မွန်ပြည်နယ်၊ ပေါင်မြို့နယ်က လူငယ် ၂ဝ ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က အသိပေးထုတ်ပြန်ပါတယ်။
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း က ပေါင်မြို့နယ်မှာ စစ်မှုထမ်းဖို့ စုဆောင်းခံရခြင်းနဲ့ပတ်သတ်ပြီး နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။
ပေါင်မြို့နယ်၊ ဇင်ယော်ကျေးရွာက လူငယ် အယောက် ၂ဝ ကို နိုဝင်ဘာ ၁၉ ရက်နေ့ ည ၁ဝ နာရီကျော်လောက်မှာ စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။
မွန်ပြည်နယ်က မြို့နယ်တချို့မှာ အခုရက်ပိုင်းအတွင်း စစ်မှုထမ်းဖို့ စစ်သားစုဆောင်းမှုတွေ များပြားလာတယ်လို့ လည်း ဆိုပါတယ်။
နိုင်ငံတဝန်းက စစ်သင်တန်းကျောင်း ၂၃ ကျောင်းမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း အမှတ်စဥ် (၁) ကနေ (၅) အထိ စစ်သားစုဆောင်းခံရသူပေါင်း နှစ်သောင်းကျော် (၂၁,၀၀၀ ထက်မနည်း) ရှိနေကြောင်း ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က ထုတ်ပြန်ထားပါတယ်။
