စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာခရိုင် အမှတ် ၅ တပ်ရင်း (Aung San Force) ရဲဘော်တွေနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာတေဇာဆန်း တို့ အညာဒေသ တစ်နေရာမှာ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီစကားဝိုင်းမှာတော့ တော်လှန်ရေးရဲဘော်တွေဟာ အညာဒေသ တော်လှန်ရေး အခက်အခဲတွေကို ပြောဆို ဆွေးနွေးရင်ဖွင့်ခဲ့သလို ဒေါက်တာတေဇာဆန်းကလည်း ပြန်လည် စိတ်ခွန်အားပေးရင်း ပျော်စရာ ပညာရစရာ စကားဝိုင်း ဖြစ်ခဲ့တယ်လို့ Aung San Force က ဆိုပါတယ်။
ဒေါက်တာတေဇာဆန်း ပါဝင်လှုပ်ရှားနေတဲ့ စစ်ကောင်စီ ဒေါက်တိုင်တွေ ဖြိုဖျက်နိုင်ရေး၊ စကစ ထုတ် ကုန်စည်တွေ မဝယ် မသုံးရေးအတွက် “ဘူး” သပိတ် ကမ့်ပိန်းမှာလည်း တပ်ရင်းက ရဲဘော်တွေ ပူးပေါင်းပါဝင်ခဲ့တယ်လို့ Aung San Force က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ပြည်သူကို ဒုက္ခပေးနေသည့် မြစ်ကျိုးနယ်ထိန်းရဲအား ရဲစခန်းအနီးမှာပဲ ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ မြစ်ကျိုးတိုက်နယ်မှာ ပြည်သူတွေကို ရိုက်နှက်ငွေညှစ်တာတွေ လုပ်ဆောင်နေတဲ့ အကြမ်းဖက် နယ်ထိန်းရဲကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
Read More

စလင်းတွင် စစ်ကြောင်း၂ ခု ခွဲလာသည့် အကြမ်းဖက်စစ်အုပ်စုနှင့် မင်းဘူးခရိုင်တပ်ရင်း ၅ ထိတွေ့မှု ဖြစ်၊ စစ်ကောင်စီဘက်က ၃ ဦး သေပြီး အများအပြား ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ စစ်ကြောင်း ၂ ခု ခွဲပြီး ဝင်ရောက်လာတဲ့အကြမ်းဖက်စ​​စ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီတပ်က စစ်မှုထမ်းဆင်း စစ်သား ၆ ဦး သေနတ် ၅ လက်၊ ခဲယမ်းများနှင့်အတူ ဒီးမော့ဆို DMO Local PDF ဆီ အလင်းဝင်လာ .

ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို DMO Local PDF ဆီကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းဆင်း စစ်သား ၆ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်သာ မှာ စစ်တပ်က ကျေးရွာတွေကို စက်တပ်လေထီးကနေ ပစ်ခတ်ဗုံးကြဲလို့ အမျိုးသမီး ၂ဦး ဗုံးသီးထိမှန် သေဆုံး

မန္တလေးတိုင်း မိထ္ထီလာခရိုင် တောင်သာမြို့နယ် ညောင်ကုန်းကျေးရွာကို စက်တပ်လေထီးကနေ ပစ်ခတ်ဗုံးကြဲခဲ့လို့ အမျိုးသမီး ၂ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့လည်း ရှိကာ၊ အိမ်မွေးတိရိစ္ဆာန်အချို့ပါ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
Read More

ကော်သူးလေ အုပ်ချုပ်မှုနယ်မြေထဲ တိုက်ပွဲမရှိဘဲ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်

KNU ရဲ့ ကော်သူးလေအုပ်ချုပ်မှုနယ်မြေအတွင်းက နေရာတချို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။  
Read More

နမ့်ဆန်မြို့နယ်ကို စစ်တပ်ဗုံးကြဲမှုကြောင့် ကလေးငယ်အပါ ၆ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ယောက် အပါအဝင် ဒေသခံ ၆ ယောက် သေဆုံးခဲ့တယ်လို့ နယ်မြေခံတွေထံက သိရပါတယ်။