ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံအနီးက သမာဓိ ၁ လမ်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ မှော်ဘီလေတပ်စခန်း ပိုင်းလော့ ဗိုလ်ကြီးအဆင့်ရှိသူဟာ လင်မယားချင်း စကားများရာကနေ ဇနီးဖြစ်သူကို သေနတ်နဲ့ ပစ်သတ်ခဲ့သလို ဇနီးဖြစ်သူရဲ့ နာရေးကိုလည်း တိုးတိုးတိတ်တိတ် ခိုးလုပ်ခဲ့ကြောင်း မှော်ဘီလေတပ်စခန်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

စစ်ကောင်စီ လေတပ်အရာရှိတချို့ဟာ တပ်ပြင်ပမှာ နေထိုင်ခွင့် ရရှိနေပြီး စစ်တပ်က ထုတ်ပေးထားတဲ့ ၉ မမ ပစ္စတိုပါ ကိုင်ဆောင်ခွင့်ပေးထားကြောင်း သိရပါတယ်။

“ကျနော်တို့အမြင်ကတော့ လေတပ်ထဲက ပိုင်းလော့တွေက တပ်ပြင်နေထိုင်ခွင့်ပေးထားသေးတယ်။ ဘယ်လိုထွက်ပြီး နေတာလဲတော့မသိဘူး။ ပေးထားပေမယ့် အဆောင်အယောင် ပစ္စတိုတွေကို သိမ်းမထားဘူး။ လုံခြုံရေးတော့ စိတ်မချဘူးဆိုတဲ့ အနေအထားမျိုးတွေ့ရတယ်။ ပြီးတော့ တိုးတိုးတိတ်တိတ် လုပ်သွားတယ်ဆိုတာက ဒီကိစ္စကိုဖုံးဖိထားတယ်။ တပ်တွင်းအရှက်ရစရာတွေ ဖြစ်သွားမယ်ဆိုတော့ တပ်တွင်း အရှုပ်အထွေးတွေ ရှိလာနိုင်တယ်။ ပိုင်းလော့တွေဆိုတာက ရိုးရိုးစစ်ဗိုလ်တွေနဲ့ မတူဘူး။ အရေအတွက်က တော်တော်ရှားတယ်။ ပိုင်းလော့တစ်ယောက်က ကုန်ကျမှုတွေ အတော်များပြီး လေ့ကျင့်ထားရတာဆိုတော့ ဖုံးဖိထားပြီး ဆက်သုံးချင်တဲ့နေရာမှာ သုံးဖို့ထားတာလို့မြင်မိပါတယ်” လို့ CDM ဗိုလ်ကြီး ဇင်ယော်က မောင်းကို ပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်တဲ့ အမျိုးသားတစ်ယောက်ကလည်း “အောက်တိုဘာလလယ်လောက်က ဖြစ်တာ။ သတင်းထွက်မှာစိုးလို့ ဖုံးဖိပြီး လုပ်သွားတာ။ နာရေးကိုလည်း အကျဉ်းချုံးလုပ်တယ်။ စစ်တပ်အသိုင်းအဝိုင်းက တစ်ယောက်မှ မလာဘူး။ သူ့မိန်းမသူ ပြန်သတ်တဲ့ မှော်ဘဖိလေတပ်က အရာရှိ သူကိုယ်တိုင်ပဲ လုပ်သွားတာ။ အခုချိန်က သိတဲ့အတိုင်းပဲ။ စစ်သားဆို အကုန်ကြောက်နေကြရတာ။ အရာရှိဖြစ်တော့ ပိုဆိုးတာပေါ့။ အခုတော့ ဘာသတင်းအစအနမှ မထွက်ဘူး။ အဲဒီအရာရှိကတော့ တခါတလေ လမ်းထဲကို လာနေတုန်းပဲ” လို့ ပြောပါတယ်။

ရန်ကုန်မှော်ဘီလေတပ်စခန်းဟာ တော်လှန်ရေးတပ်ဖွဲ့တွေရှိတဲ့ နေရာတွေနဲ့ အညာဒေသတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေမှာ အဓိက ပါဝင်နေပြီး လေတပ်စခန်းကနေ နေ့စဉ်ဆိုသလို လေယာဉ်ပျံသန်းမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မိုးဗြဲမြို့ကို သာလွန်အင်အားနှင့် ထိုးစစ်ဆင်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို နေပြည်တော် PDF တပ်ရင်း ၈၀၅ က မဟာမိတ်တပ်များနှင့်အတူ ခုခံကာကွယ်နေ…

ကရင်နီပြည်နယ်ရှိ မိုးဗြဲမြို့ကို သာလွန်အင်အားနဲ့ ထိုးစစ်ဆင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်း ၈၀၅ က မဟာမိတ်တပ်တွေနဲ့အတူ ခုခံကာကွယ်နေတယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အလင်းဝင်ဖို့ ချိတ်ဆက်လာတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်ကို တော်လှန်ရေးတပ်ဖွဲ့ ၂ ဖွဲ့ သွားရောက်ကယ်ထုတ်

ကရင်နီပြည်၊ မိုးဗြဲမြို့အခြေစိုက် ခမရ (၄၂၂) တပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်ဟာ အလင်းဝင်ဖို့ ချိတ်ဆက်လာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ ၂ ဖွဲ့ အတူ ပူးပေါင်းပြီး သွားရောက်ကယ်ထုတ်ခဲ့တယ်လို့ ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု - SSLRU က ထုတ်ပြန်ထားပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်မြောက်ချိန် ရှမ်းမြောက်မှာ အရပ်သားပြည်သူ ၁၀၀၀ကျော် ထိခိုက်သေဆုံးခဲ့

"၁၀၂၇ စစ်ဆင်ရေး"  တစ်နှစ်ပြည့်မြောက်ချိန်မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သေဆုံးသူနဲ့ ဒဏ်ရာရသူ စုစုပေါင်း ၁၀၀၀ ကျော်အထိ ရှိခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက် (HRAN)က ထုတ်ပြန်ပါတယ်။
Read More

မြိုင်မြိို့နယ်လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲဆင်နွှဲချိန် အသက်ပေးလှူခဲ့ရတဲ့ ရဲဘော်တွေရဲ့ တစ်နှစ်ပြည့် အမှတ်ရဖွယ် အခမ်းအနား… (ဓာတ်ပုံသတင်း)

ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ် (ပ.က.ဖ) မှာ တာဝန်ထမ်းဆောင်ခဲ့ကာ မြိုင်မြိို့နယ်လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲဆင်နွှဲချိန် အသက်ပေးလှူခဲ့ရတဲ့ ရဲဘော်တွေရဲ့ တစ်နှစ်ပြည့် အမှတ်ရဖွယ် အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ရေစကြိုမြို့နယ် (ပ.က.ဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးမြို့အနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ စစ်တပ်က ၁၀ ဦးသေပြီး ၇ ဦးအရှင်ဖမ်းမိ…

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့အနီး တောင်စုကျေးရွာအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်က ၁၀ ယောက်သေဆုံးပြီး ၇ ​ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ Falcons Guerrilla Force (စွန်ရဲ) တပ်ဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

ABSDF စစ်ကြောင်း ၃ နယ်မြေက ပြည်သူတွေနဲ့ တော်လှန်ရဲဘော်တွေရဲ့ မြန်မာ့ရိုးရာ စုပေါင်းဘုံကထိန်ပွဲတော် (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) - ABSDF ၊ အမှတ် ၃ စစ်ကြောင်း လှုပ်ရှားနယ်မြေမှာ ပြည်သူတွေနဲ့ တော်လှန်ရေး ရဲဘော်တွေ စုပေါင်းကျင်းပပြုလုပ်တဲ့ မြန်မာ့ရိုးရာ စုပေါင်းဘုံကထိန်ပွဲတော် ပုံရိပ်တွေကို ABSDF အမှတ် ၃ စစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ဖော်ပြထားပါတယ်။