ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ပင်လုံရင်ပြင်ကဗိုလ်ချုပ်ကြေးရုပ် ရှေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသီချင်းဖြစ်တဲ့ “အလိုမရှိ” သီချင်းကို ဘလူးတုဘောက်နဲ့ ဖွင့်လှစ်ခဲ့ပြီး စစ်အဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ်ကိုပြုလုပ်ခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းအသံဖိုင်ကိုပါဖွင့်ခဲ့ပြီးပင်လုံရင်ပြင်ကို ငါတို့ပြန်လာပြီဆိုတဲ့ လှုပ်ရှားမှုကို ရန်ကုန်မြို့မှာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။