အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ ဟာ  အမေရိကန်ပြည် ထောင်စု၊ တောင်ပိုင်းကယ်လီဖိုးနီးယားမှာ  ပြည်ပရောက်မြန်မာတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံပွဲကို မနေ့က  နိုဝင်ဘာ ၁၆ ရက်နေ့  မွန်းလွဲပိုင်းမှာ  မြန်မာမိသားစုများနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

(ဓာတ်ပုံ Radio NUG)
(ဓာတ်ပုံ Radio NUG)

တွေ့ဆုံပွဲကို လော့စ်အိန်ဂျယ်လိစ်ကောင်တီ ဘော်ဒွင်ပတ်ခ်မြို့တွင် ကျင်းပခဲ့ပြီး  ဒေါက်တာဆာဆာက ပြည်တွင်းပြည်ပ အင်အားစုများ စည်းလုံးညီညွတ်ရေးနေဖို့လည်း တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

 စစ်အုပ်စုအပေါ် ဘဏ္ဍာရေး၊ တရားဝင်မှုနှင့် စစ်လက်နက်အကူပစ္စည်းများ ဖြတ်တောက်ရေးအတွက် ဆောင်ရွက်နေမှုတဲ့အပေါ်လည်း အမေရိကန်ရောက်မြန်မာတွေကို အသိပေးပြောကြားခဲ့ပါတယ်။

(ဓာတ်ပုံ Radio NUG)

တွေ့ဆုံပွဲအတွင်း အမေရိကရောက်မြန်မာတွေက တော်လှန်ရေးအတွက် ရန်ပုံငွေများပေးအပ်ခဲ့ပြီး ရရှိလာတဲ့ငွေကြေးတွေကို စစ်ဘေးသင့်ပြည်သူတွေထံ ကူညီပံ့ပိုးသွားမယ်လို့လည်း သိရပါတယ်။

(ဓာတ်ပုံ Radio NUG)
(ဓာတ်ပုံ Radio NUG)
(ဓာတ်ပုံ Radio NUG)
0 Shares:
You May Also Like
Read More

ခင်ဦးမြို့နယ်မှာ တန်ဆောင်တိုင်အထိမ်းအမှတ် NUG အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက ပကဖ ရဲဘော်တွေကို အခြေခံ နိုင်ငံရေးသဘောတရားတွေ၊ ဆုံးမသြဝါဒစကားတွေ ပြောကြားခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မြို့နယ်အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက ပြည်သူ့ကာကွယ်ရေးအဖွဲ့ရှိ ရဲဘော်တွေကို တွေ့ဆုံပြီး အခြေခံ နိုင်ငံရေးသဘောတရားတွေ၊ ဆုံးမသြဝါဒစကားတွေ ပြောကြားခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
Read More

KNU ဌာနချုပ်ကို အကြမ်းဖက်စစ်တပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအပြီး ဒေသခံတချို့ ထိုင်းနိုင်ငံဘက်အခြမ်းကို ထွက်ပြေးတိမ်းရှောင်နေကြရ

ကရင်ပြည်နယ် KNU တပ်မဟာ (၇) နယ်မြေမှာရှိတဲ့ KNU/KNLA ဗဟိုစစ်ရုံးဌာနချုပ်ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ဒေသခံတချို့ ထိုင်းနိုင်ငံဘက်အခြမ်းကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရပါတယ်။
Read More

တနင်္သာရီတိုင်း ဒရုန်းလက်ရုံးတပ်ဖွဲ့ Dragon Squad TNI (UAV Force)ရဲ့ အပတ်စဥ်(၃) ဒရုန်းသင်တန်းဆင်းပွဲ…

တနင်္သာရီတိုင်းအခြေစိုက် ဒရုန်းလက်ရုံးတပ်ဖွဲ့ Dragon Squad TNI (UAV Force)ရဲ့ အပတ်စဥ်(၃) ဒရုန်းသင်တန်းကို ပြုလုပ်ပြီးစီးခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ထိုင်း − မြန်မာနယ်စပ် ငါးရံ့နီစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ ငါးရံ့နီစခန်းက စစ်ကောင်စီတပ်သားတွေဟာ ဇွန်လ ၁၂ ရက်နေ့မှာ စခန်းကို စွန့်ခွာထွက်ပြေးသွားတယ်လို့ တပ်မဟာ (၄) မြိတ်−ထားဝယ်ခရိုင်အတွင်းရေးမှူးက မောင်းကို ပြောပါတယ်။
Read More

တိုက်ပွဲရက်ဆက် ဖြစ်ပွါးခဲ့သည့် ရေစကြိုတွင် စစ်ကြောင်းဝင်လာစဥ် မပြေးနိုင်သည့်  သက်ကြီးပိုင်း အရပ်သားများကို စစ်ကောင်စီ မီးရှို့သတ်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က ထွက်မပြေးနိုင်တဲ့ သက်ကြီးပိုင်းအရပ်သား ၅ ယောက်ကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ရေတာရှည်က တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ နေပြည်တော် PDF က ရဲဘော် ၃ ယောက်ရဲ့ ရက်လည်အခမ်းအနား ပြုလုပ်… (ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်က တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော် ၃ ယောက်ရဲ့ ရက်လည်အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာန ၊ နေပြည်တော်PDF ၊ တပ်ရင်း (၉၀၁) က ဒီနေ့ ထုတ်ပြန်ပါတယ်။