ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စု၊ လအိကျေးရွာအနီးက ဘန်ကောက်စစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ 1007 MOBYE PDF 2 က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၁၈ ရက် ဒီနေ့ နေ့လယ်ပိုင်းက ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စု၊ လအိကျေးရွာအနီးမှာရှိတဲ့ ဘန်ကောက် စစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဥ် (၂) စင်းသုံးပြီး ပေါင် ၅၀၀ ဗုံးနဲ့ (၁) ကြိမ်၊ ပေါင် ၂၀၀  ရှိတဲ့ ဗုံးသီးနဲ့ တစ်ခါကြဲ (၂)ကြိမ်နှုန်းနဲ့ စုစုပေါင်း ဗုံး (၅) လုံး လာရောက်ကြဲချခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘန်ကောက်စစ်ဘေးရှောင်စခန်းနဲ့ အဲ့ဒီအနီးတဝိုက်က ပြည်သူတွေရဲ့ နေအိမ်၊ ဘာသာရေးဘုရားကျောင်း၊ စပါးကျီတွေနဲ့ လူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ဘာကြောင့် ဒီနေရာကိုပဲ ထပ်ခါထပ်ခါကြဲရတာလဲ။ ငါတို့မှာ ဘာအပြစ်ရှိတာကြောင့်လဲ။” လို့ စစ်ဘေးရှောင်တစ်စ်ယောက်က ပြောဆိုထားပါတယ်။

ဘန်ကောက်စစ်ဘေးရှောင်စခန်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ (၅) ရက်ကလည်း လေယာ​ဥ် ဗုံးကြဲတိုက်ခိုက်ခံရမှု​​ကြောင့် အသက်မပြည့်တဲ့ ကလေးသူငယ်နဲ့ အမျိုးသမီးအပါအဝင် လူ (၁၀) ယောက်နီးပါး သေဆုံးခဲ့ပါသေးတယ်။ 

အဲ့ဒီဖြစ်စဥ်နောက်ပိုင်း စစ်ဘေးရှောင်အများစုက တခြားနေရာကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပေမယ့် ရွှေ့ပြောင်းဖို့ အခက်အခဲရှိနေတဲ့ တချို့စစ်ဘေးရှောင်တွေက ဆက်လက်ကျန်ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွှေစက်တော်ဘုရားအနီး စစ်ကောင်စီရဲ့ လက်ပတော ရဲစခန်းကို ဒရုန်းစစ်ဆင်ရေးပြုလုပ်

ရွှေစက်တော်ဘုရားအနီးက စစ်ကောင်စီရဲ့ လက်ပတော ရဲစခန်းကို ဒရုန်းဗုံးသီးအလုံးရေ ၂၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်(၆) တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူတွင် သင်္ကန်းဝတ် ဝါယမ လက်ပါးစေ ပျူအဖွဲ့နှင့် တပ်မ ၁၀၁ ပူးပေါင်းစစ်ကြောင်းထိုးနေ၊ စက်တပ်လေထီး ဗုံးကြဲမှုကြောင့် အရပ်သား ၂ ဦး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ သင်္ကန်းဝတ် ဝါယမ လက်ပါးစေ ပျူစောထီးတွေနဲ့ စစ်တပ်ပူးပေါင်းစစ်ကြောင်းက ကျေးရွာတွေကို စီးနင်းဝင်ရောက်နေပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း လုပ်ဆောင်နေတာကြောင့် အရပ်သား ၂ယောက် သေဆုံးပြီး ၃ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

မန္တလေး ဆေးတက္ကသိုလ် CDM ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်ကို NUG ကျန်းမာရေး ဒုဝန်ကြီးအဖြစ် ခန့်အပ်…

မန္တလေး ဆေးတက္ကသိုလ်က CDM ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်လိုက်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က မေလ ၁၆ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းတွင် စစ်အုပ်စု အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုး​ ဝင်ရောက်နေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးဝင်ရောက်နေမှုကြောင့် ​အရပ်သားတွေစိုးရိမ်တကြီး တိမ်းရှောင်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

မင်းရွာက စစ်ကောင်စီတပ်ကို စခန်းသိမ်းဖို့ ကြိုးပမ်းခဲ့ပေမယ့် ကျည်မလုံလောက်လို့ ပြန်လည်ဆုတ်ခွါခဲ့ရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေရှိနေတဲ့ ရေလယ်ကျွန်းဒေသ၊ မင်းရွာကို တော်လှန်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကျည်အင်အားနည်းပါးတာကြောင့် စခန်းသိမ်းတိုက်ပွဲတော့ မဆင်နွှဲနိုင်ခဲ့ဘူးလို့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ (M.C.R.F) က ထုတ်ပြန်ပါတယ်။