ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ် အတွင်း ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ မာထော စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်မဟာ (၅) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စကခ (၈) လက်အောက်ခံ ခမရ-၄၀၇၊ ခမရ-၄၀၈ နဲ့ ခမရ-၄၀၄ တပ်တွေ ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ မာထောတပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A)တပ်မဟာ (၅) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာလ (၂၂) ရက် မနက်ပိုင်းမှာ အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုတွေနဲ့ သိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်း စာရင်းအပြည့် အစုံကိုတော့ ဆက်လက်ထုတ်ပြန်သွားမယ်လို့ KNU က ဆိုပါတယ်။
ဓာတ်ပုံ − အကြမ်းဖက်စစ်ကောင်စီတပ် မာထောစခန်းကနေ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ…
0 Shares:
You May Also Like
Read More

အထူးတိုင်းစစ်ဌာနမှ ပကဖ စစ်ကြောင်း ၃ ခုအား လက်နက်တပ်ဆင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနဟာ တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးကွပ်ကဲမှုကို ခံယူကာ စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်နေတဲ့ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ မွန်ပြည်နယ် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းနဲ့ ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းတို့ကို ဒီနေ့မှာ လက်နက်တပ်ဆင်ပေးခဲ့ကြောင်း အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။
Read More

ရေတာရှည်မှာ စစ်ကောင်စီက ကျေးရွာများကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ (၄) ယောက် ဒဏ်ရာရ၊ ထန်းတစ်ပင်မှာ စစ်ကောင်စီတပ်က စစ်ရှောင်ပြည်သူ (၁)ယောက်ကို အကြောင်းမဲ့ ရှင်းလင်းခဲ့

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ ထန်းတစ်ပင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ (၄) ယောက် ဒဏ်ရာရပြီး ထန်းတစ်ပင်မြို့နယ်မှာတော့ စစ်ရှောင်ပြည်သူ ၁ ယောက်ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၂)စစ်ဒေသခွဲ၊ တောင်ပိုင်းစစ်ဒေသက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရေဘေးနဲ့ စစ်ဘေးရှောင်ဒေသတွေကို ကူညီမယ့် ကျားပေါက်ရဲ့ပန်းချီကား USD 10,000 နဲ့ လေလံအောင်မြင်

ပြည်ပကို ရောက်ရှိနေတဲ့ တော်လှန်အနုပညာရှင် ကျားပေါက်(ဟန်ထူးလွင်)ရဲ့ ပန်းချီကား ကို။ USD 10,000 နဲ့ လေလံအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
Read More

TNLA ရဲ့ အုပ်ချုပ်ရေးသင်တန်းကျောင်း (Administrative School) အပတ်စဥ် (၂) သင်တန်းဆင်းပွဲ အခမ်းအနား…

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ စိုးမိုးနယ်မြေတစ်နေရာမှာ TNLA ရဲ့ အထွေထွေအုပ်ချုပ်ရေးဌာနက ဦးစီးဖွင့်လှစ်ထားတဲ့ အုပ်ချုပ်ရေးသင်တန်းကျောင်း (Administrative School) အပတ်စဥ် (၂) သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၃၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်း၏ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် အားလုံးပါဝင်သည့် တပ်ရင်းစုဖွဲ့မှုနှင့် လေ့ကျင့်မှု သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်း - Myaing Villages Revolution Front အနေနဲ့ တပ်ရင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် အားလုံးပါဝင်တဲ့ တပ်ရင်းစုဖွဲ့မှုနဲ့ လေ့ကျင့်မှု သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အပစ်ရပ်ကြောင်း ဟန်ပြကြေညာပြီးနောက် စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု ၆၀ ကျော် ပြုလုပ်ခဲ့၊ အရပ်သားပြည်သူ ၆၈ ယောက် သေဆုံး…

အကြမ်းဖက်စစ်ကောင်စီက အပစ်ရပ်ကြောင်း ဟန်ပြကြေညာပြီးနောက် နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီး အပါအဝင် ပစ်ခတ်တိုက်ခိုက်မှုစုစုပေါင်း ၆၃ ကြိမ် ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ ၆၈ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။