သွင်းချက်ထဲမှာ စာရွက်စာတမ်း အထောက်အထားတွေ၊သိပ္ပံနည်းကျ စစ်ဆေးအတည်ပြုထားတဲ့ သက်သေတွေ၊ လူပုဂ္ဂိုလ် ထွက်ဆိုချက်တွေ၊ ဓာတ်ပုံနဲ့ ဗီဒီယိုသက်သေတွေလည်း ပါဝင်တယ်လို့ ဆိုထားပါတယ်။
အာဏာရှင် စစ်ခေါင်းဆောင် မင်း​အောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်တရားရုံးကနေ ဖမ်းဝရမ်းထုတ်ဖို့ဆိုတာဟာ မြန်မာပြည်သူတွေ မျှော်လင့်နေကြတဲ့အရာလည်း ဖြစ်နေပြီး လပိုင်းအတွင်း ဝရမ်းထွက်လာနိုင်တယ်လို့ သိရပါတယ်။
News-AP
0 Shares:
You May Also Like
Read More

စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို အာဆီယံနှင့် အာရှအင်အားကြီးနိုင်ငံများ ကန့်ကွက်ဖို့ HRW အဖွဲ့ တောင်းဆို

အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့်  ရွေးကောက်ပွဲကို အာဆီယံနိုင်ငံတွေနဲ့ အာရှအင်အားကြီး နိုင်ငံတွေအနေနဲ့ လုံး၀ ကန့်ကွက်သင့်တယ်လို့  လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။ 
Read More

လူကုန်ကူးခံရတဲ့ တရုတ်မင်းသား ရွှေကုက္ကိုလ်မှာ ကတုံး တုံးခံရပြီး ငွေလိမ်ဖို့ လေ့ကျင့်ပေးခံရ ဟု ထွက်ဆို

မြန်မာနိုင်ငံ မြဝတီမြို့အနီး ရွှေကုက္ကိုလ်မြို့က ငွေလိမ်ဂိုဏ်းကို လူကုန်ကူးခံရပြီး ရောက်သွားတဲ့ တရုတ်နိုင်ငံသား သရုပ်ဆောင် Wang Xing ဟာ ရွှေကုက္ကိုလ်မြို့မှာ ကတုံးတုံးခံရပြီး ငွေလိမ်ဖို့ လေ့ကျင့်ပေးခံရတယ်လို့ ထွက်ဆိုကြောင်း ထိုင်းအခြေစိုက်သတင်းဌာနတွေက ဖော်ပြပါတယ်။
Read More

မင်းအောင်လှိုင်၏ ရုရှားခရီးစဉ် စတင်၊ မတ်လ ၄ ရက်နေ့တွင် ပူတင်နှင့် တွေ့ဆုံမည်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဒုတိယအကြိမ်မြောက် ရုရှားနိုင်ငံခရီးစဉ်အဖြစ် ဒီနေ့ မတ်လ ၃ ရက်မှာ နေပြည်တော်လေဆိပ်ကနေထွက်ခွါသွားပြီ ဖြစ်ပါတယ်။
Read More

ထိုင်းဝန်ကြီးချုပ် နှုတ်ထွက်ပေးဖို့ ဘန်ကောက်မှာ လူထောင်ချီ ဆန္ဒပြ

ဆန္ဒပြပွဲနဲ့ပတ်သက်လို့ ချင်းရိုင်ခရိုင်မှာ ရေကြီးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးနေတဲ့ ထိုင်းဝန်ကြီးချုပ်ကတော့ “ဒါက သူတို့ရဲ့ ဆန္ဒထုတ်ဖော်ခွင့်ဖြစ်တယ်၊ ဒီအပေါ် ကျွန်မအနေနဲ့ တုံ့ပြန်ဖို့ ဆန္ဒမရှိပါဘူး” လို့ ပြောဆိုပြီး ဆန္ဒပြသူတွေအနေနဲ့ ငြိမ်းချမ်းစွာ ဆွေးနွေးပြောဆိုဖို့ လမ်းဖွင့်ထားကြောင်း သူမက ဆက်ပြောပါတယ်။
Read More

ပေါက်ကြားသွားသည့် ဖုန်းပြောဆိုမှုကြောင့် ထိုင်းဝန်ကြီးချုပ်အား ရာထူးမှ နုတ်ထွက်ရန် ဆန္ဒပြ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ် ပဋိပက္ခအရေးနဲ့ ပတ်သက်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ လျှို့ဝှက်ဖုန်းပြောဆိုခဲ့တဲ့ အသံမှတ်တမ်း ပေါက်ကြားလာပြီးနောက် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ကို ရာထူးကနေ နုတ်ထွက်ပေးဖို့ ဆန္ဒပြနေတယ်လို့ ထိုင်းသတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။
Read More

မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်သည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နိုင်ရန် လောင်စာမီးထိုးပေးမည့် ခရီးစဉ်သာဖြစ်ကြောင်း JFM ထုတ်ပြန်

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်ဟာ စစ်ရာဇဝတ်မှုတွေကို ပိုမိုတိုးပွားလာစေဖို့ လောင်စာဖြစ်နိုင်ကြောင်း Justice For Myanmar က ဒီနေ့ မတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။