စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ် ရောက်ရှိနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Brother Defense Force အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပုလဲမြို့ပေါ် ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာလ ၁၉ ရက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိပေမယ့် အရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို BDF Drone Team ၊ KLG Drone Team ၊ SSTF Drone Team ၊ ဗျူဟာ 47 Drone Team ၊ B21 Drone Team ၊ Eagle Wing Drone Team ၊ ပုံတောင်တိုက်ဂါး Drone Team နဲ့ 24Hour Drone Team တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။