ကချင်ပြည်နယ် ကန်ပိုက်တီမြို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်စဉ် တရုတ်နိုင်ငံသို့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို အာဏာပိုင်တွေက နိုဝင်ဘာ ၂၃ ရက် မနေ့ညပိုင်းက မူဆယ်မြို့ နယ်ဂိတ်ကနေ စစ်ကောင်စီတပ်ထံ ပြန်လည်လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။
အရေအတွက် ၃၀၀ ကျော်ရှိပြီး နိုဝင်ဘာ ၂၀ ရက်က ကန်ပိုက်တီမြို့ကို KIA နဲ့ တော်လှန်ရေးတပ်တွေက သိမ်းပိုက်စဉ် နယ်စပ်ဂိတ်ကနေ ထွက်ပြေးသွားကြတာ ဖြစ်ပါတယ်။
Video-KSSM