တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လောင်းလုံးမြို့မရဲစခန်းကို တိုက်ခိုက်ခဲ့ရာ စခန်းထဲက စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးသွားတယ်လို့ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့၊ မနက်ပိုင်းမှာ အဆိုပါ ရဲစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ နီးပါးကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

“ပစ်တာကတော့ ရဲစခန်းအပြင်ကနေပါပဲ။ အနီးကပ်ဆုံးဖြစ်အောင်တော့ ချဉ်းကပ်ခဲ့ပါတယ်ခင်ဗျာ။ 40mm လက်နက်ကြီးကျည်တွေတော့ စခန်းထဲမှာပဲ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။” လို့  ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ခံ ပီတာက မောင်းကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၃ယောက်သေဆုံးကာ ၅ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စခန်းကို တိုက်ခိုက်စဉ် ရဲစခန်းထဲမှာ ရဲနဲ့ စစ်သား အင်အား ၆၀ ကျော်ရှိနေတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်တွေက အင်အား ၅၀ ကျော်နဲ့ တော်လှန်ရေးရဲဘော်တွေကို လိုက်လံ ဖမ်းဆီးခဲ့ပေမယ့် တော်လှန်ရေးတပ်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေး လိုအပ်ချက်ကို ဖြည့်ပေးရင်း ဆေးမှူးဖြစ်လာခဲ့သူ ရဲဘော် Lightning ရှေ့တန်းစစ်မြေပြင်တွင် ကျဆုံး

ပဲခူး - ရန်ကုန် လမ်းပိုင်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လက်အောက်ရှိ Southern Eagle PDF တပ်ရင်းက ဆေးမှူး ရဲဘော် Lightning ဟာ တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

MNDAA က လားရှိုးမှာ ကုန်စည်ဝယ်ယူရောင်းချမှုတွေ ကုန်ကျစရိတ်သက်သာစေဖို့ ဆောင်ရွက်နေ

MNDAA က လားရှိုးမှာ ကုန်စည်ဝယ်ယူရောင်းချမှုတွေ အဆင်ပြေလွယ်ကူစေဖို့ ရေရှည်အစီအမံတွေ ချမှတ်ဆောင်ရွက်သွားမယ်လို့ နိုဝင်ဘာ ၂၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

သီပေါမြို့တွင် စစ်‌ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင်(၅၀၀) ဗုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စုက သမီးဖြစ်သူကို အကျဥ်းချကာ အဖေဖြစ်သူ၏ ရွေးကောက်ပွဲမိန့်ခွန်းသုံးပြီး ပြည်သူကို ခြိမ်းခြောက်နေ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထောင်ချထားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ ထိန်းချုပ်ထားတဲ့ နေ့စဥ်ထုတ်သတင်းစာတွေမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မိန့်ခွန်းကို နေ့စဥ်နဲ့အမျှ ထည့်သွင်းဖော်ပြနေပါတယ်။
Read More

မိုးဗြဲမြို့တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် အသက် ၂၁ နှစ်အရွယ် နေပြည်တော် PDF ဒုတပ်ခွဲမှူး ရဲဘော်ငတေ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၈၀၅) တပ်ရင်း၊ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ် ထနောင်းစစ်ကြောင်း တပ်ခွဲ ၁ က ဒုတပ်ခွဲမှူး ရဲဘော်ငတေရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြောင်မြို့နယ်ရှိ ကျောက်ရစ်ရဲစခန်းနှင့် စစ်တပ်တပ်စွဲထားသည့် ဆေးရုံတို့ကို ဒရုန်းဖြင့် ဗုံးကြဲ၊ ဒရုန်း ၁ စီး ပျက်စီးဆုံးရှုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ် အထိုင်ချ တပ်စွဲထားတဲ့ ကျောက်ရစ်ရဲစခန်းနဲ့ ဆေးရုံတို့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Peacock Drone Team-Myaung က မနေ့က ထုတ်ပြန်ပါတယ်။