မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး – မကဒတ (ကျောင်းသားတပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်မြောက် အထိမ်းအမှတ်အဖြစ် တပ်ဦးနဲ့ တပ်မတော်ရဲ့ လုပ်ငန်းစဉ်တွေ ရှင်းလင်းတင်ပြခြင်းနဲ့ စစ်မြေပြင် တပ်ဖွဲ့ဝင်တွေရဲ့ အခက်အခဲတွေ ဝိုင်းဝန်းဖြေရှင်းနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုတွေကို နိုဝင်ဘာ ၂၃ ရက်နဲ့ ၂၄ ရက်တွေမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၃ ရက်က တွေ့ဆုံဆွေးနွေးပွဲကို အမေရိကန်ပြည်ထောင်စု၊ ကနေဒါ နဲ့ ဥရောပနိုင်ငံတွေက မကဒတ မှာ တာဝန်ထမ်းဆောင်ခဲ့သူတွေနဲ့ မကဒတ ကို ကူညီထောက်ပံ့သူတွေ တက်ရောက်ခဲ့ပြီး နိုဝင်ဘာ ၂၄ ရက် တွေ့ဆုံဆွေးနွေးပွဲကိုတော့ ဂျပန်၊ ဩစတြေးလျ၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံတို့က မကဒတ မှာ တာဝန်ထမ်းဆောင်ခဲ့သူတွေနဲ့ မကဒတ ကို ကူညီထောက်ပံ့သူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲ့ဒီဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် တို့ တက်ရောက် အမှတ်တရစကား ပြောကြားခဲ့သလို အနုပညာရှင်တွေဖြစ်တဲ့ မွန်းအောင်နဲ့ ချမ်းချမ်း တို့ကလည်း တေးသီချင်းတွေနဲ့ အမှတ်တရ သီဆိုဖျော်ဖြေခဲ့ပါသေးတယ်။
တွေ့ဆုံဆွေးနွေးမှု နှစ်ခုစလုံးမှာ ပါဝင် တက်ရောက်သူတွေက မကဒတ (ကျောင်းသားတပ်မတော်) ရဲ့ ရှေ့လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် ရံပုံငွေတွေ ထည့်ဝင်ကူညီခဲ့ရာ စုစုပေါင်းကျပ် သိန်း ၁,၀၀၀ ရရှိခဲ့တယ်လို့ ABSDF က ဆိုပါတယ်။
ကျောင်းသားတပ်မတော်ရဲ့ တပ်ဦးနဲ့ တပ်မတော် ရှေ့လုပ်ငန်းစဉ်တွေ ပိုမိုထိရောက်စွာ အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံတကာရောက် မကဒတ(ကျောင်းသားတပ်မတော်)မှာ တာဝန်ထမ်းဆောင်ခဲ့သူတွေ၊ တပ်ဦးနဲ့ တပ်မတော်ကို အားပေးကူညီသူတွေနဲ့ တွေ့ဆုံပွဲတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ ABSDF က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မြောင်းမြထောင်တွင် အာဏာပိုင်များ ငွေကြေးတောင်းခံခြင်းနှင့် အကြမ်းဖက် ရိုက်နှက်မှုများ လုပ်ဆောင်နေ

ဧရာဝတီတိုင်း၊ မြောင်းမြအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေကို အိပ်ဆောင်အတွင်း အကြောင်းပြချက်မရှိ ငွေကြေးတောင်းယူကာ အခန်းလူကြီးတွေကို ခွဲခြမ်းပေးခြင်းဖြင့် အနိုင်ကျင့်မှုတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
Read More

တောင်ဒဂုံတွင် မဘသအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းအတွက် လူငယ် ၁၀ ဦးကို ဖမ်းဆီးကာ စစ်သင်တန်းကျောင်း ပို့

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ စစ်အုပ်စုလက်ပါးစေ ၅၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး သီဟမျိုးနိုင်နဲ့ အပေါင်းအပါတွေက စစ်မှုထမ်းအတွက် လူငယ် ၁၀ ယောက်ထက်မနည်းကို အိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဖားကန့်ကို အဓိကသွားလာသည့် လမ်းမကြီး ၂ခုကို စစ်ကောင်စီ ပိတ်ဆို့ထားတာကြောင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်ကာ ဒေသခံများ အခက်တွေ့နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အဓိကသွားလာတဲ့ လမ်းမကြီး ၂ခုကို စစ်ကောင်စီက ပိတ်ဆို့ထားမှုကြောင့် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်လာကာ ဒေသခံတွေ အခက်တွေ့နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

MDY PDF ပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် မတ္တရာနှင့် ပုသိမ်ကြီးရှိ ကျေးရွာများအား စစ်အုပ်စု လေကြောင်းရော လက်နက်ကြီးပါအဆက်မပြတ်တိုက်ခိုက်နေ

မန္တလေးတိုင်း၊ မတ္တရာနဲ့ ပုသိမ်ကြီးမြို့နယ်မှာ စစ်စခန်းတွေ လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီက ကျေးရွာတွေဆီ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေကြောင်း Voice Of Mandalay အဖွဲ့ထံက သိရပါတယ်။
Read More

ဆေးသင်တန်းသား/သူ ၁၈ ဦးသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အတွက် ပြစ်ဒဏ်စီရင်ချမှတ်ပြီးကြောင်း KNDF ထုတ်ပြန်

ကရင်နီမှာ ဆေးသင်တန်းသား/သူ တွေ လေ့ကျင့်ရေးပြုလုပ်စဉ်မှာ ရေဘေးကြောင့် ၁၈ယောက် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အပေါ်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကနေ အပြစ်ရှိသူတွေကို ပြစ်ဒဏ်ချမှတ်ပြီးကြောင်းကို ဒီနေ့ ဒီဇင်ဘာလ ၅ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။ 
Read More

လူထုထောက်ခံမှု မရှိသည့် ပါတီများနှင့် စစ်ကောင်စီ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေ ဟု NUG ပြော

လာမယ့် နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြွေးကြော်ထားတဲ့ စစ်ကောင်စီဟာ လူထုထောက်ခံမှု မရှိတဲ့ ပါတီတွေနဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။