စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ရေဦးမြို့နယ် ထွေအုပ်ရုံးအတွင်း နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက ပျူ စောထီးသင်တန်းဆင်းပွဲပြုလုပ်နေချိန် Fixed-Wing Drone တွေနဲ့ ဗုံးသီး ၉ လုံးကြဲချတိုက်ခိုက်ခဲ့ တယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရပါတယ်။

ထွေအုပ်ရုံးအတွင်းရှိ နယ်ထိန်းရဲအပါအဝင် စစ်ကောင်စီလက်အောက်ခံ ၄ ယောက် ဗုံးသီးစထိမှန် သေဆုံးပြီး ၈ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ဒရုန်းတွေ၊ လက်နက်ကြီး၊ လက်နက် ငယ်တွေနဲ့ အနီးဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရေဦးမြို့နယ် ပကဖ နဲ့ ရွှေဘိုခရိုင် တပ်ရင်း ၁၄ တို့က လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပျူစောထီး တသိုက်ကို ရှေ့ထွက်ပြောင်း ၅ပြောင်းနဲ့ ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

မုံရွာ-မန္တလေးလမ်းပေါ် ဆက်ကြေးကောက်နေတဲ့ ပျူစောထီးတွေ ရှေ့ထွက်ပြောင်းတွေနဲ့ တိုက်ခိုက်ခံရပြီး ၂ယောက်သေဆုံးခဲ့တယ်လို့ Brave Heart Army - BHA အဖွဲ့က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်မှု စစ်ဆင်ရေးအတွင်း Fixed Wings ဒရုန်းရဲ့ မတော်တဆမှု ပုံတောင် TIGER PDF ထုတ်ပြန် (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်မှု စစ်ဆင်ရေးအတွင်း Fixed Wings ဒရုန်းရဲ့ မော်‌တာစွမ်းရည်ကျဆင်းပြီး မတော်တဆဖြစ်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပုံတောင် Tiger PDF က ထုတ်ပြန်ပြ သလိုက်ပါတယ်။
Read More

ချောင်းဦး-မြင်းမူ လမ်းမကြီးမှာ စစ်ယာဉ်တန်းနဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ ဗုံးကြဲ၊ ၉ ယောက်သေပြီး ၅ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦး-မြင်းမူကားလမ်းမကြီးပေါ်မှာ အကြမ်းဖက်စစ်တပ်ယာဉ်တန်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေကို ဖေဖော်ဝါရီ ၃ ရက်က မိုင်းဆွဲပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ၉ ယောက်သေပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃ ထံက သိရပါတယ်။
Read More

ဘုတလင်တိုက်ပွဲက အောင်ပွဲရ ရဲဘော်တွေကို ဂုဏ်ပြု ဆုငွေများချီးမြှင့် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်နိုင်ခဲ့တဲ့ ရဲဘော်တွေကို ဂုဏ်ပြုဆုငွေချီးမြှင့်ပေးခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ ကရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

သရက်ချောင်းမြို့နယ် ကျေးရွာများတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၁၃ ဦးခန့် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကျေးရွာတွေမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းညီနောင်ဒရုန်းတပ်ဖွဲ့ - PBDF ထံက သိရပါတယ်။
Read More

တောင်သာမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ဇဂျမ်းစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်မှု စစ်သား ၃ ယောက်သေကာ ဘန်ကာ ၃ လုံးနဲ့ ခဲယမ်းဂိုဒေါင်ကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ဇဂျမ်းစစ်ဆေးရေးဂိတ်ကို မတ်လ ၁၃ ရက်က တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းထံက သိရပါတယ်။