ရန်ကုန်မြို့က လူသိများထင်ရှားတဲ့ ရေကျော်ပွဲစျေး ပေါက်ကွဲမှုဖြစ်ခဲ့ရင် အကြမ်းဖက်စစ်ကောင်စီ လက်ချက်သာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ မသက်ဆိုင်ဘူးလို့ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့မနက် ထုတ်ပြန်ထားပါတယ်။
“ရေကျော်ပွဲစျေးပြန်စနေပါပြီ။ မိုင်းကွဲ ဗုံးပေါက်လျှင် အကြမ်းဖက်စစ်တပ်က ပြုလုပ်ခြင်းသာဖြစ်ပြီး ပြည်သူလူထုထိခိုက်အောင် မည်သည့်တော်လှန်ရေး အင်းအားစုက ပြုလုပ်မည်မဟုတ်ပါကြောင်း ကြိုတင် အသိပေးထုတ်ပြန်တာ” လို့ ထုတ်ပြန်ထားပါတယ်။
အရပ်ဝတ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ သိမ်ဖြူလမ်းထောင့်ကနေ ဗိုလ်ချူပ်အောင်ဆန်းလမ်းမအထိ သွားလာလှုပ်ရှားနေတယ်လို့ မြောက်ဥကလာပမြို့နယ် ပကဖ က သတိပေးထုတ်ပြန်ထားပါတယ်။
အဲ့​ဒါကြောင့် ပြည်သူတွေအနေနဲ့ အသွားအလာဂရုစိုက်ကြဖို့နဲ့ တကယ်လို့ မိုင်းကွဲဗုံးပေါက်ရင် အကြမ်းဖက် စစ်တပ်ကသာ ပြုလုပ်တာဖြစ်တယ်လို့ မြောက်ဥကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ဝမ်းတွင်းမှာ စစ်မှုထမ်းအကြောင်းပြ ငွေကောက်ခံနေတဲ့ ပျုစောထီးမိသားစု ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ တမာကန်ကျေးရွာအုပ်စု တမာကန်အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် မောင်လွင်နဲ့ မိသားစုဟာ ကျေးရွာနေ ပြည်သူတွေဆီက စစ်မှုထမ်းအကြောင်းပြ ငွေကောက်ခံနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Wundwin Township Revolution Force (WTRF) အဖွဲ့ထံက သိရပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနှင့် တိုက်ဖျက်နေသည်ဟု မင်းအောင်လှိုင် ပြော

ကျားဖြန့်နဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ တိုက်ဖျက်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ကျားဖြန့်တိုက်ဖျက်ရေးတွင် KNU ပါဝင်လာ၊ ကျားဖြန့်ဂိုဏ်းနေရာကို နိုင်ငံတကာ လာ‌ရောက်လေ့လာရန် ဖိတ်ခေါ် 

မြဝတီမြို့ တောင်ဘက် ၁၆ ကီလိုမီတာအကွာရှိ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ထိန်းချုပ်ရာ မင်းလက်ပံ (ဖလူး) ဒေသ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)နေရာကို နိုင်ငံတကာအနေနဲ့ လာရောက် လေ့လာဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU)  က ဒီနေ့ ဖိတ်ခေါ်လိုက်ပါတယ်။ 
Read More

ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေး တပ်တော် - DSNDA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကွတ်ခိုင်မြို့ကို စစ်ကောင်စီ ဗုံးကြဲမှုဟာ ရှမ်းမြောက် စစ်မီးပြန်လည်လောင်ကျွမ်းမှု အန္တရာယ်ကို တိုက်ရိုက်မြှင့်တင်လိုက်ခြင်း ဖြစ်ကြောင်း MNDAA ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ပေါ် လူနေရပ်ကွက်ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုဟာ “စစ်ပြေငြိမ်းရေး” ကို စစ်မက်အရိပ်အာဝါသ ဖုံးလွှမ်းသွားခဲ့တယ်လို့ ကိုးကန့်တပ်မတော် (MNDAA) က ဒီနေ့မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
Read More

ငလျင်ဘေးသင့်ချိန် အာဏာသိမ်း စစ်ခေါင်းဆောင် အေးသင်္ကြန်ဟု အမည်တပ်ကာ ဆင်နွှဲ

နိုင်ငံတစ်ဝန်း ငလျင်ဘေးသင့်နေချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ နေပြည်တော်မှာ “အေးသင်္ကြန်” လို့ နာမည်တပ်ကာ သင်္ကြန်ပွဲတော်ကို ဆင်နွှဲခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။