မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း- ပဒါန်းလမ်းပိုင်းမှာ ရခိုင်ဘက်ကို စစ်ကူသွားတဲ့ စစ်တပ်စစ်ကြောင်းထဲက ခြေလျင်တပ်သားတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က တပ်ကြပ်ကြီးအဆင့်ရှိသူအပါအဝင် ၉ယောက်သေဆုံးခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA Magway) စစ်ရေးချုပ် ကိုနောင်သူရိန်က မောင်းကို ပြောပါတယ်။
နိုဝင်ဘာ ၂၀ရက်၊ မနေ့က ညနေပိုင်းမှာ ရခိုင်ပြည်နယ် အမ်းမြို့ကို တပ်ကူသွားဖို့ထွက်လာတဲ့ အင်အား ၄၀ပါ အကြမ်းဖက်စစ်ကောင်စီ ခြေလျင်တပ်တွေကိုတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ငဖဲမြို့နယ်၊ ဂုတ်ကြီးရွာအရှေ့ဘက် ၁၁မိုင်အကွာ၊ အမ်းပဒါန်းလမ်းပိုင်းပေါ် စောင့်ကြိုတိုက်ခိုက်ရင်း ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။
” မနေ့က ရခိုင်ဘက်ကို စစ်ကူယာဥ်တန်းတွေ တက်တာရှိတယ်။ ကျနော်တို့ ဘက်ကမိုင်းဆွဲဖို့ကြိုးစားပေမယ့် ကားတွေပေါ် ဂျမ်မာတွေပါလာလို့ ရီမုကွန်ထရိုးတွေ အလုပ်မလုပ်ဘဲ မိုင်းဆွဲလို့မရခဲ့ပါဘူး။ အဲ့ဒါနဲ့ အဲ့ကားတန်းတွေထဲက ကားပျက်ပြီး ကျန်ခဲ့တဲ့အင်အားတွေနဲ့ လုံခြုံရေးယူပေးတဲ့သူတွေကိုပဲ တိုက်ခိုက်ခဲ့တာပါ။” လို့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA Magway) စစ်ရေးချုပ် ကိုနောင်သူရိန်က မောင်းကိုပြောပါတယ်။
သူကပဲ ဆက်လက်ပြီး “အင်အားက စုစုပေါင်း ၄၀လောက်ပါတယ်ပေါ့။ အဲ့ဒါ ၂၀ ကျော်လောက်က သတ်ကွင်းထဲဝင်လာပြီး တိုက်ပွဲဖြစ်တယ်ပေါ့။ ၁၅မိနစ်လောက် ကြာပါတယ်။ တိုက်ပွဲထဲ တပ်ကြပ်ကြီးဆိုတဲ့သူ အပါအဝင် ၉ယောက်လောက်သေပြီး ၁၀ယောက်ထိခိုက်ဒဏ်ရာရတယ်လို့ မြေပြင်သတင်းပို့ချက်တွေအရ သိရပါတယ်။” လို့ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းထဲ ပဒါန်းအခြေစိုက် အမှတ် ၉၀၅ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် ( မစခ) တပ်တွေနဲ့ သင်တန်းဆင်းတပ်သားတွေပါဝင်ခဲ့တာလို့လည်း သိရပါတယ်။
လက်ရှိ ရခိုင်ပြည်နယ် စစ်မျက်နှာစုံမှာ ရှုံးနိမ့်နေတဲ့စစ်ကောင်စီအတွက် ​အဓိကစစ်ကူလမ်းကြောင်းပို့ရာ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကိုဆက်သွယ်ထားတဲ့ အမ်း- ပဒါန်းလမ်းပိုင်းဟာ အတော်လေးအရေးပါနေပါတယ်။
အမ်း- ပဒါန်းလမ်းပိုင်းထိန်းချုပ်နိုင်ရေးအတွက် PRA -Magway အပါအဝင် တော်လှန်ရေးအင်အားစုတွေနကြိုးစားနေပြီးမကြာခဏဆိုသလို ငဖဲ၊ မင်းတုန်းစတဲ့ လမ်းပိုင်းပေါ်က မြို့နယ်တွေမှာ ထိတွေ့မှုတွေ ရှိနေပါတယ်။
“ဒီလမ်းပိုင်းက နပခ(အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်) အတွက် သေရေးရှင်ရေးလောက်အရေးပါတယ် လို့ ပြောရတယ်ဗျ အဓိကထောက်ပိုု့လမ်း ဖြစ်တယ်‌ပေါ့။ လက်ရှိ ဒီလမ်းကြောင်းအပေါ် စိုးမိုး‌မှုကိစ္စကို ပြောဖို့ကတော့ စောလွန်းနေသေးပါတယ်။” လို့ ကိုနောင်သူရိန်က ပြောခဲ့ပါတယ်။
ပုံစာ – လူထုတော်လှန်ရေးမဟာမိတ်အင်အားစု၊ (PRA Magway) တပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

၅ ရက်အတွင်း ရွှေကုက္ကိုလ်ကျားဖြန့်မှ နိုင်ငံခြားသား ၁၇၀၀ ကျော် ဖမ်းမိကြောင်း ကျားဖြန့် ကြံရာပါအဖြစ် ဝေဖန်ခံနေရသည့် စစ်တပ် ကြေညာ 

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းတွေကို အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF တို့ ပူးပေါင်းရှင်းလင်းခဲ့ရာမှာ ၅ ရက်အတွင်း နိုင်ငံခြားသား ၁၇၄၆ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး အာဖရိကတိုက်ရှိ မထင်မရှားနိုင်ငံငယ်က လူတွေလည်း ပါဝင်တယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

ညောင်ဦး၊ ပုဂံမြို့သစ်မှာ အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရပြီး ရက်ပိုင်းပဲခြားကာ စစ်တပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရ၊ ပိတ်ရက်တွေအတွင်း ပြည်သူတွေ ခရီးသွားလာ သတိပြုကြဖို့ လိုအပ်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်မှာ ရက်ပိုင်းပဲခြားပြီး အုပ်ချုပ်ရေးမှူး တစ်ယောက်နဲ့ စစ်တပ်ကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရပါတယ်။
Read More

ပေါက်မြို့နယ်မှာ ကိုင်းလယ်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ် တပ်စွဲထားတဲ့ နေရာ ၃ နေရာကို ဒရုန်းနဲ့ ဗုံးသီး ၃၀၀ ကျော် ကြဲချတိုက်ခိုက်…

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းက ကိုင်းလယ်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ နေရာ ၃ခုကို ဒရုန်းဗုံးသီးပေါင်း ၃၀၀ ကျော်နဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

Justice Soldier PDF အဖွဲ့က ပြုလုပ်တဲ့ စနိုက်ပါ မွမ်းမံသင်တန်း (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Justice Soldier PDF အဖွဲ့က ရဲဘော်တွေအနေနဲ့ တိုက်ပွဲအတွင်း ပစ်မှတ်ကို ပိုမိုတိကျသေချာစေဖို့ ၊ တိုက်ခိုက်ရေးစွမ်းရည် ပိုမိုကောင်းမွန်လာစေဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်တဲ့ စနိုက်ပါမွမ်းမံသင်တန်းကို အောက်တိုဘာ ၂၀ ရက်မှာ ပြုလုပ်ပြီးစီးခဲ့တယ်လို့ သိရပါတယ်။
Read More

မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲမှ ဟောင်ဝစ်ဇာအမြောက်များအပါအဝင်လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ (ဓာတ်ပုံသတင်း)

အကြမ်းဖက်စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အရာရှိများအပါအဝင် စစ်သုံ့ပန်းများနဲ့ ဟောင်ဝစ်ဇာအမြောက်များအပါအဝင်် လက်နက်ခဲယမ်းအမြောက်အများ ဖမ်းဆီးသိမ်းပိုက်ရရှိခဲ့တယ်လို့ KNLA စစ်ရေးသတင်းရင်းမြစ်များအရ သိရပါတယ်။