စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်း အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်တွေကို နိုဝင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းက Fixed-Wing  Drone တွေနဲ့ ဗုံးသီး ၅ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ရေဦးမြို့နယ်ထံက သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းဟာ တန့်ဆည်မြို့နယ်ကို စစ်ကြောင်းထိုးခဲ့ပြီးနောက် ရေဦးမြို့နယ် မုန်တိုင်ပင်ရွာက ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ပတ်ဝန်းကျင်က ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချနေတဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း (ရေဦးPDF) နဲ့ ရေဦးမြို့နယ် ပ.က.ဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က ဒရုန်း ၁ စီး ပျက်စီးဆုံးရှုံးခဲ့ကာ စစ်ကောင်စီဘက်က ထိခိုက်မှုကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် ဘလယ်ဒိုစခန်းမြင်ကွင်း (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်ရှိ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ဘလယ်ဒိုစခန်းကို အခုလိုပဲ မြင်တွေ့ရပါတယ်။
Read More

ပူပူနွေးနွေး သိမ်းပိုက်ထားသည့် အင်းတော်မြို့မှာ PDF များကို အိုးစည်ဒိုးပတ်များဖြင့် ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ဒီရက်ပိုင်းအတွင်း အောင်မြင်စွာ သိမ်းပိုက်ထားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ကင်းစင်သွားတဲ့ အင်းတော်မြို့မှာ PDF ရဲဘော်တွေကို ပြည်သူလူထုက အိုးစည်ဒိုးပတ်တွေနဲ့ ကြိုဆိုကခုန်ကာ ဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသ PDF တပ်ဖွဲ့တွေရဲ့ စစ်ရေးလေ့ကျင့်ပြင်ဆင်မှု (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တောင်ပိုင်းစစ်ဒေသက PDF တပ်ဖွဲ့ဝင်တွေရဲ့ ပြင်းပြင်းထန်ထန်  စစ်ရေးလေ့ကျင့်နေတဲ့ ရုပ်သံမှတ်တမ်းတွေကို ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ရေစကြိုမှာ သန်းခေါင်စာရင်းကောက်ဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေ အနီးကပ်ချုံခိုတိုက်ခိုက်ခံရပြီး ၁ ယောက်သေ၊ ၅ ယောက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ် အမှတ် (၇) ၅၀၀ ရပ်ကွက်အတွင်း သန်းခေါင်စာရင်းကောက်ဖို့လာတဲ့ အင်အား ၅၀ ခန့်ရှိ အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၁၀ ရက် မနေ့က နေ့လယ်ပိုင်းမှာ တော်လှန်ရေးတပ်တွေ အနီးကပ်ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ်ထံက သိရပါတယ်။
Read More

တောင်ကိုရီးယား စစ်ကော်မရှင်သံရုံးအနီး ဆန္ဒပြ ပြည်သူများကို ဒေါ်ဇင်မာအောင် သွားရောက် ဂုဏ်ပြုနှုတ်ဆက် (ရုပ်/သံ)

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ စစ်ကော်မရှင်သံရုံးအနီး ပြုလုပ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က သွားရောက်ကာ ဂုဏ်ပြု နှုတ်ဆက်ခဲ့ပါတယ်။
Read More

တရုတ်-မြန်မာနယ်စပ်မြို့ ကန်ပိုက်တီကို KIA စတင်တိုက်ခိုက်ထိုးစစ်ဆင်နေ (ရုပ်/သံ)

ကချင်ပြည်နယ်မှာ နောက်ဆုံးကျန်ရှိနေတဲ့ တရုတ်-မြန်မာနယ်စပ်မြို့ ကန်ပိုက်တီကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က စတင်ထိုးစစ်ဆင် တိုက်ခိုက်နေပြီဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြလာပါတယ်။