မွန်ပြည်နယ်၊ ပေါင်မြို့နယ်က လူငယ် ၂ဝ ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က အသိပေးထုတ်ပြန်ပါတယ်။
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း က ပေါင်မြို့နယ်မှာ စစ်မှုထမ်းဖို့ စုဆောင်းခံရခြင်းနဲ့ပတ်သတ်ပြီး နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။
ပေါင်မြို့နယ်၊ ဇင်ယော်ကျေးရွာက လူငယ် အယောက် ၂ဝ ကို နိုဝင်ဘာ ၁၉ ရက်နေ့ ည ၁ဝ နာရီကျော်လောက်မှာ စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။
မွန်ပြည်နယ်က မြို့နယ်တချို့မှာ အခုရက်ပိုင်းအတွင်း စစ်မှုထမ်းဖို့ စစ်သားစုဆောင်းမှုတွေ များပြားလာတယ်လို့ လည်း ဆိုပါတယ်။
နိုင်ငံတဝန်းက စစ်သင်တန်းကျောင်း ၂၃ ကျောင်းမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း အမှတ်စဥ် (၁) ကနေ (၅) အထိ စစ်သားစုဆောင်းခံရသူပေါင်း နှစ်သောင်းကျော် (၂၁,၀၀၀ ထက်မနည်း) ရှိနေကြောင်း ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ကိုးပင်-သာဂရလမ်းပိုင်းတွင် ဂိတ်အချိန်းအပြောင်းလုပ်သည့် စစ်သားများ မိုင်းဆွဲခံရ၊ ဗိုလ်ကြီးအပါ ၈ ဦး သေပြီး ၁၁ ဦး ဒဏ်ရာပြင်းထန်

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က ကိုးပင်-သာဂရလမ်းပိုင်းမှာ ဂိတ်အချိန်းအပြောင်းလုပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စောင့်ကြိုမိုင်းဆွဲခံရပြီး ဗိုလ်ကြီးအဆင့်ရှိအပါ ၈ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ ၁၁ယောက်အထိရှိခဲ့ကြောင်း ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပြည်သူကို မဲထည့်ရန် ဖိအားပေးနေသည့် စစ်ကော်မရှင်တပ်သားများ ပစ်ခတ်ခံရပြီး ၁၀ ဦး သေဆုံး၊ မဲရုံများကိုလည်းကာကွယ်ရေးတပ်ဖွဲ့ ဖျက်ဆီးခဲ့

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ ပြည်သူတွေကို မဲထည့်ဖို့ ဖိအားပေးနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေ သွားရောက်ပစ်ခတ်တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာနရဲ့ တိုင်းကွပ်ကဲ ရေးမှူးထံက သိရပါတယ်။
Read More

ငါ့သရောက်တွင် စစ်အုပ်စုနှင့် တိုက်ပွဲဖြစ်နေချိန် အရပ်သားများ ရောနှောသွားသဖြင့် တော်လှန်ရေးတပ်များ ပြန်ဆုတ်ခဲ့

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်ခွဲမှာ ရဲစခန်းက ထွက်လာတဲ့ စစ်အုပ်စုကို စောင့်ကြိုတိုက်ခိုက်​ရင်း တိုက်ပွဲအတွင်း အရပ်သားတွေ ရောနှောလာတာကြောင့် အရပ်သားထိခိုက်မှုမရှိရအောင် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း မန်းဘခိုင် ပုဂံညောင်ဦးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။
Read More

ဖြူးမြို့နယ်က စစ်ကောင်စီတပ်စွဲထားရာနေရာတွေကို ဒရုန်းနဲ့ တိုက်ခိုက်ရာ ၆ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းနဲ့ ရွာမဘုန်းကြီးကျောင်းတွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၆ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

နိုင်ငံတကာပါလီမန်များ ညီလာခံမှာ မြန်မာ့အရေးကို ထည့်သွင်းတင်ပြနိုင်ခဲ့

ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ ပါလီမန်များညီလာခံမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ အဆိုကို တင်သွင်းနိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီရဲ့လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့က ပြည်သူနေအိမ် အများအပြား ပျက်စီးဆုံးရှုံး

ရှမ်းပြည်နယ်၊ တအာင်းပြည် တပ်မဟာ (၂) နယ်မြေ၊ နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ် အများအပြား ပျက်စီးရှုံးဆုံးနေတယ်လို့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က သတင်းထုတ်ပြန်လာပါတယ်။