တနင်္သာရီတိုင်း ၊ လောင်းလုံးမြို့နယ်အတွင်းရှိ မိုက်ခရို ဝေ့တာဝါတိုင်နဲ့ စီမံကိန်းရုံးတို့က အကြမ်းဖက်စစ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ကျောက်နီမော်ကျေးရွာအောက်ပိုင်းအောက်ကျောက်ဝပ် ၊ ညောပြင်ကျေးရွာတွေဆီ နိုဝင်ဘာလ ၅ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ကျော်ခန့် စစ်ကြောင်းထိုးခဲ့တယကြောင့် နိုဝင်ဘာလ ၆ ရက်မှာ မိုက်ခရိုဝိတ်တာဝါတိုင်စခန်းနဲ့ နိုဝင်ဘာလ ၁၁ ရက်မှာ စစ်တပ်စခန်းချရာ စီမံကိန်း ရုံးတို့ကို လောင်းလုံး PDF က ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ၃ ယောက် သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုတွေကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ၊ ထားဝယ်ခရိုင် ဒရုန်းစစ်ဆင်ရေးအဖွဲ့ ၊ ဖယ်ဒရယ်ဓူဝံပြောက်ကျားတပ်ဖွဲ့ ၊ YPPDF နဲ့ နွေဦးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်က အာဆီယံ ဘုံသဘောတူညီချက်တွေကို လက်နက်သဖွယ်သုံးပြီး ရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့ လုပ်ဆောင်ဖွယ်ရှိနေ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မကြာခင်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုဖို့ အာဆီယံ ဘုံသဘောတူညီချက်တွေကို အပေးအယူသဘောမျိုး လုပ်ဆောင်လာနိုင်ကြောင်း နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပြောကြားလိုက်ပါတယ်။
Read More

မောင်တော နခခ (၅) စခန်းကို လှိုဏ်ခေါင်းတူးကာ နှစ်လနီးပါး ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း AA ထုတ်ပြန်၊ AA ရဲ့ မိုင်းရှင်းလင်းရေး စစ်သည်တချို့ အသက်နဲ့ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ - နခခ(၅) စခန်းသိမ်းတိုက်ပွဲအတွင်း နင်းမိုင်းအန္တရာယ်ကြောင့် လှိုင်ခေါင်းပါ တူးပြီး ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရကြောင်း ရက္ခိုင်တပ်တော် AA က  အသိပေးထုတ်ပြန်ထားတဲ့ ရုပ်သံဖိုင်မှာ တွေ့ရပါတယ်။
Read More

လက်နက်စက်ရုံ ကပစ- ၁၃ ကို ရှော့တိုက်ဒုံး အများအပြားနှင့် ပစ်ခတ်တိုက်ခိုက် …ထိခိုက်ပျက်စီးမှု များပြားနိုင်

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က စစ်ကောင်စီ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ- ၁၃) စက်ရုံကို ရှော့တိုက်ဒုံး ၁၀လုံးနဲ့ အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က‌ ဒီကနေ့သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

နတ်တလင်းက ပျူစောထီးကို ဖမ်းဆီး စစ်ဆေးစဉ် ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ပျဉ်ပုံ ပျုရွာက စစ်တပ်သတင်းပေးဖြစ်သူ ပျူစောထီး ချစ်ပိုဆိုသူကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးစစ်ဆေးစဉ်မှာ ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်းထံက သိရပါတယ်။
Read More

မြိုင်နဲ့ ရေစကြိုမှာ စစ်ကြောင်းဝင်မီးရှို့ပြီး လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေလို့ အရပ်သားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ရေစကြိုမြို့နယ်အစပ်ကကျေးရွာတွေမှာ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်မီးရှို့ပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
Read More

ဒိုက်ဦးထောင်မှာ နိုင်ကျဉ်းတစ်ယောက်ကို အပြစ်ကျူးလွန်ခြင်းမရှိဘဲ တိုက်ပိတ်ထား

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုထက်လင်းဦး (ခ) အိုဝမ်းကို ထောင်အာဏာပိုင်တွေက အပြစ်ကျူးလွန်ထားခြင်းမရှိဘဲ တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။