မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြီးနောက် မြေပြင်စစ်ကြောင်းထိုး ဝင်ရောက်စဉ်မှာ ပြည်သူ ၁ယောက်ကို အကြောင်းမဲ့ သတ်ဖြတ်သွားတယ်လို့ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ – YSO ထံက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်တွေက သဲတောရွာနဲ့ ဒေါင်းသွေးနီပြောက်ကျားတပ် YSO တပ်ဖွဲ့ စခန်းကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“ပေါင် ၅၀၀ ရော ၃၀၀ ရောနဲ့ ကြဲတာ ဆက်တိုက်ပါပဲ။ လေယာဉ်ဖြတ်သွားတယ် ကြဲချသွားတယ်။ ပြန်ကွေ့လာတယ် ထပ်ကြဲတယ်။ မိနစ်ပိုင်းလေးပဲ ခြားပါတယ်။” လို့ ဒေါင်းသွေးနီပြောင်ကျားတပ်ဖွဲ့ – YSO ပြန်ကြားရေးတာဝန်ခံ ကိုမျိုးက မောင်းကို ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် လူသေဆုံးမှုမရှိခဲ့ပေမယ့် ဒေသခံ ပြည်သူနေအိမ် ၃၀ကျော် ပျက်စီးကာ YSO တပ်ဖွဲ့ရဲ့ စခန်းအဆောက်အဦး ၄လုံး၊ စားနပ်ရိက္ခာ၊ မိုင်းနဲ့ ဆက်စပ်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်ပြီးနောက် တဆက်တည်းပဲမှာပဲ သဲတောရွာကို စစ်ကောင်စီတပ်သားတွေက အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာစဉ်မှာ စစ်ရှောင်ထွက်လာတဲ့ ကိုကျော်လင်းဆိုသူကို သတ်ဖြတ်ကာ စခန်းတောင်ဘက် မီတာ ၅၀၀ ခန့်က လမ်းဘေးသရက်ခြံမှာ မြေမြှုပ်ထားခဲ့တယ်လို့ သိရပါတယ်။
“အဲ့ဒါပြီးတော့ နောက် ၃ရက်လောက်ကို သဲတော၊ ဇီးတော၊ ကျောက်ထပ် ရွာတွေမှာ တပ်စွဲထားတာ။ ဒီရွာတွေက ရွာချင်းကပ်ရပ်တွေဆိုတော့ မဝေးဘူးလေ။ ကျေးရွာတွေထဲ တပ်စွဲပြီး ကျောက်လှေခါးဂိတ်စခန်းကို တပ်ဆုတ်ခွာသွားပါတယ်။” လို့ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးက ပြောခဲ့ပါတယ်။
ဒါဟာ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ – YSO ရဲ့စခန်း ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခံရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ပုံစာ – စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုအပြီး မြင်ကွင်းတချို့
0 Shares:
You May Also Like
Read More

မာနယ်ပလောကို KNLA ၊ KNDO ဦးဆောင်မှုနဲ့ ပူးပေါင်းတပ်တွေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Federal Wings တရားဝင်ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်နေရာဟောင်းရှိရာ မာနယ်ပလောစခန်းကို KNLA ၊ KNDO ဦးဆောင်မှုနဲ့ ပူးပေါင်းတပ်တွေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

ရေဘေးကြောင့် ဆုံးရှုံးမှုတွေ ကြီးမားမယ်လို့ မမျှော်လင့်ခဲ့ကြောင်း မင်းအောင်လှိုင် ပြော၊ သန်းခေါင်စာရင်းကောက်ဖို့ ရေဘေးသင့်ပြည်သူတွေကို နေရပ်အမြန်ပြန်ပို့ဖို့ စစ်ခေါင်းဆောင် ညွှန်ကြား

ရာဂိမုန်တိုင်းရဲ့ အရှိန်ကြောင့် နိုင်ငံတစ်ဝန်း ပျက်စီးဆုံးရှုံးမှုတွေ ကြီးမားသွားလိမ့်မယ်လို့ မမျှော်လင့်ထားကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်မှာ စက်တင်ဘာ ၁၇ ရက်ကလုပ်တဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာအစည်းအဝေးမှာ အခုလို ပြောကြားလိုက်တာပါ။
Read More

နန်းစောင်းပုရွာသစ်တွင် စစ်ကော်မရှင်အဖွဲ့ဝင်နှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါ (၇) ဦး ဖမ်းဆီးရမိဟု PDF အမှတ် ၁ စစ်ဒေသ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်ကို ထိုးစစ်စင်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း (၇) ယောက် ဖမ်းဆီးရမိပြီး အလောင်း (၄) လောင်းနဲ့ လက်နက် (၅) လက် သိမ်းဆည်းရမိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် အစပ်မှာရှိတဲ့ ဗေဒါဂိတ်စခန်းနဲ့ ဒေါင်းချောင်းဂိတ်ကို AA သိမ်းပိုက်

ရခိုင်ပြည်နယ်၊ ဂွမြို့နဲ့ ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ ရိုးမကားလမ်းပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့အရေးပါတဲ့ ဒေါင်းချောင်းဂိတ်စခန်းနဲ့​ ဗေဒါဂိတ်စခန်းတို့ကို ရခိုင့်တပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

TNLA ရဲ့ အုပ်ချုပ်ရေးသင်တန်းကျောင်း (Administrative School) အပတ်စဥ် (၂) သင်တန်းဆင်းပွဲ အခမ်းအနား…

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ စိုးမိုးနယ်မြေတစ်နေရာမှာ TNLA ရဲ့ အထွေထွေအုပ်ချုပ်ရေးဌာနက ဦးစီးဖွင့်လှစ်ထားတဲ့ အုပ်ချုပ်ရေးသင်တန်းကျောင်း (Administrative School) အပတ်စဥ် (၂) သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၃၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (SSLRU) ရဲ့ အပတ်စဉ် (၃) တိုက်ခိုက်ရေးတန်းမြှင့် စစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (SSLRU) က ကြီးမှူးကျင်းပတဲ့ အပတ်စဉ် (၃) တိုက်ခိုက်ရေးတန်းမြှင့် စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ကရင်နီဒေသတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။