မန္တလေးတိုင်းထဲက တိုက်ပွဲအခြေအနေတွေကြောင့် မတ္တရာ-စဉ့်ကူး-သပိတ်ကျင်းလမ်းပိုင်း သွားလာခွင့်ကို ယာယီကန့်သတ်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ကနေ သတင်းထုတ်ပြန်လာပါတယ်။
အဲ့ဒီလမ်းပိုင်းသွားလာမှု ကန့်သတ်ချက်ကို လာမယ့် နိုဝင်ဘာလ ၂၆ ရက်ကနေ စတင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဟာ ၁၀၂၇ ဒုတိယအပိုင်းအတွင်းမှာ စဉ့်ကူးမြို့၊ သပိတ်ကျင်းမြို့တို့ကို သိမ်းပိုက်ကာ ထိန်းချုပ်ထားတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေက ၎င်းတို့ လက်လွတ်လိုက်ရတဲ့ အဆိုပါ မြို့တွေကို ပြန်လည်ရရှိရေးအတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်ကတည်းက စစ်ကြောင်းထိုး တိုက်စစ်ဆင်နေတာ ဖြစ်ပါတယ်။
“မတ္တရာနဲ့ မန်းလေးနဲ့ ထိစပ်နေတဲ့ မြစ်အရှေ့ဘက်ခြမ်းနေရာတွေမှာ စစ်တပ်က စစ်ကြောင်းထိုးနေတာရှိပါတယ်။ လက်ရှိကတော့ အရမ်းကို ရုပ်ထွေးနေတဲ့ အနေအထားပါ။ သူဝင်လာရင် ကိုယ်ဆုတ်… ကိုယ်ဝင်လာရင် သူဆုတ်ဆိုတဲ့ အနေအထားမျိုးတော့ ဖြစ်နေပါတယ်။” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေက ဘတ်တံဆိပ်မျိုးစုံနဲ့ ပူးပေါင်းစစ်ကြောင်းတွေဖြစ်ပြီး လေကြောင်းအားကောင်းတဲ့ နေရာတချို့ကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေကနေ လက်လွတ်လိုက်ရတာတွေ ရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ ပြန်လည်ထိုးစစ်ဆင်မှုမှာ မြေပြင်အင်အား ၂၀၀ကျော်နဲ့ လေကြောင်းပစ်ကူမှုတွေအပြင် ရေတပ်ကနေပါ စစ်သင်္ဘော ၂ စီးနဲ့ ပစ်ကူမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဥပုသ်နေ့တွင် ဘုရားနားကို စစ်ကော်မရှင်တပ် ဗုံးကြဲ၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရ

မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဥပုသ်နေ့မှာ စစ်ကိုင်းတိုင်းထဲက မြင်းမူမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ တော်လှန်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်မှာ စစ်တပ်ဂိတ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့သည့် ဖြူးပကဖ ကျဆုံးရဲဘော် ရဲ့ စျာပနကို ပဲခူးတိုင်း ပကဖ စစ်ရေးတာဝန်ခံ သွားရောက် ဦးညွှတ်ဂုဏ်ပြု

ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က စစ်ကောင်စီဂိတ်စခန်းကို သွားရောက်တိုက်ခိုက်ချိန် ကျဆုံးခဲ့တဲ့ ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ရဲဘော်ရဲ့ စျာပနကို ပဲခူးတိုင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ စစ်ရေးတာဝန်ခံ သွားရောက်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

မြပုလဲ စစ်ကောင်စီအထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ စစ်တပ်က လက်နက်ကြီးပစ်သည့် အရာရှိအပါ ၂ ဦး သေပြီး ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်က မုံရွာ-မန္တလေးလမ်းမကြီးပေါ်ရှိ မြပုလဲ စစ်ကောင်စီအထိုင်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ လက်နက်ကြီးပစ်တဲ့ အရာရှိအပါအဝင် ၂ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - CHU PDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ရေတာရှည်တွင် စစ်ရေးတင်းမားနေပြီး စစ်အုပ်စု နေ့စဥ်ဗုံးကြဲ၊ နေပြည်တော် PDF တပ်ရင်း (၉၀၁) မှ ရဲဘော်လျှပ်စီး တိုက်ပွဲအတွင်း ကျဆုံး

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ PDF တပ်ရင်းတွေ ထိတွေ့တိုက်ပွဲ နေ့စဥ်ဖြစ်ပွားနေပြီး စစ်အုပ်စုက လေကြောင်းအဆက်မပြတ် အသုံးပြုနေတယ်လို့ နေပြည်တော်စစ်တိုင်းဌာန တာဝန်ရှိသူ ဇင်ယော်က မောင်းကို ပြောပါတယ်။
Read More

SSRY တပ်ခွဲ ၃ – Zarmani Force က ရဲဘော် ၁ ယောက် ကရင်နီပြည် ရှေ့တန်းတစ်နေရာမှာ ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၈ တပ်ရင်း - Southern Shan Revolution Youth (SSRY)၊ တပ်ခွဲ ၃ - Zarmani Force က ရဲဘော် ၁ ယောက် ကရင်နီပြည် ရှေ့တန်းတစ်နေရာမှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

အာဏာသိမ်းစစ်အုပ်စု၏ ရွေးကောက်ပွဲမှာ ထောက်ပံ့ကူညီမှုများ မလုပ်ဆောင်ကြဖို့ ချင်းပြည်သူများကို ICNCC သတိပေး

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ မပါဝင်ဘဲ ထောက်ပံ့ကူညီခြင်းတွေလည်း မလုပ်ဆောင်ဖို့ ချင်းပြည်သူတွေကို ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC က သတိပေး ပြောဆိုလိုက်ပါတယ်။