မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ ဆိပ်ဖြူမြို့နယ်မှာ ဆော-ဆိပ်ဖြူ လမ်းပိုင်းက အကြမ်းဖက်စစ်တပ်ဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ တပ်ကြပ် အဆင့်ရှိသူအပါအဝင် ၂ယောက်သေဆုံးပြီး ၃ယောက်ထိခိုက် ဒဏ်ရာရခဲ့ကြောင်း Yenanthar Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
မနေ့က နိုဝင်ဘာ ၂၁ရက် ညပိုင်းမှာ ဆော-ဆိပ်ဖြူလမ်းပိုင်း၊ ဆိပ်ဖြူမြို့အနီးက အကြမ်းဖက်စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အလစ်ငိုက်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“မနေ့ည ၁၂နာရီမှာ ဝင်ပစ်တာပါ။ မြို့နဲ့နီးတဲ့ဂိတ်မို့ မီးတော့ရပါတယ်။ အလစ်ငိုက်ဝင်ပစ်ရင်း မီတာ တစ်ရာအကွာမှာ အပြန်အလှန်ပစ် ခတ်မှုဖြစ်ကြပါတယ်။ ပစ်ခတ်မှုဖြစ်ပြီး သိပ်မကြာဘူး။ သူတို့ မီးဖျက်လိုက်တော့ ဘာမှမမြင်ရတော့ပါဘူး။ ပြီးတော့ ဆိပ်ဖြူမြို့ထဲကနေ စစ်ကူကားသုံးစီးတန်း တက်လာလို့ သေနတ်တွေလည်း မကောက်နိုင်ဘဲ ပြန်ဆုတ်ခဲ့ရပါတယ်။” လို့ Yenanthar Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ဒီစစ်ဆေးရေးဂိတ်ဟာ ဆော-ဆိပ်ဖြူလမ်းပိုင်းပေါ်က ဖြတ်သန်းသွားလာနေတဲ့ အရပ်သားကားတွေကို ဆက်ကြေးသဘောမျိုး အခွန်​ကောက်ခံနေတာဖြစ်ပြီး အခုလို အနီးကပ် ဝင်ရောက်တိုက်ခိုက်နိုင်ဖို့ အချိန်ယူပြင်ဆင်ခဲ့ရတယ်လို့လည်း အထက်ပါတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
လက်ရှိမှာလည်း စစ်အုပ်စုတွေက ဂိတ်ပတ်ဝန်းကျင်အနီးအနား တပ်အင်အားဖြည့်တင်းကာ လုံခြုံရေးတင်းကြပ် စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column နဲ့အတူ ပခုက္ကူခရိုင် အမှတ် ၁၉တပ်ရင်း ဆိပ်ဖြူဘာမထီတပ်ခွဲ ၁ ၊ တပ်ခွဲ ၂ နဲ့ ဆိပ်ဖြူအနောက်ပိုင်းဇုန် ၁ ပကဖ ၊ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ပုံစာ – တော်လှန်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ ဆော-ဆိပ်ဖြူလမ်းပိုင်း စစ်ဆေးရေးဂိတ်
0 Shares:
You May Also Like
Read More

Airbus to Airstrike လှုပ်ရှားမှုကိုစတင်၊ မြေပြင်ရော အွန်လိုင်းကနေပါ လုပ်ဆောင်မှာဖြစ်လို့ ပြည်သူတစ်ရပ်လုံးပါ၀င်ပေးဖို့ တောင်းဆို

စစ်ကောင်စီကို ထောက်ပံ့ကူညီနေတဲ့ AVIC ကနေ Airbus ရဲ့ရင်းနှီးမြှုပ်နှံမှုတွေ ဖယ်ရှားဖို့ တော်လှန်ပြည်သူတွေပါ၀င်တဲ့ ဖိအားပေးတောင်းဆိုမယ့် လှုပ်ရှားမှု တစ်ရပ်ကို အောက်တိုဘာလ ၂၅ ရက်နေ့ကစတင်လိုက် ပြီဖြစ်ပါတယ်။
Read More

ကလေးမြို့ မော်လိုက်ထောင်တွင် အကျဥ်းသားများကို ချနင်းကာ ထောင်အာဏာပိုင်များ စီးပွားရှာကြမ်းနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မော်လိုက်အကျဥ်းထောင်မှာ ထောင်ပိုင်အပါအဝင် ထောင်ဝန်ထမ်းအဆင့်ဆင့်က အကျဥ်းသားတွေရဲ့ လုပ်အားအပေါ် ခေါင်းပုံဖြတ်အမြတ်ရှာရင်း လာဘ်စားမှုတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

သပိတ်ကျင်း ၇ မိုင် ကျေးရွာတွင် တိုက်ပွဲဖြစ်နေ၊ စစ်ကောင်စီက အဆက်မပြတ် လေကြောင်းတိုက်ခိုက်ကာ နှစ်ဖက်ကျဆုံးမှုများရှိနေ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ၇ မိုင် ကျေးရွာတစ်ဝိုက်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းရော မြေပြင်ကပါ ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

စလင်းကို စစ်ကောင်စီ ကုန်းကြောင်းလေကြောင်း အင်အားအလွန်အကျွံသုံးပြီး စစ်ကြောင်းထိုးနေ၊ ၁၂ ရက်ကြာ ဝင်ရောက်ခဲ့တဲ့ စစ်ကြောင်းကြောင့် နေအိမ် ၁၇၀ ကျော် မီးလောင်ပျက်စီးခဲ့

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ရက်အတန်ကြာ စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က အင်အား ဆယ်ဂဏန်းခန့် သေဆုံးခဲ့တယ်လို့် စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါတွင် စစ်ကောင်စီက စစ်ကြောင်းထိုးရာလမ်းတလျှောက် အရပ်သား ၈ ဦးကို ဖမ်းဆီးကာ စိတ်ကျန်းမာရေးချို့တဲ့သူ ၁ ဦးကို ရိုက်သတ်ခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အင်အားအပြောင်းလဲလုပ်ဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက အရပ်သားတွေကို စစ်ကြောင်းထိုးရာ လမ်းတလျှောက် ဖမ်းဆီးခေါ်ဆောင်ရင်း စိတ်ကျန်းမာရေး ချို့တဲ့နေသူ ၁ ယောက်ကို ရိုက်နှက်သတ်ဖြတ်ထားခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ တစ်လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၆) လောင်း တွေ့ရှိပြီး လုယက်ဓားပြတိုက်မှု (၃) ကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLA ထုတ်ပြန်

ရှမ်းပြည်မြောက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ ဒီဇင်ဘာလ တစ်လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၆) လောင်းတွေ့ရှိပြီး လုယက်ဓားပြတိုက်မှု (၃) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။