စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် စစ်ကောင်စီနဲ့ အပြန်အလှန်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဒီနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ Southern YSO PDF က ထုတ်ပြန်လာပါတယ်။

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)နဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ပုလဲမြို့ပေါ်က စစ်ကောင်စီ အခြေစိုက်နေရာတွေကို စီးနင်းတိုက်ခိုက်နိုင်ခဲ့ပြီး မြို့ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၄ ရက်နေ့မှာတော့ စစ်ကောင်စီရဲ့ သာလွန်အင်အားထိုးစစ်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တော်လှန်ရေးအင်အားစုတွေ မြို့ကနေ ပြန်လည်ဆုတ်ခွာပေးခဲ့ရပါတယ်။

0 Shares:
You May Also Like
Read More

မြိတ်ကနေ တနင်္သာရီဘက်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ယာဉ် ၂ စီး ပျက်စီး (ရုပ်/သံ)

တနင်္သာရီတိုင်း မြိတ်မြို့ကနေ တနင်္သာရီမြို့ဘက်သို့ လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ယာဉ် ၂ စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မေမေနေကောင်းလား သီချင်းသီဆိုကာ ဧရာဝတီတိုင်းစစ်ဌာန ရဲဘော်များ ဒေါ်အောင်ဆန်းစုကြည့်မွေးနေ့အထိမ်းအမှတ်ဂုဏ်ပြု (ရုပ်/သံ)

ဧရာဝတီတိုင်းစစ်ဌာနရဲဘော်တွေက ဇွန်လ ၁၉ ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့အထိမ်းအမှတ် မေမေနေကောင်းလား သီချင်းကို သီဆိုဂုဏ်ပြုခဲ့ကြပါတယ်။
Read More

“သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးပါနဲ့!”

“အဲ့ဒါ ထွက်ပေါက် မဟုတ်ဘူး၊ အဲ့ဒါ ထောင်ခြောက်ကြီး!” “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးပါနဲ့!” “ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက်” “မဲမပေးနဲ့၊ သပိတ်မှောက်!” “လူရွေးမှားနေတုန်းလား? ဒီတစ်ခါ မှားရင် နှစ် ၅၀ လောက် ထပ်ကြာသွားမယ်!”
Read More

ထားဝယ်မှ သရက်ချောင်းသို့ အကြမ်းဖက်စစ်သားများ စီးနင်းလာသည့်စက်လှေ RPG ထိမှန်မီးလောင် ပြီး ၂၀ ကျော် သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်မြို့ကနေ သရက်ချောင်းမြို့နယ် ဆင်ဖြူပြင်ဆိပ်ကမ်းဘက် စုန်ဆင်းကာ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ စက်လှေ ၁ စီးကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက် ခိုက်ချေမှုန်းခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖထံက သိရပါတယ်။ 
Read More

သရက်ချောင်းမြို့နယ် ဘုန်းကြီးကျောင်းမှာ ရေချိုးနေတဲ့ စစ်သားတွေ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခံရပြီး ၁ ယောက်သေ ၄ ယောက် ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ပျင်းဖြူသားဘုန်းကြီးကျောင်းမှာ ရေချိုးနေတဲ့ စစ်ကောင်စီ တပ်သားတွေ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခံရပြီး ၁ ယောက်သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ T5 Wings အဖွဲ့မှ မနေ့ဇွန်လ ၂၇ ရက်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

သိန္နီမြို့ ဓာတ်ဆီဆိုင်မီးလောင်မှု ရဲဝန်ထမ်းအင်အား တစ်ဝက်နှင့် ငြှိမ်းသတ်ခဲ့ရ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့မှာ ဒီနေ့ ဇူလိုင်လ ၂၄ ရက် မနက် ၁၁ နာရီခန့်က မြို့ဦးဓာတ်ဆီဆိုင် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ကိုးကန့်တပ် MNDAA သတင်းပြန်ကြားရေး The Kokang ရဲ့ ဖော်ပြချက်အရ သိရပါတယ်။