မန္တလေးတိုင်းက မိတ္ထီလာ ရှမ်းတဲ လေတပ်စခန်းနဲ့ တပ်မ ၉၉ ဌာနချုပ်တို့ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီက လေကြောင်းရန်ကာကွယ်ရေးအရာရှိ ၂ ယောက်နဲ့ အခြားအဆင့်ရှိသူ ၃ ယောက်တို့ကို တာဝန်ပေါ့လျော့မှုတွေနဲ့ အရေးယူစစ်ဆေးတာတွေ လုပ်ဆောင်နေ​တယ်လို့သတင်းရကြောင်း မိတ္ထီလာ ပကဖ တာဝန်ခံ ဦးနောင်ချိုက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်က မိတ္ထီလာရှမ်းတဲ လေတပ်စခန်းဝန်းနဲ့ တပ်မ ၉၉ ဌာနချုပ်တွေထဲကို တော်လှန်ရေးအင်အားစုတွေက အသေခံဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ပျက်စီးမှုတွေ များခဲ့ပါတယ်။
အဲ့ဒီအပေါ် စစ်ကောင်စီက လေကြောင်းရန်ကာကွယ်ရေးတပ်က ဗိုလ်မှုး၊ ဗိုလ်ကြီးအဆင့်ရှိသူနဲ့ တပ်ကြပ်အပါဝင် ၅ယောက်ကို အဲ့ဒီနေ့ညနေပိုင်းမှာ တာဝန်ပျက်ကွက်မှုတွေနဲ့ အရေးယူနိုင်ဖို့ နေပြည်တော်ဆီ ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
” ဒီအရာရှိ၂ယောက်နဲ့ အခြားအဆင့်ရှိသူတွေကရာထူးတိုးဖို့ ရှိပေမယ့် ကျနော်တို့တိုက်ခိုက်ခဲ့တာအပြီး ဒရုန်းတွေဝင်လာတာကို မသိလိုက်လို့ဆိုပြီး ဖမ်းသွားတယ်ပေါ့။ ဒါက နောက်ဆက်တွဲသိရတာပါ” လို့ မိတ္ထီလာ ပကဖ တာဝန်ခံ ဦးနောင်ချိုက ပြောပါတယ်။
မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းဝန်းနဲ့ တပ်မ ၉၉ ဌာနချုပ်ကို အသေခံဒရုန်း ၂၄ စီးနဲ့ တိုက်ခိုက်ခဲ့ရာမှာ ၁၈စီး အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
ဒရုန်းတွေကို လေတပ်ဝန်းထဲက လကသ အရာရှိအိမ်ရာ (လေကြောင်းအတတ်သင်)၊ ခဲယမ်းသိုလှောင်ရုံ၊ လထခ အရာရှိရိပ်သာ (လေကြောင်းထုတ်လုပ်)နဲ့ တပ်မ (၉၉ ) ဌာနချုပ်တွေဆီ ဦးတည်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
လေတပ်ဝန်းတိုက်ခိုက်ခံရမှုကြောင့် Y-12 စစ်လေယာဉ် ၂ စီးနဲ့ ထုတ်လုပ်ရေးစခန်း၂ ခုပျက်စီးခဲ့ပြီး အရာရှိ ၂ယောက်နဲ့ စစ်သား ၄ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
ဒီစစ်ဆင်ရေးကို မိတ္ထီလာမြို့နယ် ပကဖနဲ့အတူ မိတ္ထီလာ ဒရုန်းတပ်ဖွဲ့၊ မိတ္ထီလာ တပ်ရင်း (၃)၊ ၁၈၂၅ စစ်ကိုင်းခရိုင် ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း (၈) နဲ့ အမည်မဖော်လိုတဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့တွေက NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထောက်ပံ့ကူညီမှု၊ ရှားထူးဝေါနည်းပညာအဖွဲ့ရဲ့ နည်းပညာပိုင်းအကူအညီတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
မိတ္ထီလာ ရှမ်းတဲ လေတပ်စခန်းဟာ မြန်မာနိုင်ငံမှာအကြီးဆုံး လေယာဥ်ပြုပြင်ထိန်းသိမ်းရေးဌာနစခန်းဖြစ်သလို မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တွေမှာ လေကြောင်းပစ်ကူပေးနေတာကြောင့် စစ်ကောင်စီအတွက် အရေးပါတဲ့ တပ်စခန်းတစ်ခုဖြစ်ပါတယ်။
ပုံစာ – မိတ္ထီလာရှမ်းတဲ လေတပ်စခန်း
0 Shares:
You May Also Like
Read More

တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် မကွေးခရိုင် PDF တပ်ရင်း (၂) ၏ ရဲဘော် ၂ ဦးကို တပ်မှ ထုတ်ပယ်ကြောင်း ကြေညာ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန၊ မကွေးခရိုင် အမှတ်(၂)တပ်ရင်းက တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်ဝေလ (ခ) ဖြိုးပြည့်အောင်နဲ့ ရဲဘော်ပြောင်ကြီး (ခ) ဟိန်းမိုးစံတို့ကို တပ်ကနေ ထုတ်ပယ်ကြောင်း မိခင်တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ယင်းမာပင်ခရိုင် PDF တပ်ရင်း (၂၉) ရဲဘော်များကို ဂုဏ်ပြု (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကနေ ပြန်လာတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း၂၉ (ဒေါင်းမင်း - PDF) ရဲဘော်တွေကို ယင်းမာပင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တွေ့ဆုံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း၂၉ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဟားခါးမြို့နယ် အတွင်း ပြည်သူ့ဘဏ္ဍာငွေ ခြစားနေသည့် စစ်ကောင်မရှင် လက်ဝေခံများနှင့် ကုမ္ပဏီများကို ထိရောက်စွာ အရေးယူမည်ဟု CDF-Hakha ကြေညာ

ဟားခါးမြို့နယ်အတွင်းက  ပြည်သူ့ဘဏ္ဍာငွေ ခြစားနေတဲ့ စစ်ကောင်မရှင် လက်ဝေခံတွနဲ့ ကုမ္ပဏီတွေကို အရေးယူမှုတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့ CDF-Hakha က ကြေညာထား ပါတယ်။
Read More

ပေါက်မှာ စစ်ရှောင်သံဃာတစ်ပါးနဲ့ အရပ်သား၂ယောက်ကို စစ်အုပ်စုက ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထားတဲ့ သံဃာတော်တစ်ပါးနဲ့ အရပ်သား၂ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး ကျန်တဲ့သူတွေကိုပါ ညှင်းပန်းနှိပ်စက်နေကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ကလေးဝမြို့နယ်မှာ စစ်ကောင်စီတပ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားဘဲ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၂ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုသိမ်ကြီးနဲ့ မတ္တရာအစပ်က စစ်ကောင်စီတပ်စခန်းကို မန္တလေး PDF တိုက်ခိုက်သိမ်းပိုက်

မန္တလေးတိုင်း၊ ပုသိမ်ကြီးနဲ့ မတ္တရာမြို့နယ်အစပ် ထန်းပင်ကုန်းရွာက စစ်ကောင်စီတပ်စခန်းကို အပြီးသတ်သိမ်းပိုက်လိုက်ပြီး၊ လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။