Chinland Defense Force – Kalay-Kabaw-Gangaw (CDF – KKG) တပ်ရင်း (၁) က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်ပညာ မွမ်းမံသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
သင်တန်းဆင်းပွဲမှာတော့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့ပြီး စံပြဆု ၊ လက်ဖြောင့်ဆုနဲ့ ဇွဲဆု အစရှိတဲ့ တစ်ဦးချင်း ထူးချွန်ဆုတွေကိုလည်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။