ထားဝယ်ခရိုင်ရှိ PDFနဲ့ ပကဖ တပ်ဖွဲ့ ၆ခုပူးပေါင်းပြီး ခရိုင်တပ်ပေါင်းစုဖွဲ့စည်းလိုက်ပြီလို့ အသိပေးထုတ်ပြန်ပါတယ်။
ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်း ၊ အမှတ်(၂)တပ်ရင်းနှင့် ထားဝယ်မြို့နယ် ၊ သရက်ချောင်းမြို့နယ် ၊ လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ်များရှိ မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များပူးပေါင်းလိုက်ခြင်းဖြစ်ပါတယ်။
ထားဝယ်ခရိုင် တပ်ပေါင်းစုကို အောက်တိုဘာ ၂၈ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး တရား၀င်ကြေညာမှုကို မနေ့က နို၀င်ဘာ ၂၄ရက်မှာထုတ်ပြန်ပါတယ်။
အဆိုပါ အဖွဲ့တွေအားလုံးဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေဝန်ကြီးဌာန(MOD)၏ ညွှန်ကြားမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် အဖြစ် စစ်ရေးတွေလှုပ်ရှားသွားမှာလည်းဖြစ်ပါတယ်။
ထားဝယ်ခရိုင်အတွင်းမှာ MODရဲ့ လက်အောက်ခံ PDFတပ်ရင်း (၂)ရင်းနှင့် မြို့နယ် ပကဖတပ်ဖွဲ့ လေးဖွဲ့ရှိရာ အဆိုပါ တပ်ဖွဲ့များအားလုံး စုပေါင်းလိုက်ခြင်း ဖြစ်ပါတယ်။
