စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို အကူအညီပေးနေတဲ့ ဆားလင်းကြီးမြို့နယ်က စစ်ရှောင်တွေ ထားရှိရာနေရာတွေဆီ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်နဲ့ လူသားစာနာတာဝန်ခံတို့ သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ ပုလဲ ပအဖ က ထုတ်ပြန်ထားပါတယ်။
အလှူရှင်တွေ လှူဒါန်းထားတဲ့ အလှူငွေ၊ Spring Friends အဖွဲ့ရဲ့ ကူညီလှူဒါန်းငွေနဲ့ လူသားစာနာ မြို့နယ်အခွန်က ရရှိတဲ့ ငွေ တို့ကို စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ သက်ဆိုင်ရာ ရပ်ကျေး ပအဖ၊ ပကဖ တွေဆီ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ပုလဲမြို့နယ် ပအဖ ခေါင်းဆောင်နဲ့ လူစာနာ တာဝန်ခံတို့ဟာ စစ်ရှောင်ပြည်သူတွေကို လက်ရှိစစ်ရေး၊ နိုင်ငံရေး အခြေအနေတွေအကြောင်း အနည်းငယ်ပြောကြားပြီး လေကြောင်းအန္တရာယ်၊ စစ်ကြောင်းအန္တရာယ် သတိထားနေထိုင်ကြဖို့ ပြောကြားပေးခဲ့တယ်လို့ သိရပါတယ်။