အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ ဟာ  အမေရိကန်ပြည် ထောင်စု၊ တောင်ပိုင်းကယ်လီဖိုးနီးယားမှာ  ပြည်ပရောက်မြန်မာတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံပွဲကို မနေ့က  နိုဝင်ဘာ ၁၆ ရက်နေ့  မွန်းလွဲပိုင်းမှာ  မြန်မာမိသားစုများနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

(ဓာတ်ပုံ Radio NUG)
(ဓာတ်ပုံ Radio NUG)

တွေ့ဆုံပွဲကို လော့စ်အိန်ဂျယ်လိစ်ကောင်တီ ဘော်ဒွင်ပတ်ခ်မြို့တွင် ကျင်းပခဲ့ပြီး  ဒေါက်တာဆာဆာက ပြည်တွင်းပြည်ပ အင်အားစုများ စည်းလုံးညီညွတ်ရေးနေဖို့လည်း တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

 စစ်အုပ်စုအပေါ် ဘဏ္ဍာရေး၊ တရားဝင်မှုနှင့် စစ်လက်နက်အကူပစ္စည်းများ ဖြတ်တောက်ရေးအတွက် ဆောင်ရွက်နေမှုတဲ့အပေါ်လည်း အမေရိကန်ရောက်မြန်မာတွေကို အသိပေးပြောကြားခဲ့ပါတယ်။

(ဓာတ်ပုံ Radio NUG)

တွေ့ဆုံပွဲအတွင်း အမေရိကရောက်မြန်မာတွေက တော်လှန်ရေးအတွက် ရန်ပုံငွေများပေးအပ်ခဲ့ပြီး ရရှိလာတဲ့ငွေကြေးတွေကို စစ်ဘေးသင့်ပြည်သူတွေထံ ကူညီပံ့ပိုးသွားမယ်လို့လည်း သိရပါတယ်။

(ဓာတ်ပုံ Radio NUG)
(ဓာတ်ပုံ Radio NUG)
(ဓာတ်ပုံ Radio NUG)
0 Shares:
You May Also Like
Read More

ဘုတလင်မှာ မဝင်းမော်ဦး ကျဆုံးခြင်း (၃၆) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဓာတ်ပုံပြပွဲနဲ့ ဆွေးနွေးပွဲပြုလုပ် (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ( တကသများ-ရန်ကုန် ) နဲ့ ကျောင်းသားလက်ရုံးတပ်တော်က မဝင်းမော်ဦး ကျဆုံးခြင်း (၃၆) နှစ်ပြည့်အဖြစ် ၈ လေးလုံး အရေးတော်ပုံ အထိမ်းအမှတ်သမိုင်းကြောင်း ဓာတ်ပုံပြပွဲနဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

TNLA ​က အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း အပတ်စဉ် (၂) ဖွင့်လှစ်

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA စိုးမိုးနယ်မြေ တစ်နေရာမှာ တရားဥပဒေစိုးမိုးရေးအတွက် အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း အပတ်စဉ် (၂) ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၄ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေ့ပြောင်းအကျဥ်းသားများကို အိုးဘိုထောင်အာဏာပိုင်များ အကြမ်းဖက်ရိုက်နှက်မှုကြောင့် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အပါ နိုင်ငံရေးအကျဥ်းသား ၅၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ…

"မနေ့က ၁၁ နာရီနဲ့ ၁၂ကြားမှာ အိုးဘိုထောင်ကို ကားတွေနဲ့ရောက်တယ်ပေါ့။ ရောက်တာနဲ့ဘာအကြောင်းပြချက်ကိုမှမပေးပဲ ရိုက်တာပါ။ တစ်ချို့ကလည်း ရိုက်လို့ကောင်းအောင်အကြောင်းပြချက်ပေးတယ်။ ထောင်ပြောင်းတဲ့လမ်းခရီးမှာ လုံခြုံရေးထိခိုက်အောင်သတင်းတွေထွက်စေလို့ဆိုတဲ့အကြောင်းပြချက်တွေပေးပြီးရိုက်တာပေါ့။ တစ်ချို့ကိုလည်း​ထောင်ပြောင်းတဲ့အခါ ဦးချိုးတာပေါ့။ ဦးဆောင်သူလို့ ယူဆရတဲ့သူတွေ ငြိမ်သွားအောင်ဆိုပြီး လုပ်တဲ့သဘောပါ။" လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တာဝန်ခံ ကိုသိုက်ထွန်းဦးက မောင်းသတင်းဌာနကိုပြောပါတယ်။
Read More

ပဲခူးတိုင်းရှိ ပကဖ ရဲဘော်များကို လက်နက်တပ်ဆင်

ပဲခူးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တိုက်ခိုက်ရေးအဖွဲ့တွေကို မတ်လ (၁၆)ရက်မှာ တိုင်း ပကဖ စစ်ရေးတာဝန်ခံက လက်နက်တွေ တပ်ဆင်ပေးခဲ့တယ်လို့ ပကဖ အသံက ဒီနေ့ သတင်းဖော်ပြထားပါတယ်။
Read More

ဇီးကုန်းမှာ ရွာစဥ်လှည့် ပေါ်တာဆွဲနေတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၃ ယောက်သေ

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်မှာ ရွာစဥ်လှည့် ပေါ်တာဆွဲနေတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၃ ယောက်သေ​ပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်လို့ ကြို့ပင်ကောက်အခြေစိုက် BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တာဝန်ခံ ဗိုလ်တေဇမင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

နှစ်ပေါင်း ၃၀ ကြာပြီးနောက် မာနယ်ပလောမှာ ပထမဆုံးအကြိမ် ကရင့်တော်လှန်ရေးနေ့ ပြန်လည်ကျင်းပ

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထပ်မံသိမ်းပိုက်အုပ်ချုပ်နိုင်တဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့တွေကို