ကမ္ဘာကျော် ပတ္တမြားတွေထွက်ရှိရာ မိုးကုတ်လို ဒေသတွေနဲ့ ကချင်ပြည်နယ်က ကျောက်စိမ်းလုပ်ကွက်တွေရှိရာ ဒေသတချို့ကို စစ်ကောင်စီက လက်လွှတ်ထားရချိန်မှာပဲ  နေပြည်တော်မှာ စစ်ကောင်စီက ဦးဆောင်ပြီး ကျောက်မျက်ရတနာပြပွဲကို ကျင်းပပြုလုပ်နေပါတယ်။

မနေ့က နိုဝင်ဘာလ ၁၈ ရက်မှာ စစ်ကောင်စီက နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမမှာ နှစ်လယ်ကျောက်မျက်ရတနာပြပွဲအဖြစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့တယ်လို့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ပြပွဲမှာ ပုလဲအတွဲပေါင်း ၂၈၀ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ နဲ့ ‌ကျောက်စိမ်းအတွဲပေါင်း ၄,၈၀၀ ရောင်းမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေ၊ မြန်မာကျပ်ငွေအပါအဝင် ဗဟိုဘဏ်က လက်ခံတဲ့ နိုင်ငံခြားငွေအမျိုးအစားတွေနဲ့ သတ်မှတ်ချက်တွေနဲ့အညီ ရောင်းချပေးသွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။

ပြပွဲကို နိုဝင်ဘာ ၁၈ ရက်ကနေ ၂၇ ရက်အထိ ပြုလုပ်မှာဖြစ်ပြီး  တရုတ်လုပ်ငန်းရှင်အများစုလည်း နေပြည်တော်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ကျောက်မျက်ထွက်ရှိတဲ့ မိုးကုတ်မြို့ကို တအာင်းတပ်မတော် TNLA ကသိမ်းပိုက်ထားပြီး ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့ရဲ့ စစ်ကောင်စီထိန်းချုပ်တဲ့နေရာ အများစုကိုတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်ထားပါတယ်။

ဒါ့အပြင်  မန္တလေးတိုင်း မတ္တရာ အနီးက ရွှေလုပ်ကွက်တချို့ကိုလည်း MDY- PDF က သိမ်းပိုက်ထိန်းချုပ်ထားပါသေးတယ်။

စစ်ကောင်စီဟာ ကျောက်မျက်ရတနာ ထွက်ရှိရာ ဒေသတွေကို လက်လွှတ်ထားရပေမယ့် စျေးကွက်အတွင်းရှိနေတဲ့ ယခင်မူလ ကျောက်မျက်ရတနာ တချို့ကို ထုတ်ဖော်ပြသ ရောင်းချလာခြင်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်အတွက် ရက်လည်ဆွမ်းကပ်တရားနာ ပြုလုပ်…

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ရဲ့ လေယာဥ်ဗုံးစထိမှန်ပြီး ကျဆုံးခဲ့တဲ့ ရဲဘော် အညာသားရဲ့ ရက်လည်ဆွမ်းကပ်တရားနာကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ထန်းတပင်မြို့နယ်မှာ စစ်တပ်ရဲ့ ထောက်ပို့စစ်ကြောင်းကို တိုက်ခိုက်ရာ လက်နက် ၅ လက် သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ထောက်ပို့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ လက်နက် ၅ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး -KNU တပ်မဟာ (၂) စစ်ရေးလှုပ်ရှားမှုအတွက် ရံပုံငွေ ရှာဖွေပေးနေတဲ့ စစ်တောင်းကမ်ပိန်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပိုက်ဆံအတု စက်ဖြင့် ကိုယ်တိုင်ထုတ် သုံးစွဲနေသည့် အမျိုးသမီး ကားဝယ်ရင်း ဖမ်းခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာမှာ ငွေတုထုတ်စက်တွေနဲ့ ပိုက်ဆံထုတ်ယူ သုံးစွဲနေတဲ့ အမျိုးသမီးကို စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဧရာ၀တီ PDF စစ်ဗျူဟာ ဖွဲ့စည်းနိုင်မှုအပေါ် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

တောင်ပိုင်းတိုင်းစစ်ဒေသမှာ ဧရာ၀တီ PDF စစ်ဗျူဟာ အမှတ် ၂၉ ကို ဖွဲ့စည်းနိုင်ခဲ့မှုအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (People’s Liberation Force)က သဝဏ်လွှာတစ်ရပ် ပေးပို့လိုက်ပါတယ်။
Read More

အောက်တိုဘာလအတွင်း TNLA စိုးမိုးထိန်းချုပ်နယ်မြေများတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှု ၂၈ ကြိမ်ပြုလုပ်ခဲ့၊ သံဃာတော်များအပါ ပြည်သူ ၁၉ ဦးအထိ သေဆုံးခဲ့

အကြမ်းဖက်စစ်တပ်က အောက်တိုဘာလအတွင်း တအာင်းတပ်မတော် TNLA စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ လေကြောင်းတိုက်ခိုက်မှု ၂၈ ကြိမ် ပြုလုပ်ခဲ့ရာ သံဃာတော်တွေနဲ့ ပြည်သူ ၁၉ ယောက်အထိ သေဆုံးခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထို-ဘီးလင်း လမ်းပိုင်းမှာ စစ်ကားတွေ ကြားဖြတ်တိုက်ခိုက်ခံရ၊ ၆ ယောက်ထက်မနည်း သေ

ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်က ကျိုက်ထို-ဘီးလင်းလမ်းပိုင်းမှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား (၆) ယောက်ထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၇၈၀၅၊ တပ်ခွဲ (၄) တပ်ခွဲဲမှူးက မောင်းကို ပြောပါတယ်။