မြန်မာ့အရေး ငြိမ်းချမ်းရေးရရှိဖို့ တွေ့ဆုံဆွေးနွေးရေးနဲ့ အားလုံးအကျုံးဝင်ပါဝင်ရေးတို့ လိုအပ်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က နိုဝင်ဘာ ၂၄ ရက်မှာ ပြောလိုက်ပါတယ်။
တနင်္ဂနွေနေ့က ပြုလုပ်တဲ့ စစ်ဘေးသင့်နိုင်ငံတွေအတွက် ဆုတောင်းပွဲပြုလုပ်ပေးစဉ် ပုပ်ရဟန်းမင်းကြီးက အခုလို မေတ္တာရပ်ခံခဲ့တာဖြစ်ကြောင်း Vatican News က ဖော်ပြပါတယ်။
“မနက်ဖြန်ဆိုရင် မြန်မာနိုင်ငံ လွတ်လပ်ရေးလမ်းစကို လျှောက်လှမ်းခဲ့တဲ့ ပထမဆုံး ကျောင်းသားဆန္ဒပြပွဲကို အောက်မေ့တဲ့အနေနဲ့ အမျိုးသားနေ့ကို ကျင်းပမှာပါ။ နိုင်ငံအနေနဲ့ ငြိမ်းချမ်းပြီး ဒီမိုကရေစီခေတ်ကို ဖော်ဆောင်နိုင်မယ့် အလားအလာနဲ့ပတ်သက်လို့ ဒီကနေ့အထိ ရုန်းကန်နေရဆဲဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
“မြန်မာပြည်သူတရပ်လုံး အထူးသဖြင့် လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ခံစားနေရတဲ့ မြန်မာပြည်သူတွေ အားလုံးကို စာနာမိပါတယ်။ အထူးသဖြင့် ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ဖျားနာသူတွေ၊ ရိုဟင်ဂျာတွေ အပါအဝင် ဒုက္ခသည်တွေ စတဲ့ အထိခိုက်အလွယ်ဆုံးသူတွေကို စာနာမိပါတယ်” လို့ သူက ဆိုပါတယ်။
မြန်မာ့အရေး “ပါဝင်ပတ်သက်သူအားလုံးအား စစ်ရေးထက် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို အာမခံနိုင်တဲ့ စိတ်ရင်းမှန်မှန်နဲ့ အားလုံးအကျုံးဝင်ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို စတင်ဖို့ ကျွန်ုပ်အနေနဲ့ လေးလေးနက်နက် မေတ္တာရပ်ခံအပ်ပါတယ်” လို့လည်း ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။
တဆက်တည်းမှာပဲ ယူကရိန်း၊ ပါလက်စတိုင်း၊ အစ္စရေး၊ လက်ဘနွန်နဲ့ ဆူဒန်နိုင်ငံတွေမှာ ငြိမ်းချမ်းရေးရဖို့ လူတိုင်းဆက်ပြီး ဆုတောင်းပေးသွားဖို့ သူက တောင်းဆိုခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

မြန်မာမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အပါအဝင် သဘောတူညီမှုအချို့ မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာ လက်မှတ်ထိုး

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အတွင်းမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အပါအဝင် သဘောတူညီချက် (၁၀) ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြလာပါတယ်။
Read More

မြန်မာပြည်က လိမ်လည်လုပ်ငန်းတစ်ခုမှာ ပိတ်မိနေတဲ့ ဟောင်ကောင်နိုင်ငံသားတစ်ဦးကို ဒေါ်လာ ၃၀,၀၀၀ ဖြင့် ပြန်ရွေးခဲ့ရ

မြန်မာနိုင်ငံက လိမ်လည်လုပ်ငန်းတစ်ခုကနေ ဟောင်ကောင်နိုင်ငံသားတစ်ယောက် ဘေးကင်းစွာ အိမ်ပြန်နိုင်ခဲ့ပြီး အသက်ပြန်လျက် ပြန်လာနိုင်စေရေးအတွက် မိသားစုက ပြန်ပေးငွေများစွာ ပေးခဲ့ရကြောင်း သူတို့ကို ကူညီခဲ့တဲ့ ခရိုင်ကောင်စီဝင်ဟောင်းတစ်ယောက်က ပြောဆိုခဲ့တယ်လို့ South China Morning Post က ရေးထားပါတယ်။ 
Read More

တရုတ်လုပ်ငန်းရှင်က မြန်မာလုပ်သားတွေကို လုပ်ခလစာမပေးလို့ ထိုင်းမှာ ဆန္ဒပြ

တရုတ်လုပ်ငန်းရှင်တွေပိုင်ဆိုင်တဲ့ ထိုင်းနိုင်ငံ ပရာချင်ဘူရီ ခရိုင်ထဲက ရိုဂျာနာစက်မှုဇုန်မှာ မြန်မာအလုပ်သမား ၇၀၀ လောက် လုပ်ခလစာမရလို့ ဆန္ဒပြခဲ့ကြောင်း ထိုင်းအခြေစိုက် မီဒီယာတချို့မှာ ဖော်ပြလာပါတယ်။
Read More

စစ်ကောင်စီအတွက် လေယာဉ်တွေရောင်းနေတဲ့ AVIC နဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ Airbus ကို ရပ်တန့်စေဖို့ ဥရောပနိုင်ငံတချို့ အကျိုးအမြတ်တွေကြောင့် မျက်ကွယ်ပြုနေ

ဥရောပနိုင်ငံကြီး (၃) နိုင်ငံက ရှယ်ယာပါဝင်ထားတဲ့ Airbus ရဲ့ ပြင်သစ်၊ စပိန်နဲ့ ဂျာမနီနိုင်ငံတို့ဟာ စစ်ကောင်စီကို ထောက်ပံ့နေတဲ့ တရုတ်ပိုင် AVIC  လုပ်ငန်းစုနဲ့ လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေမှုကို အကြိမ်ကြိမ် ကန့်ကွက်နေတဲ့ကြားထဲက လုပ်ဆောင်နေမှုဟာ မေးခွန်းထုတ်စရာ ဖြစ်တယ်လို့  Justice For Myanmar နဲ့ Info Birmanie တို့ကပူးတွဲထုတ်ပြန်လိုက်ပါတယ်။
Read More

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေး စစ်အုပ်စုကို ဖိအားပေးရန် နိုင်ငံတကာကို NUG တိုက်တွန်း

ကမ္ဘာ့အသိုင်းအဝန်းအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်ရေး အကြမ်းဖက်စစ်အုပ်စုကို ဖိအားပေးဆောင်ရွက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့မှာ တိုက်တွန်းထုတ်ပြန်ပါတယ်။
Read More

ဘန်ကောက်မြို့ အဆောက်အဦး ပြိုကျမှုတွင် မြန်မာလုပ်သားများ အပါအဝင် ၄၃ ဦး ပျောက်ဆုံးနေ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Bang Sue ဒေသမှာ ဒီနေ့ (မတ် ၂၈) နေ့လယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ဆောက်လက်စ အဆောက်အဦး ပြိုကျသွားခဲ့ပါတယ်။