တအာင်းတပ်မတော် TNLA ရဲ့ တပ်မဟာ (၃) နယ်မြေ တစ်နေရာမှာ TNLA အမျိုးသမီးစစ်သည်တော် ကော်မတီတွေက နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
အခမ်းအနား ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက် ပပျောက်ရေးနေ့ကို သိရှိစေဖို့ ၊ ပြည်သူတွေ နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖမ်းမှု ပပျောက်ရေးနေ့ လုပ်ငန်းစဥ်တွေကို သိရှိစေဖို့နဲ့ ဝိုင်းဝန်းကူညီစောင့်ရှောက်စေဖို့ ၊ အမျိုးသမီးအရေးမးတွေ ပူးပေါင်းပါဝင် ဆောင်ရွက်စေဖို့နဲ့ တအာင်းဒေသအတွင်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်စေဖို့တို့ဖြစ်တယ်လို့ TNLA က ဆိုပါတယ်။
နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနားတွေကို PSLF/TNLA အမျိုးသမီးစစ်သည်တော် ကော်မတီတွေက ဦးဆောင်ကျင်းပပြုလုပ်ရာမှာ ဒေသခံတိုင်းရင်းသားတွေ ဖြစ်တဲ့ လီဆူ၊ ကချင်၊ ရှမ်း၊ တအာင်းလူမျိုးအပါအဝင် စုစုပေါင်း လူဦးရေ (၂၀၀) ကျော် တက်ရောက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ခြေဆေးရွာကို စစ်တပ် လေယာဉ်ဗုံးကြဲလို့ အမျိုးသမီး ၁ ယောက်သေဆုံးပြီး ကိုယ်ဝန်ဆောင်သည်အပါအဝင် ၂ယောက်စိုးရိမ်ရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နဲ့နွားထိုးကြီး အစပ်က ခြေဆေးကျေးရွာကို စစ်ကောင်စီက လေယာဥ်၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ရွာခံအမျိုးသမီး ၁ယောက်သေဆုံးကာ ကိုယ်ဝန်ဆောင်သည်အပါအဝင် အမျိုးသမီး​၂ယောက် စိုးရိမ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီလက်အောက်တွင် တပ်/ဌာနတွင်း အမာခံသတင်းပေး (PreCDM) အဖြစ် အမျိုးသမီးဝန်ထမ်း များစွာရှိနေ

အကြမ်းဖက်စစ်ကောင်စီလက်အောက်ရှိ စစ်တပ်၊ ရဲနှင့် ဝန်ကြီးဌာနအသီးသီးမှာ အမျိုးသမီး တပ်/ဌာနတွင်း အမာခံသတင်းပေး(PreCDM) နဲ့ PreCDM အရေး ကူညီပေးနေသူ တပ်/ဌာနမိသားစုဝင် အမျိုးသမီးများစွာ ရှိပြီး လေးစားဂုဏ်ယူကြောင်း ပြည်သူ့ရင်ခွင်က ဒီနေ့ ထု​တ်ပြန်ကြေညာပါတယ်။
Read More

ဆားလင်းကြီးမြို့နယ်တွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် ကျေးရွာ ၂၀ ကျော်မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် ကျေးရွာ ၂၀ ကျော်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ် ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဦးဇင်း(၁) ပါး ပျံလွန်၊ ထိခိုက်မှုတွေလည်းရှိကာ အပြစ်မဲ့ ပြည်သူ (၃) ယောက် ဖမ်းဆီးခံရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဦးဇင်း(၁) ပါး ပျံလွန်ကာ (၁) ပါးနဲ့ ပြည်သူ (၁) ယောက် ထိခိုက်ခဲ့ပြီး အပြစ်မဲ့ ပြည်သူ (၃) ယောက် ဖမ်းဆီးခံထားရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU(ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

စစ်တိုင်းမှူး အပြောင်းအလဲလုပ်အပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်ကို ဒု-စစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိလာ… ဧရာဝတီကို AA ဝင်လာရင် အစွမ်းကုန်တုံ့ပြန်ဖို့အတွက် ပြင်ဆင်ထားရန် ညွှန်ကြားဟုဆို

အကြမ်းဖက်စစ်ခေါင်းဆောင် မင်အောင်လှိုင်က စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေကို ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း အပြောင်းအလဲ ပြုလုပ်ခဲ့အပြီး၊ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းဟာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ နတခ တိုင်းစစ်ဌာနချုပ်ကို ဒီဇင်ဘာလ ၂၇ ရက် မနေ့က ရောက်ရှိလာခဲ့တယ်လို့ နတခ တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

စလင်းတွင် စစ်ကြောင်းထိုး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲများဖြစ်ပွားနေ

" မေလ ၁၃ ရက်နေ့ကစလို့ အခုအထိ လေကြောင်း ၂ ရက်ဆက်တိုက် ပစ်ခတ်ခံရတယ်။ စလင်း-ချောက် တောင်ဘက်ခြမ်းကနေ မြောက်ဘက်ခြမ်းထိ စစ်ကြောင်းထိုးနေတာပါ။ အင်အား ၃၀၀ ဝန်းကျင်ရှိတယ်။ ဒီနေ့နဲ့ဆို တိုက်ပွဲက ၁၂ ရက်ကြာ တောက်လျှောက်တိုက်ပွဲဖြစ်နေတာပါ" လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ) တာဝန်ရှိသူ ၁ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။