စစ်ကိုင်းတိုင်း ချောင်းဦး-မြင်းမူ ကားလမ်းပေါ်က သံလွင်မြန်မာဆီဆိုင်အနီး ခရီးသွားကားနဲ့ ဆိုင်ကယ်တွေကို ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ပြီး စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက်သေပြီး ၁ ယောက် ဒဏ်ရာရရှိသွားတယ်လို့ လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ထံက သိရပါတယ်။
အကြမ်းဖက်စစ်သားတွေဟာ တော်လှန်ရေးရဲဘော်တွေ ထောင်ထားတဲ့ မိုင်းကွင်းအနီး ရောက်ရှိချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရုတ်ရုတ်သဲသဲဖြစ်နေချိန် စနိုက်ပါနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ထိခိုက်သေဆုံးမှုကို ဒီနေ့ နိုဝင်ဘာ ၁၈ ရက်မှာ အတည်ပြုနိုင်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်သား ၄ ယောက်သေကာ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ ( မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃)၊ ရေနဂါး ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မီးတောက်ခွဲ (မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ -၄)နဲ့ မုံရွာခရိုင် အမှတ်-၁၅ တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။