ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်၊ ယင်းမှုကုန်းအုပ်စု၊ ယင်းမှုကုန်းရွာ အောင်ချမ်းသာရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံပြည်သူ ၁ ယောက်ကို PDF ဆိုပြီး စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးဦးဆောင်ကာ စစ်သား ၈ ယောက်က လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူမှာ အသက် ၅၀ အရွယ် အမျိုးသားဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက် နေ့လည်ပိုင်းမှာ ယင်းမှုကုန်းအုပ်ချုပ်ရေးမှူး ဦးဖိုးလုံးကနေ တိုင်တန်းသူရှိတယ်ဆိုကာ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
“ဖမ်းဆီးခံရသူ မိသားစုကတော့ ကျွန်တော်တို့ ဒေသအခေါ် ၁၄ စစ်တပ်မှာ ကိုမိုးကြီးအဖမ်းခံထားရတယ်လို့ပဲ သိထားတယ်။ မိသားစုနဲ့လည်း အဆက်အသွယ်မရပါဘူး။ ရဲစခန်းကရော၊ ထွေအုပ်ကနေရော လှမ်းပြီးဆက်သွယ်တာ မရှိခဲ့ပါဘူး။” လို့ အမည်မဖော်လိုတဲ့ ဒေသခံပြည်သူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
အခုလို ဖမ်းဆီးမှုတွေကို စစ်ကောင်စီက‌ မကြာမဏဆိုသလို လုပ်ဆောင်နေတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေ သေဆုံးသွားမှသာလျှင် မိသားစုဝင်တွေကို အကြောင်းကြားတယ်လို့ သူက ဆိုပါတယ်။
စစ်ကောင်စီဟာ သူတို့ လက်အောက်ခံ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ တိုက်ခိုက်ခံရရင် အခုလို ဖမ်းဆီးမှုတွေကို ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။
“ဒီလို ဖြစ်စဉ်တွေ မကြာခဏကြားနေရပါတယ်။ အရင် ဖြစ်စဥ်တွေက ရဲစခန်းကိုခေါ်ပြီး ဒါရှင်တို့သား DB ၊ ပုံတွေ ဒီမှာကြည့်။ အတည်ပြုပြီးရင် လက်မှတ်ထိုးခိုင်းပြီး ပြန်ခိုင်းတဲ့ ဖြစ်စဥ်မျိုးတွေ ရှိခဲ့ပါတယ်။ ရွှေတောင်မှာတော့ မစ်ရှင်တစ်ခု လုပ်ပြီးသွားရင် အပြစ်မဲ့ပြည်သူတွေကို စွပ်စွဲဖမ်းစီးပြီး မိသားစုနဲ့ အဆက်အသွယ်မရတော့ပဲ ဘယ်ရောက်လို့ ရောက်မှန်းမသိ ဖြစ်သွားကြပြီး လအနည်းငယ်အကြာခန့်မှာတော့ သေဆုံးသွားပါပြီ၊ ဓာတ်ပုံလာကြည့်အတည်ပြုပါဆိုပြီး မိသားစုတွေကို ခေါ်တာမျိုးတွေရှိနေပါတယ်။” လို့ ပဲခူးအနောက်ခြမ်းက ပကဖ အဖွဲ့ဝင်တစ်ယောက်က ဆိုပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးခံရသူကို ယင်းမှုကုန်း အုပ်ချုပ်ရေးမှူးရုံးကတဆင့် တပ်မ ၆၆ လက်အောက်ခံ ခလရ ၁၄ ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ပုံစာ – ဖမ်းဆီးခံရသူအမျိုးသား
0 Shares:
You May Also Like
Read More

မင်းတပ်မြို့တွင် အစုပြုံလိုက်ဗုံး (Cluster Bomb) များ အသုံးပြုကာ စစ်ကောင်စီ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်၊ အရပ်သား ၂ ဦး သေဆုံးပြီး ၁၁ ဦးဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ တိုက်နယ် အမှတ် (၁) အတွင်းက ကျေးရွာတွေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၁၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
Read More

KIO မှ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်နှင့် ယောတပ်တော် တွေ့ဆုံဆွေးနွေး (ဓာတ်ပုံသတင်း)

ယောဒေသမှာ အခြေပြုပြီး စစ်ရေးလှုပ်ရှားနေတဲ့ ယောတပ်တော် (YA) ရဲ့ တာဝန်ရှိသူတွေက ကချင်လွတ်လပ်ရေး အဖွဲ့ချုပ် (KIO/KIA) မှ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ယင်းမာပင်မြို့နယ်က ကျေးရွာတစ်ရွာမှာ တော်လှန်ရုပ်ရှင်ပြ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ သပိတ်ကော်မတီဝင်တွေနဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၁ ရဲဘော်တွေက ပြည်သူတွေကို တော်လှန်ရုပ်ရှင်တွေ ပြသခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ မူဆယ်မြို့မှာ တစ်လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၁၀) လောင်းတွေ့ရှိခဲ့တယ်လို့ TNLA ထုတ်ပြန်…

ရှမ်းပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ မူဆယ်မြို့မှာ နိုဝင်ဘာ (၁)လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၁၀) လောင်းတွေ့ရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
Read More

ပုလောမှာ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံး ၁၀ ဦးခန့် ရှိနိုင်၊ ရဲဘော် ၁ ဦးနှင့် ပြည်သူ ၁ ဦးလည်း သေဆုံးခဲ့

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းကနေ သတင်းထုတ်ပြန်လာပါတယ်။
Read More

စစ်ကိုင်း တပ်မ ၃၃က စစ်သားတွေ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၁၂ယောက်သေ၊ အများအပြားဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ တပ်မ ၃၃က ထွက်လာတဲ့ အကြမ်းဖက်စစ်ယာဉ်တန်းအပါအဝင် မိုင်းရှင်းစစ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၁၂ယောက်သေကာ အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။