ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်က ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းငယ်နှစ်ခုကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) က ဝင်ရောက်တိုက်ခိုက်ပြီး SSPP တပ်ဖွဲ့ဝင် ၈ ယောက်နဲ့ ဒေသခံ ၁ ယောက်ကို ဖမ်းဆီးသွားကာ ဒေသခံ ၁ ယောက်ကို ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ SSPP က ဒီနေ့ ထုတ်ပြန်ပါတယ်။
SSPP တပ်စခန်းငယ် ၂ ခုနဲ့ ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူ နေအိမ်တစ်လုံးကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့ အင်အား ၁၀၀ ကျော်က စစ်ကြောင်းသုံးကြောင်းခွဲကာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ SSPP က ဆိုပါတယ်။
RCSS တပ်ဖွဲ့ဟာ ဒေသခံပြည်သူတစ်ယောက်အပါအဝင် SSPP တပ်ဖွဲဝင်(၈) ယောက် ဖမ်းဆီး ခေါ်ဆောင်သွားပြီး ကျေးရွာ ‌ကော်မတီဝင်တစ်ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့သလို နေအိမ်အတွင်းရှိ ပစ္စည်းများ မွှေနှောက်ယူဆောင်ကာ နေအိမ်ပါ မီးရှိူ့ဖျက်ဆီးခဲ့တယ်လို့ SSPP က ထုတ်ပြန်ပါတယ်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၅ ရက် ဒီနေ့မနက် ၅ နာရီခွဲအချိန်မှာ RCSS စစ်ကြောင်းနှစ်ကြောင်းက မိုင်းကိုင်မြို့နယ်၊ တုံလောကျေးရွာအုပ်စု၊ ပန်ပွဲ ကျေးရွာအနီးရှိ SSPP တပ်စခန်းငယ်နှစ်ခုကို ဝင်ရောက်တိုက်ခိုက်ပြီး SSPP တပ်သား(၄)ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး၊ စခန်းသုံး မော်တောဆိုင်ကယ်(၄) စီးနဲ့ ကားတစ်စီး အပါအဝင် စခန်းတွေကိုလည်း မီးရှိူ့ဖျက်ဆီးခဲ့တယ်လို့ SSPP က ဆိုပါတယ်။
ကျန်တဲ့ RCSS စစ်ကြောင်းတစ်ကြောင်းက ပန်ပွဲကျေးရွာက ရွာကော်မတီဝင်တစ်ယောက် နေအိမ်ကို လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်တိုက်ခိုက်ပြီး နေအိမ်အတွင်းရှိ အဖိုးတန် ရွှေငွေပစ္စည်းတွေကို မွှေနှောက်ယူဆောင်ကာ အိမ်ရှင်ဖြစ်သူကို လူသားမဆန်စွာ ပစ်ခတ်သတ်ဖြတ်ပြီး နေအိမ်ကို မီးရှိူ့ဖျက်ဆီးသွားတယ်လို့ SSPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
အဲ့ဒီနောက် ပန်ပွဲကျေးရွာအတွင်းရှိ SSPP တပ်ဖွဲ့ဝင် (၄) ယောက်နဲ့ ဒေသခံပြည်သူ (၁) ယောက်ကို RCSS က ထပ်မံ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ကျေးရွာအနောက်ဖက်ရှိ ဒေသခံပြည်သူတစ်ယောက်ရဲ့ ကုန်စုံဆိုင်ကို RCSS တပ်ဖွဲ့ဝင်တွေက ဝင်ရောက်မွှေနှောက် ဖျက်ဆီးကာ ဆိုင်အတွင်းရှိ စားသောက်ဖွယ်ရာကုန်ပစ္စည်းတွေနဲ့ ရွှေငွေတွေကိုလည်း ယူဆောင်သွားတယ်လို့ ဆိုပါတယ်၊
ရှမ်းတပ်နှစ်ဖွဲ့ ပေါင်းစည်းနိုင်ရေးအတွက် SSPP က နှစ်ဖက်တိုက်ပွဲတွေ မဖြစ်ပွားအောင် ထိန်းသိမ်းခဲ့တာကို RCSS တပ်ဖွဲ့က အခွင့်ကောင်းအဖြစ် အသုံးချကာ အခုလို SSPP တပ်စခန်းတွေ၊ တပ်ဖွဲ့ ဝင်တွေနဲ့ ဒေသခံပြည်သူတွေ တိုက်ခိုက် သတ်ဖြတ် ဖမ်းဆီးခဲ့တယ်လို့ SSPP က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

အရာတော်တွင် ရိက္ခာသယ်လာသည့် ပျူစောထီးများအား တော်လှန်ရေးတပ်များ ပစ်ခတ်ဖမ်းဆီး၊ ဆန်ဆီ ရိက္ခာများနှင့်အတူ ပျူ ၈ ဦးအား အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ရိက္ခာသယ်ထွက်လာတဲ့ ပျူစောထီးတွေကို တိုက်ခိုက်ရာ ၈ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ရိက္ခာပစ္စည်းတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ Ngwe Dwin Revolution Force တပ်ခွဲမှူး ကိုစစ်နိုင်က မောင်းကိုပြောပါတယ်။ ဒီဇင်ဘာလ ၉ရက် ဒီမနက်မှာ အရာတော်မြို့နယ်၊ ငွေတွင်းပျူစောထီးရွာကနေ ညောင်ဒူးလေးရွာဘက် ထွက်လာတဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
Read More

ငလျင်လှုပ်ခတ်စဉ် ငွေသားလုံခြုံရေးအကြောင်းပြကာ တံခါးပိတ်ခဲ့တဲ့ ပျော်ဘွယ် KBZ ဘဏ်မှာ သေဆုံးသူ ၂၀ အထိရှိခဲ့

ငလျင်ကြောင့် ဆိုးရွားစွာ ပြိုကျခဲ့တဲ့ ပျော်ဘွယ်က KBZ ဘဏ်အဆောက်အအုံအတွင်း သေဆုံးသူ ၂၀ အထိရှိခဲ့တယ်လို့ပျော်ဘွယ်မီးသတ်က ဧပြီ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

သိမ်းပိုက်ထားသည့် မြို့များ စစ်ကောင်စီကို ပြန်ပေးရန် အစီအစဥ်မရှိ၊ စစ်အာဏာရှင်အမြစ်ဖြတ်ရေး NUG အပါ မဟာမိတ်များနှင့် ဆက်လက်လက်တွဲမည်

အကြမ်းဖက်စစ်အုပ်စုက မြို့တွေကို ပြန်ပေးဖို့ တောင်းဆိုထားတာကို သဘောမတူနိုင်သေးသလို စစ်အာဏာရှင်အမြစ်ပြတ်ရေး ရပ်တည်ချက်အတိုင်း ဆက်လက်ရှိနေမယ်လို့ တအာင်းတပ်မတော် TNLA က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
Read More

စစ်တပ်၏ တရားမဝင် ရွေးကောက်ပွဲကို မယုံကြည်သူ ၉၈ ရာခိုင်နှုန်းရှိဟု စစ်တမ်းကောက်ယူမှုအရ သိရ 

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် အတုအယောင်‌ ရွေးကောက်ပွဲကို မယုံကြည်တဲ့သူဟာ ၉၈ ရာခိုင်နှုန်းရှိတယ်လို့ ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်း (Platform for People Movement) ကနေ ကောက်ယူထားတဲ့ စစ်တမ်းတွေအရ သိရပါတယ်။ 
Read More

ဆားတောင်မြို့ ရဲစခန်းနဲ့ စာသင်ကျောင်းက စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲ၊ ၁ ဦးသေပြီး ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ ရဲစခန်းနဲ့ စာသင်ကျောင်းက အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက် သေဆုံးခဲ့တယ်လို့ Royal Falcon Guerilla Force (Sadaung Falcon) က ထုတ်ပြန်ထားပါတယ်။
Read More

အတုအယောင် ရွေးကောက်ပွဲတွင် ယှဥ်ပြိုင်မည့် ရွေးကောက်ခံကိုယ်စားလှယ်များ လုံခြုံစွာ မဲဆွယ်စည်းရုံးနိုင်ရေးအတွက် အလေးပေးဆောင်ရွက်ဖို့ မင်းအောင်လှိုင် ပြောဆို…

" ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမယ့် ရွေးကောက်ပွဲဟာ သိက္ခာရှိတဲ့ ရွေးကောက်ပွဲ၊ လွတ်လပ်၍တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ရပါမယ်။ လွှတ်တော်ဟာလည်း သိက္ခာရှိတဲ့လွှတ်တော်ဖြစ်ရပါမယ်"လို့ အာဏာထိန်းတယ်ဆိုပြီး အာဏာလုထားတဲ့ အကြမ်းဖက်မင်းအောင်လှိုင်က ပြောပါတယ်။