မကွေးတိုင်း ပခုက္ကူမြို့နယ် အရှေ့ချောက်ကန်ကျေးရွာစစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို နိုဝင်ဘာ ၁၅ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Young Force – UG အဖွဲ့ထံက သိရပါတယ်။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားတွေ နေထိုင်တဲ့ အဆောက်အအုံကို ၄၀ မမ ဗုံးပစ် လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆောက်အအုံအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားသေဆုံးမှုရှိခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို Young Force UG နဲ့ Pakokku People Defense Force၊ BURMA REVOLUTION RANGERS အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ပခုက္ကူမြို့နယ် ရေလာလေးရွာရှိ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ အထိုင်ချထားတဲ့ ဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးအလုံး ၂၀ ကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် ရေလာလေးရွာက အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ အထိုင်ချထားတဲ့ ဂိတ်စခန်းကို နိုဝင်ဘာ ၂၆ ရက် နေ့လည်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးအလုံး ၂၀ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Black Eagle Drone Force အဖွဲ့ထံက သိရပါတယ်။
Read More

ပျူစောထီးတွေကို သင်တန်းပေးနေတဲ့ ကန်နီပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် ကန်နီပျူစခန်းအတွင်း သရက်ကွပျူစောထီးတွေကို သင်တန်းပေးနေတဲ့ သတင်းအရ ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲထံက သိရပါတယ်။
Read More

လွိုင်ကော်မြို့အနီးတိုက်ပွဲမှာ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်သား သုံ့ပန်းများ

''အိမ် ၂ လုံး ၃ လုံး မီးရှို့တာ မြင်ဖူးပါတယ်။ လူကြီးတွေက ကြီးကြပ်တဲ့ သူတွေက ရှို့ဆိုတော့လည်း ရှို့ရတာပေါ့။ ပစ်ကွင်းမလွတ်တဲ့ အိမ်တွေဆို ရှို့ရတယ်။ အဝတ်အစားတွေ့တဲ့ အိမ်တွေ‌ဆို ရှို့ရတယ်။ ဒီလိုမျိုးလုပ်ခဲ့မိတာတွေ ခွင့်လွတ်ပေးပါလို့ ပြည်သူတွေကို တောင်းပန်ပါတယ်။အကြောင်းကြောင်းကြောင့် လုပ်ခဲ့ရတာပေါ့။ လုံးဝ လွန်ဆန်လို့ မရလို့ ဗိုလ်ကြီးတွေ အထက်အရာရှိရဲ့ စကားကို လွန်ဆန်လို့မရလို့ လုပ်ခဲ့ရတာ ''
Read More

လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာရှိ အကြမ်းဖက်စစ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ် စခန်းကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို Dawei Guerrilla Revolutionary Force - DGRF က ထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီမြို့နယ်အတွင်း စစ်ကော်မရှင်ရဲ့ ရိက္ခာပို့ယာဉ်တန်းအား ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီမြို့နယ်တိုင်း တနင်္သာရီမြို့နယ်အတွင်း စစ်ကော်မရှင်ရဲ့ ရိက္ခာပို့ယာဉ်တန်းအား မိုင်းဆွဲပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပကဖ ဇုန်-၃ မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

Justice Soldier Droneတပ်ဖွဲ့ နည်းပညာအင်အားဖြည့်တင်းဖို့အတွက် သင်တန်းသားအယောက် ၂၀၀ ခေါ်ယူ (ရုပ်/သံ)

Justice Soldier Droneတပ်ဖွဲ့ နည်းပညာအင်အားဖြည့်တင်းဖို့အတွက် သင်တန်းသား အယောက် ၂၀၀ ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။