စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဒရုန်းနဲ့  ဗုံးသီးချတိုက်ခိုက်မှုကြောင့် ခရီးသည်တင်ကားနဲ့ လိုက်ပါလာတဲ့ ဘုန်းကြီးတစ်ပါးအပါအဝင်  အရပ်သား ၄ ယောက်သေဆုံးကာ ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

နိုဝင်ဘာလ ၁၈ ရက်၊ မနေ့က မနက်ပိုင်းမှာ ဇီးကုန်းသကြားစက်အထိုင်တပ်ထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက ကန့်ဘလူမြို့နယ်တောင်ခြမ်း၊ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်းပေါ်ကို ဒရုန်းနဲ့  ၈၁မမ ဗုံးသီး ၅လုံးကြဲချ တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ဗုံးသီးတွေက လမ်းပိုင်းပေါ်က  ငွေတိုးမန်း ခရီးသွားကားဘေးကို ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ကားပေါ်ပါလာတဲ့ ဘုန်းကြီးတစ်ပါးပျံလွန်တော်မူပြီး အမျိုးသား၂ ယောက်နဲ့ အမျိုးသမီး၁ယောက်တို့လည်း နေရာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နောက်ထပ်ခရီးသွား ၁၀​ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကားလည်း ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

“အခုချိန်မှာ အားလုံးက ကြောက်လန့်နေကြတော့ ကားတွေက ရပ်ထားတာလား သွားနေတဲ့အချိန်ထိတာလားဆိုတာ အတည်ပြုမရပါဘူး။ ကား ၃စီးထိတယ်ကြားပေမယ့် ၂စီးပဲ အတည်ပြုနိုင်ပါတယ်။ နောက်ပြီးအဲ့နေရာက ကားဂိတ်လည်းမဟုတ်ပါဘူး။ ဗုံးသီးတွေကကားဘေးတည့်တည့်ကျတာဆိုတော့ အထိနာတာပေါ့။ ဗုံးသီးစလေးမှန်ရင်တောင် လူသေနိုင်​​တာဆိုတော့  အခုဖြစ်စဥ်မှာ အထိအခိုက်များပါတယ်။” လို့ ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးချလို့ ထိခိုက်ပျက်စီးသွားတဲ့ ကားတစ်စီး (ဓာတ်ပုံ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်)

ဒီဖြစ်စဥ်မတိုင်ခင် နိုဝင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေကလည်း ကန့်ဘလူမြို့နယ် အလယ်ခုံရွာ၊ ကျွန်းလှမြို့နယ် ရွာကုန်းကြီးနဲ့ လိပ်ဆင်းတောင်ရွာတို့ကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ၂ရက်ဆက်တိုက် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒီအတွက်  ရွာကုန်းကြီးရွာက နေအိမ် ၃ လုံး၊ လိပ်ဆင်းတောင်ရွာက  နေအိမ် ၆ လုံး၊ ကားပေါက်စ ၇ စီး၊ ကင်ဒါကားတစ်စီးနဲ့ ဆိုင်ကယ်၁စီး ထိခိုက်ပျက်စီးခဲ့ပြီး ခပေါင်းရုံရွာနေ ဦးမောင်နိုင်ဆိုသူ  ဗုံးစထိမှန်ပြီး အသက်သေဆုံးခဲ့ရပါတယ်။

နိုဝင်ဘာလအစပိုင်းကစလို့ ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်တွေမှာ အကြမ်းဖက်စစ်အုပ်စုတွေက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ရင်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊  အရပ်သားတွေသတ်ဖြတ်တာ၊ လေကြောင်းတိုက်ခိုက်တာ၊ ဒရုန်းဗုံးသီးချတာတွေနဲ့ ပျူစောထီးသင်တန်းတက်ဖို့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာတွေ ဆက်တိုက် လုပ်ဆောင်လာတယ်လို့သိရပါတယ်။

လက်ရှိမှာ ကန့်ဘလူအခြေစိုက် ၆၀၀၆ တကရ တင့်ကားတပ်ရင်းထဲ ဖမ်းဆီးခေါ်ဆောင်ထားခြင်းခံရတဲ့ အရပ်သား (၁၃၀) နီးပါးလည်း ဒီနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘဲ ပြည်သူ့စစ် ခေါ် ပျူစောထီးဖွဲ့မယ့် အန္တရယ်နဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ်တွင် ပြည်သူများကို ကျန်းမာရေးအသိပညာပေး ဟောပြော၊ အခမဲ့ဆေးဝါးကုသမှုပေး… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူတွေကို ကျန်းမာရေး အသိပညာပေး ဟောပြောပြီး အခမဲ့ဆေးဝါးကုသမှုပေးကာ အလှူရှင်တွေကိုယ်စား အလှူငွေ ထောက်ပံ့ပေးခဲ့တယ်လို့ ရွှေဘိုမြို့နယ်သပိတ်အင်အားစုက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အောက်တိုဘာလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၅၀ ကြောင့် ပြည်သူ ၁၈၅ ဦး သေဆုံး၊ ၅၂၂ ဦး ဒဏ်ရာရ

အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူအပေါ် သွေးစွန်းစေတဲ့ ကိန်းဂဏန်းတွေဟာ ဆက်လက်မြင့်တက်နေပြီး အောက်တိုဘာလအတွင်း အာဏာသိမ်းစစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၅၀ အထိ ကျူးလွန်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ဆိုပါတယ်။
Read More

တောင်ဒဂုံမှာ စစ်တပ်အတွက်အလုပ်လုပ်ပေးနေတဲ့ ရပ်ကွက်ဥက္ကဌနဲ့ ရာအိမ်မှူး ဆိုသူတွေ ရပ်ကွက်ရုံးရှေ့မှာပဲ ပစ်ခတ်ရှင်းလင်းခံရ

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ (၁၀၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးဆိုသူတွေ ပစ်ခတ်ရှင်းလင်းခံရကြောင်း စစ်အုပ်စုလော်ဘီချန်နယ်တွေကတဆင့် သိရပါတယ်။
Read More

ဧရာဝတီ PDF ၏ အပတ်စဥ် (၁)အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မ‌တော်၊ ဧရာဝတီတိုင်းစစ်ဌာန၊ ဧရာဝတီ PDF က အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲကို ဇွန်လ ၃ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေးငလျင်ကြီးဟု အတူတူ ခေါ်ဝေါ်ကြဖို့ ဇော်မင်းထွန်း ပြော

မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇ ရစ်ချ်တာစကေးရှိ ငလျင်ကြီးနဲ့ ပတ်သက်ပြီး ခေါ်ဝေါ် ရည်ညွှန်းရာမှာ မန္တလေးငလျင်ကြီးလို့ သုံးနှုန်းကြဖို့ အာဏာသိမ်း စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။
Read More

စက်တင်ဘာလအတွင်း စစ်မှုထမ်းတပ်သား ၄၁ ဦး တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ခဲ့ဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်…

“လစဉ်လတိုင်းကတော့ အရေအတွက်တွေ မတူပါဘူး။ ဒါပေမယ့် သိသိသာသာကို များလာပါတယ်။ အထူးသဖြင့် စစ်မှုထမ်းတပ်သားသစ်တွေ များပါတယ်။ သူတို့က လက်နက်တွေလည်း ပါတယ်။ အရင်ကဆို တယောက်စ နှစ်ယောက်စ အလင်းဝင်လာကြတာ.. အခုနောက်ပိုင်းဆို အစုအဖွဲ့လေးတွေနဲ့ အလင်းဝင်လာတာကိုလည်း တွေ့ရပါတယ်” လို့ ပြည်သူ့ပန်းတိုင်ရဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။