စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မြောက်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၂ကြောင်း အပြိုင်ထိုးကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့  ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 

မနေ့က နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းကနေ စတင်ပြီး အင်အား ၁၈၀ ကျော်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကန့်ဘလူနယ်၊ ကာဘိုးအထိုင်စခန်းကနေ တန့်ဆည်နယ်အရှေ့ခြမ်း ရွှေလမ် ငတန်းရွာမှာ အင်အားချပြီးနောက် ရေဦးနယ် မြောက်ခြမ်းက ရွာဗုကြီးရွာကို ဝင်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။ 

တဆက်တည်းမှာပဲ တန့်ဆည်နယ်တောင်ဘက်ခြမ်း ကျွဲဆွဲရွာမှာ အထိုင်ချထားတဲ့ စစ်ကြောင်းကလည်း အင်အား (၅၀) ခန့်နဲ့ တနယ်ရွာဘက်ကနေ စတင်စစ်ကြောင်းထိုးလာပြီးနောက်မှာ တန့်ဆည်နယ် တောင်ပိုင်းက  ခပေါင်းကြိုင်ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ 

“မနေ့က ရေဦးနယ် မြောက်ဘက်ခြမ်း ရောက်နေတဲ့စစ်ကြောင်းက ဒီနေ့မနက်မှာ ရွာဗုကြီးရွာ၊ ကြို့ထိမ်းရွာနဲ့ တန့်ဆည်နယ်အစပ် ကလဇင်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်။ လက်ရှိ အဲရွာတွေဘက်ကနေ မုံတိုင်ပင်ရွာထဲ ဆက်လက်ဝင်ရောက်ထားတယ်။ အင်အားက ၁၈၀ လောက်ပါတာမို့ အဖွဲ့တွေခွဲပြီး ကျေးရွာတွေကို အကြောင်းမဲ့ဝင်စီးနေကြတာ” လို့ ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က မောင်းကို ပြောပါတယ်။ 

လက်ရှိမှာ အဲဒီစစ်ကြောင်းဟာ မုံတိုင်ပင်ရွာနဲ့ ဆီဆုံရွာကိုလည်း မီးရှို့မှုတွေ လုပ်ဆောင်နေပြီး ကပ်လျက်ရွာတွေဖြစ်တဲ့ ရှမ်းဆိပ်ရွာမှာလည်း အဖွဲ့ခွဲကာ စစ်ကြောင်းဆက်လက်ထိုးနေတယ်လို့ဆိုပါတယ်။ 

အခုလို စစ်ကြောင်း ၂ကြောင်းထိုး တိုက်ခိုက်မှုတွေကြောင့် ရေဦးနယ်ထဲမှာ ပြည်သူ ၇၀၀၀ နီးပါး ဘေးလွတ်ရာ ရှောင်တိမ်းနေရတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

နတ်သံကွင်း၊ ကွင်းချောင်းဝဗျူဟာရှိ အကြမ်းဖက်စစ်တပ်မှ ပြည်သူ့စစ် (၈) ဦး လက်နက်မဲ့ အလင်းဝင်

ပဲခူးတိုင်းအခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ နတ်သံကွင်း၊ ကွင်းချောင်းဝဗျူဟာမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းသင်တန်းဆင်း ပြည်သူ့စစ် (၈) ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ဗျူဟာ(၂၅)ကွပ်ကဲမှုအောက်ရှိ ပဲခူးခရိုင် တပ်ရင်း ၂ က မနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မြဝတီ – ကော့ကရိတ် အာရှလမ်းပိုင်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေ…

ကရင်ပြည်နယ်၊ မြဝတီ- ကော့ကရိတ်အာရှလမ်းပိုင်း ဒေါနတောင်ပေါ်မှာ ရှိတဲ့ တောနော် အနီးတဝိုက်မှာ တကြော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

NLD ဒုဥက္ကဌ (၂)၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျဆုံးခြင်း တစ်လပြည့် အောက်မေ့ဖွယ် အခမ်းအနား ဩစတြေးလျမှာ ပြုလုပ်

သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ Werribee မှာ ”အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ (၂)၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျဆုံးခြင်း တလပြည့် အောက်မေ့ဖွယ် အခမ်းအနား" ကို နိုဝင်ဘာလ (၉)ရက်က ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အောက်မေ့ဖွယ် အခမ်းအနားကို လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

သတိထားရမည့် ဂျိုင်ရိုကော်ပတာ (gyrocopter) ယာဉ်များ

လက်ရှိ မိုးရာသီရောက်ရှိလာချိန်မှာ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေမှာ အရင်က အသုံးပြုခဲ့တဲ့ စက်တပ်လေထီး (Paramotor) တွေအစား လေပြင်းတိုက်ခတ်မှုဒဏ်ကို ပိုမိုခံနိုင်တဲ့ ဂျိုင်ရိုကော်ပတာ (gyrocopter) ယာဉ်တွေကို စတင် အသုံးပြုနေပြီလို့ သိရပါတယ်။
Read More

မအူပင်မြို့မှာ ကင်းလှည့်နေတဲ့ရဲ လေးခွနဲ့အပစ်ခံရ၊ ပစ်သူကို လုံးထွေးသတ်ပုတ်ဖမ်းဆီးစဥ် အချွန်နဲ့ထိုးပြီး ထွက်ပြေးသွား

ဧရာဝတီတိုင်း မအူပင်မြို့မှာ ပြည်သူ့စစ်၊ မီးသတ်တွေနဲ့ ညစဥ်ကင်းပတ်နေတဲ့ ရဲနှစ်ဦး လေးခွနဲ့ ချောင်းအပစ်ခံရပြီး လေးခွပစ်သူကို လုံးထွေးသတ်ပုတ်ချိန်မှာ ချွန်ထက်တဲ့အရာနဲ့ထိုးလို့ ဖမ်းဆီးတဲ့ရဲ ဆေးရုံမှာ ဆေးကုသနေရကြောင်း မအူပင်ရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

ကန်ပက်လက်မြို့နယ်နှင့် ကျင်ဒွေးမြို့ကို ကိုယ်စားပြုသည့် Chin Defence Force – Kanpetlet ၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်နဲ့ ကျင်ဒွေးမြို့တို့ကို ထိန်းချုပ်ထားတဲ့ Chin Defence Force - Kanpetlet က အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။