မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် အခြေစိုက် Freedom Fighter Guerrilla Force ရဲ့ အပတ်စဥ် (၂) အခြေခံ စစ်သင်တန်းဆင်းပွဲ နဲ့ ယူနီဖောင်း ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ Freedom Fighter Guerrilla Force က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၁၅ ရက်မှာ ပြုလုပ်ခဲ့တဲ့ အဲဒီအခမ်းအနားကို စစ်ကြောင်း အခြေ အနေကြောင့် ရှေ့တန်း စစ်မြေပြင် တစ်နေရာမှာ အကျဥ်းရုံးသာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။