စစ်ကောင်စီဟာ ရှမ်းပြည်နယ်ကို ၄လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၂၀ ကျော်အထိ ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံးမှာ ရှမ်းပြည်နယ်ကအများဆုံးဖြစ်ခဲ့တယ်လို့ Blood Money Campaign က အသိပေးထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ်ဟာ MNDAA အပါအ၀င် TNLA တို့ ထိန်းချုပ်ထားတဲ့မြို့တွေအများဆုံးရှိနေပြီး စစ်ကောင်စီက လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ရှမ်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၄၂၉ ကြိမ်၊ မန္တလေးတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှု ၂၃၅ ကြိမ်၊ ရခိုင်ပြည်နယ်အတွင်း ၁၈၉ ကြိမ်၊ စစ်ကိုင်းတိုင်းအတွင်း ၁၇၇ ကြိမ်၊ ကချင်ပြည်နယ်အတွင်း ၄၆ ကြိမ်၊ မကွေးတိုင်းအတွင်း ၅၃ ကြိမ်၊ ချင်းပြည်နယ်အတွင်း ၃၅ ကြိမ်၊ ကယားပြည်နယ် ၆ ကြိမ်၊ ကရင်ပြည်နယ် ၁၄ ကြိမ်၊ တနင်္သာရီတိုင်း ၂၄ ကြိမ်၊ ပဲခူးတိုင်း ၁ ကြိမ် နဲ့ မွန်ပြည်နယ် ၁ ကြိမ် တိုက်ခိုက်ခဲ့တယ်လ်ို့ သိရပါတယ်။
သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့က ပြီးခဲ့တဲ့ ဇွန်လကနေ စက်တင်ဘာလအထိ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ လေကြောင်းတိုက်ခိုက်မှုများကို ဆန်းစစ်ခြင်း အစီရင်ခံစာမှာဖော်ပြထားတာပါ။
နိုင်ငံတစ်၀န်း၂၀၂၄ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ၄ လတာအတွင်း အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ၁၂၁၀ ကြိမ်၊ ဒရုန်းနဲ့ တိုက်ခိုက်မှု ၉၈ ကြိမ် လုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီရဲ့ ၄ လတာ လေကြောင်း တိုက်ခိုက်မှုအတွင်း ကလေးငယ် ၄၉ ယောက်အပါအဝင် ပြည်သူ ၅၄၃ ယောက် သေဆုံးပြီး ၈၂၇ ယောက် ဒဏ်ရာရ ရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
သွေးစွန်းငွေဖြတ်တောက်ရေး အဖွဲ့အနေနဲ့ အကြမ်းဖက်စစ်အုပ်စု ဝယ်ယူရရှိနေတဲ့ လေယာဉ်ဆီတွေ၊ လေယာဉ်တွေ၊ လေယာဉ်တပ်လက်နက်တွေနဲ့ လေယာဉ်တွေ ပြုပြင်ထိန်းသိမ်းခြင်း ဝန်ဆောင်မှု ရရှိနေတာကို ပိတ်ဆို့တားဆီးဖို့ လှုပ်ရှားမှုတွေလည်း ပြုလုပ်လျက်ရှိပါတယ်။
0 Shares:
You May Also Like
Read More

ပန်ဝါ နယ်ခြားစောင့်တပ်ဌာနချုပ် (၁၀၀၂) ကို KIA က တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါဒေသ နယ်ခြားစောင့်တပ်ဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

စဥ့်ကူးမှာ လူစည်ကားရာ စျေးကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၆)ဦးအပါ ပြည်သူ (၂၇)ဦး သေဆုံး၊ အယောက် ၃၀ ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာက စျေးတန်းကို အကြမ်းဖက်စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၆) ယောက် အပါအဝင် ပြည်သူ (၂၇) ယောက် သေဆုံးခဲ့တယ်လို့ MDY-PDF က ဒီနေ့မှာ ထပ်မံ ထုတ်ပြန်ပါတယ်။
Read More

မုံရွာမြို့က ထွက်လာတဲ့ စစ်တပ် တွဲကား ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တွဲကားယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားတွေ ထိခိုက်မှုရှိတာ်လို့ မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်းဆီက သိရပါတယ်။
Read More

လှိုင်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်မှာ စစ်ကောင်စီရဲ့ တပ်မတော်ချည်မျှင်စက်ရုံဂိတ်နှင့် ရဲစခန်းတို့ကို လက်ပစ်ဗုံး၊ အဝေးပစ်လောင်ချာများနှင့် တိုက်ခိုက်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်နဲ့ လှိုင်သာယာမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မတော်ချည်မျှင်နဲ့အထည်စက်ရုံဂိတ်နဲ့ မြို့မရဲစခန်းတို့ကို လက်ပစ်ဗုံး၊ အဝေးပစ်လောင်ချာ M 79 တို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army (YA)က ထုတ်ပြန်ပါတယ်။
Read More

ဥတ္တူကျေးရွာတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော် ဝတုတ်၊ ဝက်ငယ်နှင့် ဥတ္တူ တို့၏ စျာပန

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ၁၈ နှစ်အရွယ် ရဲဘော် ၂ ယောက်နဲ့ အသက် ၃၀ အရွယ် ရဲဘော်တို့ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကော့ကရိတ်မှာ စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၂) ဦး ထိခိုက် သေဆုံး၊ နေအိမ် (၁)လုံးနှင့် ဂိုဒေါင် (၁) လုံး ထိမှန်ပျက်စီးခဲ့

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် သေဆုံးပြီး နေအိမ် (၁)လုံးနဲ့ ဂိုဒေါင် (၁) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။