တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်မှာ ဒီကနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့” အထိမ်းအမှတ်အနေနဲ့ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်) ကနေ ဦးဆောင်ပြီး “နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှု” ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးမှာ နှစ်ပေါင်းများစွာကတည်းက အမျိုးသမီးတွေကို ဖိနှိပ် ခွဲခြားဆက်ဆံမှုတွေရှိခဲ့ပြီး အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကလည်း ပတ်ဝန်းကျင်ရဲ့ အကာအကွယ်ပေးမှုမဲ့တာတွေ၊ လစ်လျူရှုခံရတာတွေကို ခံစားနေကြရတာပါ။
အလားတူ မြန်မာနိုင်ငံမှာလည်း ၂၀၂၁၊ ဖေဖော်ဝါရီ လမှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးတွေကို အကြမ်းဖက်မှု ကျူးလွန်တာတွေ များသထက်များလာနေတာပါ။
ဒါကြောင့် အမျိုးသမီးတွေဟာ လူသားအားလုံးရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးမှန်သမျှကို လုံးဝခွဲခြားခံရခြင်းမရှိဘဲ တတန်းတည်းရပိုင်ခွင့်ရှိသလို မည်သူတဦးတယောက်ကမျှ အကြမ်းဖက်မှု ကျူးလွန်ပိုင်ခွင့် လုံးဝမရှိတဲ့ လူတန်းစားတရပ်ဖြစ်ကြောင်းကို ဆန္ဒထုတ်ဖော်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Rosy Women’s Union – Dawei
0 Shares:
You May Also Like
Read More

ကမ္ဘာကြီးက မျက်ကွယ်ပြုထားပေမယ့် မြန်မာပြည်သူများ အနိုင်မရမချင်း ရပ်တန့်မှာမဟုတ်ကြောင်း ကိုထိန်းလင်းပြော၊ အမေဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် အကြိမ်ကြိမ်တောင်းဆိုနေပေမယ့် စစ်တပ် ဘာမှမတုံ့ပြန်

အာဏာသိမ်းစစ်တပ်က မြန်မာပြည်သူတွေကို ရက်ရက်စက်စက် ဗုံးကြဲသတ်နေသလို ပြည်သူတွေရဲ့ အသံကို ပိတ်ပင်ဖို့ ကြိုးစားနေကြောင်း၊ ဒါတွေကို ကမ္ဘာကြီးက မျက်ကွယ်ပြုနေပေမယ့် မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမှာ အနိုင်မရမချင်း ရပ်တန့်မှာမဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် ဒီနေ့ ပြောပါတယ်။
Read More

မုံရွာ နမခမှ စစ်ကောင်စီတပ်သား ၃ ဦး မုံရွာ ပကဖ ဆီ လက်နက်မဲ့ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က စစ်ကောင်စီတပ်သား ၃ ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောင်မှုတွေကို ကန့်ကွက်ခဲ့တာကြောင့် လျှပ်စီမီး မလုံလောက်ခြင်းလို့ မင်းအောင်လှိုင်က ဆို 

ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ ကန့်ကွက်ခံရမှုကြောင့် လက်ရှိအချိန်မှာ လျှပ်စစ်မီး ရရှိဖို့ အခက်အခဲကြုံနေရတာဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

နတ်မောက်မြို့နယ်တွင် တောတဲတိုက်ကို စစ်အုပ်စုက စက်တပ်လေထီးနဲ့ လာရောက်ပစ်ခတ်၊ ဖခင်ဖြစ်သူ ဒဏ်ရာရပြီး (၁၄) နှစ်အရွယ် သမီးဖြစ်သူသေဆုံး…

“တဲဘေးက ငရုပ်ခင်းလေးမှာ သမီးဖြစ်သူက ပေါင်းပေါက်နေတာ၊ ဖအေဖြစ်သူကဆေးဖြန်းနေတယ်၊ အဲ့မှာကြဲလိုက်တော့ သမီးဖြစ်သူကို အရင်ထိသွားတယ်၊ ဖအေဖြစ်သူက သွားတော့ နောက်တစ်လုံးထပ်ကြဲတာ၊ ဖအေဖြစ်သူကိုပါ ထိတာ၊ သမီးဖြစ်သူက ဆုံးသွားတယ်၊ ဖအေဖြစ်သူကဒဏ်ရာရသွားတယ်” လို့ နတ်မောက်ဒေသခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ကျောက်မဲမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်….

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၂) ထဲကို အကြမ်းဖက် စစ်တပ်က လေကြောင်းနဲ့ ပေါင်(၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
Read More

ရသေ့တောင်နယ်ကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံ ၅ ယောက်သေ၊ ၄ ယောက်ဒဏ်ရာရ

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အတွက် ဒေသခံ ၅ ယောက်သေဆုံးပြီး ၄ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံတွေဆီက သိရပါတယ်။ နိုဝင်ဘာ ၁၅ ရက် ဒီနေ့ မနက် ၉ နာရီခွဲလောက်မှာ စစ်ကော်မရှင်တပ်က ဘထလေကျေးရွာထဲကို ပေါင် ၅၀၀ ဗုံးသီး ၂ လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၃ ယောက်သေဆုံးပြီး၊ ၄ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရတာပါ။