တော်လှန်ရေးအင်အားစုတွေဟာ တရုတ်ကို မှီခိုမှုမကင်းနိုင်တာတွေ ရှိတာကြောင့် တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှု မခံရအောင် အခြားရွေးချယ်စရာ စဥ်းစားချက်တွေ ထားရှိဖို့ အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နဲ့ နိုင်ငံရေးအရရော စစ်ရေးအရပါ တိုက်ရိုက် ချိတ်ဆက်မှု အားနည်းတဲ့ အင်အားစုတွေမှာ ထင်မှတ်မထားတဲ့ စစ်ရေးနဲ့ နိုင်ငံရေးဖိအားတွေဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးသဘောထား ရလဒ်က ထွက်လာတဲ့ ဖိအားတွေဖြစ်ပြီး ဒါတွေကို လျစ်လျှူရှုလို့ မရဘူးလို့ ယာယီသမ္မတက ဆိုပါတယ်။
“တော်လှန်ရေးအင်အားစုတွေကို အကြမ်းဖျင်း ကြည့်လိုက်ရင် စစ်ရေးအရနဲ့ နိုင်ငံရေးအရ China Dependency ရှိနေတယ်ဆိုတာလည်း တွေ့ရတယ်။ ဒါက အရင်ကလည်း ရှိတယ်။ အခုလည်း ရှိတယ်။ အဲဒါက အကြမ်းဖက်စစ်ကောင်စီအနေနဲ့လည်း ကြီးကြီးမားမား ရှိနေတာ တွေ့ရတယ်။ ဒါက လက်တွေ့ဖြစ်ပါတယ်။ ဒါကို ကျနော်တို့က ငြင်းပယ်လို့ မရသလို လျစ်လျှူရှုပစ်လိုက်လို့လည်း မရပါဘူး။ ကျနော်တို့အနေနဲ့ရော … မဟာဗျူဟာ စဉ်းစားချက်တွေ ရွေးချယ်တဲ့အခါ – China Dependency ကနေ အလွှမ်းမိုးမခံရအောင် ဘယ်လို alternative စဉ်းစားချက်တွေ ရှိထားမလဲဆိုတာ အင်မတန် အရေးကြီးတယ်လို့ ထင်ပါတယ်။ နွေဦးတော်လှန်ရေးဟာ – လွတ်လပ်ပြီးခေတ်နောက်ပိုင်း အကြီးကျယ်ဆုံးသော လူထုတော်လှန်ရေးဖြစ်တာကြောင့်၊ ယခင်တုန်းက လုပ်ရိုးလုပ်စဉ်တွေအတိုင်း သွားလို့တော့ မရတော့ဘူးလို့ ယူဆပါတယ်။ ကျနော်တို့ဟာ ဖောက်ထွက်စဉ်းစားရမယ်၊ လက်တွေ့ကျကျလည်း စဉ်းစားရမယ်။ ပြီးတော့ လူထုကို အထိမနာအောင် ဘေးထွက်ဆိုးကျိုးတွေကိုလည်း သေချာတွက်ချက် စဉ်းစားဖို့ လိုတယ်လို့ ပြောချင်ပါတယ်။ ” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။
ဒါ့အပြင် ယာယီသမ္မတက NUG အစိုးရဟာ အဝေးရောက်အစိုးရ ဖြစ်လို့ မရသလို နိုင်ငံတကာအသိုင်းအဝိုင်းအတွက် အချိန်ယူသင့်သလောက် ယူပြီးချိန်မှာ အစိုးရအဖွဲ့ဝင်တွေအားလုံး ပြည်တွင်းမှာ အင်အားလာစုဖို့ တိုက်တွန်းထားပါတယ်။
“အခုဆိုရင် တော်လှန်ရေးဟာ (၄) နှစ်ပြည့်လာတော့မှာဖြစ်ပါတယ်။ အခြေအနေ ပေးထားချက်တွေထဲကနေ အလုပ်ဖြစ်အောင် ကျရာကဏ္ဍကနေ ကိုယ်စီ ပါဝင် ထမ်းရွက်ကြတဲ့ ကျနော်တို့ အစိုးရအဖွဲ့ဝင်အားလုံးကို ကျနော် လေးစားဦးညွှတ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ သတိချပ်ဖို့ လိုတာက အင်အားဆိုတာက ပြည်တွင်းမှာ အခြေစိုက်ရပါတယ်။ ကျနော်တို့ NUG အစိုးရက “အဝေးရောက်အစိုးရ” ဖြစ်လို့ မရပါဘူး။ လက်တွေ့ကျကျ မြေပြင်မှာ အင်အားတည်ဆောက်ရမှာ ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ လေးလေးနက်နက် တိုက်တွန်းချင်တာကတော့ – ကျနော်တို့ အစိုးရအဖွဲ့ဝင်တွေအားလုံး – အင်အားတွေကို ပြည်တွင်းမှာ လာစုကြဖို့ လက်တွေ့ကျကျ လုံ့လထုတ်စေချင်ပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းအတွက် အချိန်ယူသင့်သလောက် ယူပြီးပြီလို့လည်း ပြောနိုင်သလို၊ အချိန်ပေးသင့်တာထက် ပိုပြီး ပေးခဲ့ပြီးပြီလို့လည်း ပြောနိုင်ပါတယ်။ ” လို့ ယာယီသမ္မတက ပြောဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

ကလေးတောင်ပိုင်း ကြံသာရွာမှ တော်လှန်ရေးတပ်များ ပြန်ဆုတ်ထား

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ကြံသာရွာကို စစ်အုပ်စု အင်အားအလွန်အကျွံသုံး စစ်ကြောင်းထိုးနေမှုကြောင့် တော်လှန်ရေးတပ်တွေ ဆုတ်ထားပေးရတာ မှန်ကန်ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၅) မှ ရဲဘော် ၁ ဦး အကြမ်းဖက်စစ်ကြောင်းကို ခုခံတိုက်ခိုက်ရင်း ကျဆုံး

ကရင်နီအမျိုးသားကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် (၅) မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်ထူးနေခလေး ဟာ အကြမ်းဖက်စစ်ကြောင်းကို ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မြိုင်မှာ စစ်ကောင်စီတပ်ကို တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်၊ ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ကို တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ရာ ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင် ပကဖ) က သတင်းထုတ်ပြန်ပါတယ်။
Read More

အောင်လံမြို့ပေါ် ရပ်ကွက်တချို့တွင် ရွေးကောက်ပွဲအတု ထောက်ခံကြောင်းပြသရန် စစ်အုပ်စု အလံများလွှင့်တင်ခိုင်းထား

မကွေးတိုင်း၊ အောင်လံမြို့ပေါ် ရပ်ကွက်တချို့မှာ အကြမ်းဖက်စစ်အုပ်စုက ရွေးကောက်ပွဲအတုကို ထောက်ခံတဲ့သဘောနဲ့ အိမ်တိုင်း မဖြစ်မနေ အလံလွှင့်တင်ထားရမယ်ဆိုပြီး အရပ်သားတွေကို ခြိမ်းခြောက်ပြောဆိုထားကြောင်း အောင်လံလူထုအဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စစ်အုပ်စု အထိုင်ချနေရာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ အထိနာသည့်စစ်တပ် လူအင်အား ဖြည့်တင်းကာ ရွာများကို စီးနင်းမီးရှို့

စစ်ကိုင်းတိုင်း၊ မြင်းမှုမြို့နယ်မှာ ဘုန်းကြီးကျောင်းဝန်းထဲ တပ်စွဲနေတဲ့ စစ်အုပ်စုတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကော်မရှင်က အနီးအနားကျေးရွာတွေထဲ စစ်ကြောင်းဝင် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Aung Tha Pyay Nyi Naung (Local PDF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။