ဖာပွန်မြို့နယ်၊ မထောစခန်းကနေ ထွက်ပြေးလာတဲ့ စစ်တပ်စစ်ကြောင်းကို လိုက်လံတိုက်ခိုက်မှုမှာ စစ်သား ၁၀ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိမိခဲ့ကြောင်း KNU တပ်မဟာ ၅၊ မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။
KNLA ရဲ့ ထိုးစစ်ကြောင့် စစ်ကောင်စီစစ်သားတွေဟာ တပ်စခန်းရှိရာ ကစယ်သဲ ဖလယ် (တောင်းသုံးလုံး)နဲ့ ထွီသီးအူ(ခွေးသေ)ကို တပ်ဆုတ်ထွက်ပြေးချိန် ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတာပါ။
အဲ့ဒ္တပ်သားတွေဟာ နိုဝင်ဘာလ ၂၂ ရက်နေ့ ကဖာပွန်မြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ စကခ ၈ လက်အောက် ခံ ခမရ ၄၀၄ ၊ ၄၀၇ နဲ့ ၄၀၈ တပ်ရင်းတွေကနေ ဆုတ်ခွါလာတာ ဖြစ်ပါတယ်။
ဖြတ်တောက်တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီ တပ်သား ၁၀ ယောက် သေဆုံးပြီး အယောက် ၂၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီထံက တိုက်ပွဲအတွင်း RPG-7 အမျိုးအစား သေနတ် ၁ လက်၊ သူ့ကျည်ဖူး ၃၈ လုံး၊ ၈၁ မမ လက်နက်ကြီး ၁ လက်၊ သူ့ကျည်ဖူး ၆ လုံး၊ MA-1 အမျိုးအစား သေနတ် ၉ လက်၊ MA-2 သေနတ် ၄ လက်၊ MA-3 သေနတ် ၄ လက်၊ MA-4 သေနတ် ၂ လက်၊ ငါးမြီးစက်လက် ၁ လက်၊ ၆၀ မမ ပြောင်းရှည် ၂ လက်၊ ၆၀ မမ ပြောင်းတို ၂ လက်၊ ရှေ့ထွက်မြေမြှုပ်မိုင်း ၃ လုံး၊ ၆၀ မမ ကျည် ၁၂၃ လုံး၊ G-3 ကျည် ၆၀၀၀ တောင့်၊ ဟွန်ဒါမီးစက် ၁ လုံး၊ ခွင်းဗုံး ၅၃ လုံး၊ ဆက်သွယ်ရေးစကားပြောစက်ကြီးတစ်လုံးနဲ့ စားသုံး ဆီ ၂ ပုလင်းတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

ဂန့်​ဂေါတွင် ​​ခလရ ၅၀ ဗျူဟာမှူး လှမျိုးထွဋ်နှင့်အပေါင်းအပါများ စစ်ကြောင်းထိုး၊ လူဖမ်း၊ ရိက္ခာခိုးနေ

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ ခလရ ၅၀တပ်က ကျေးရွာတွေထဲ စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားတွေကို အကြောင်းမဲ့ ဖမ်းဆီးနေသလို စားနပ်ရိက္ခာတွေကိုလည်း ကားတွေနဲ့ ခိုးယူသယ်ဆောင်နေကြောင်း ယောအလင်းတန်းအဖွဲ့တာဝန်ရှိသူတွေက မောင်းကို ပြောပါတယ်။
Read More

အာရှလမ်းပိုင်းအချို့မှာ အကြမ်းဖက်စစ်တပ် မြေပြင်စစ်ရေး မလှုပ်ရှားနိုင်ဘဲ မိုင်းထောင်တာနဲ့ ဒရုန်းဗုံးကြဲတာသာ လုပ်ဆောင်နေ

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှု ပြုလုပ်ရာ နေရာတွေကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် အကြမ်းဖက်စစ်တပ်က မိုင်းထောင်တာတွေ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ သိရပါတယ်။
Read More

ထိုင်းမှာ အလုပ်လုပ်ရင်း ပြန်ပို့ခံရပြီး စစ်မှုထမ်းစုဆောင်းခံရသူ ၂ ယောက် လက်နက်ကိုယ်စီနဲ့ အလင်းဝင်၊ စစ်ကောင်စီတပ်ကို ပြန်တိုက်မယ် ဟု ဆို

ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ရင်း မြန်မာပြည်ကို ဖမ်းဆီးပြန်ပို့ခံရကာ စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံခဲ့ရသူ ၂ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး ဒေါနတပ်ရင်းထံ အလင်းဝင်ရောက်လာကြောင်း တပ်ရင်းမှူး ကိုရန်နိုင်က မောင်းကို ပြောပါတယ်။
Read More

မင်းကွန်းဒေသရှိ ငလျင်ဘေးသင့်စစ်ရှောင်ပြည်သူများကို အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ တစ်နပ်စာ ထမင်းအာဟာရဒါနပြုခဲ့…

အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ဦးဆောင်ပြီး နှစ်ဆန်းတရက်နေ့က မင်းကွန်းဒေသရှိ ငလျင်ဘေးသင့်စစ်ရှောင်ပြည်သူတွေအတွက် တစ်နပ်စာထမင်းအာဟာရအလှူ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီဟာ ကျားဖြန့်နဲ့ ငွေလိမ်ဂိုဏ်းတွေကို အဓိက ကူညီအားပေးနေလို့ နိုင်ငံတကာက တိုက်ရိုက်အရေးယူပေးဖို့ Justice For Myanmar က တောင်းဆို

စစ်ကောင်စီဟာ ဒေသတွင်းမှာ အားကောင်းလာတဲ့ ဆိုင်ဘာငွေလိမ်ကျားဖြန့်လုပ်ငန်းတွေနဲ့ လူကုန်ကူးမှုများကို အဓိက အားပေးကူညီနေတဲ့သူတွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်လိုက်ပါတယ်။
Read More

မစ်ရှင်လုပ်ဖို့ သွားသည့် PDF များနှင့် စစ်အုပ်စု လှည့်ကင်းကားများ ထိတွေ့ပစ်ခတ်မှုဖြစ်၊ ကားပေါ်ပါလာသည့် အကြမ်းဖက်စစ်သား ၂ ဦး သေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မစ်ရှင်လုပ်ဆောင်ဖို့သွားတဲ့ တော်လှန်ရေးတပ်နဲ့ စစ်အုပ်စု ကင်းပတ်ကားတွေ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဘက်က ၂ ယောက် သေဆုံးပြီး တော်လှန်ရေးတပ်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် (၄) တပ်ရင်းထံက သိရပါတယ်။