စစ်ကိုင်းတိုင်း၊ ပုလဲမြို့မှာပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ပြည်သူ နှစ်သောင်းကျော်လောက်စစ်ဘေးရှောင်နေရ တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
BNRA ၊ GZ နဲ့ YSO တော်လှန်ရေးအဖွဲ့တွေက နိုဝင်ဘာ ၁၁ ရက် မနက်မှာ ပုလဲမြို့ကို စတင်ဝင်ရောက်တိုက်ခိုက်မှုကြောင့်တိုက်ပွဲတွေပြင်းထန်ခဲ့ရပြီး ဒေသခံအများစုက ရုတ်တရက်မြို့ပေါ်ကနေ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေရခြင်းဖြစ်ပါတယ်။
ပုလဲအနီးက ကျေးရွာအများစုကိုလည်း စစ်တပ်က ၀င်ရာက် စစ်ကြောင်းထိုးနေမှုကြောင့် ဒေသခံအများစု ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။
အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့အတူအကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ နဲ့ ၂၁ ကြိမ် ၊ Mi35 (6)ကြိမ် လာရောက်တိုက်ခိုက်ခဲ့ရာ တော်လှန်ရေး ရဲဘော် နဲ့ ပြည်သူတွေ ကျဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပုလဲမြို့ပေါ်က လျှပ်စစ်ဝန်ထမ်းအိမ်ရာအပါအဝင် နေရာတချို့ကို စစ်ကောင်စီလေတပ်က ပေါင်၅၀၀ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
နိုဝင်ဘာ ၁၃ရက်နေ့ မနက်ပိုင်းနဲ့ နိုဝင်ဘာ ၁၄ရက်နေ့တွေမှာလည်း တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာတွေ၊ Mi35 တွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
မြို့ထဲပိတ်မိနေတဲ့ အရပ်သား ၂၀၀ကျော်ကို ဘေးလွတ်ရာဆီ ကယ်ထုတ်ထားပြီး ပုလဲမှာတော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ကောင်စီကသာလွန်အင်အားနဲ့ ထိုးစစ်ဆင်နေတာကြောင့် မြို့ကိုပြန်လည် လက်လွှတ်လိုက်ရတယ်လို့သိရပါတယ်။
0 Shares:
You May Also Like
Read More

ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် PNO အဖွဲ့ကို တိုက်ခိုက်၊ စစ်အုပ်စု ၂၀ ဦးခန့် သေဆုံးပြီး ၁ ဦးကို လက်နက်နှင့်အတူ အရှင်ဖမ်းမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ PNO အဖွဲ့ကို တိုက်ခိုက်ရာ စစ်တပ်က အယောက် ၂၀ ခန့် သေဆုံးပြီး ၁ ယောက်ကို လက်နက်နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KK Park နဲ့ ပတ်သက်ပြီး KNU အပေါ် စစ်တပ်၏ စွပ်စွဲမှုများကို တုံ့ပြန်သွားမည်ဟု ပဒိုစောတာနီး ပြော

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကိုပြောပါတယ်။
Read More

ကပစ ၂၁ ရှော့တိုက်ဒုံးပစ်ခံရမှုမှာ လက်ထောက်စက်ရုံမှူးဖြစ်သူ စီမံရေးဒုညွှန်အဆင့် ဒုဗိုလ်မှူးကြီး ၁ ယောက်အပါ သေဆုံးသူ ၁၃ ယောက်အထိ ရှိလာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ အမှတ်-၂၁) ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ လက်ထောက် စက်ရုံမှူး တစ်ဖြစ်လဲ စီမံရေးဒုညွှန်အဆင့် ဒုတိယဗိုလ်မှူးကြီး ၁ယောက် အပါအဝင် သေဆုံးသူ ၁၃ ယောက်အထိ ရှိလာကြောင်း No More Dictatorship People Defense Force NMD တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စလင်းမှာ စစ်တပ်ကင်းစခန်းအနီး တော်လှန်ရေးတပ်များ ချဥ်းကပ်စဥ် စစ်တပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ သစ်ခေါက်တောင်ကျေးရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းအနီး ကင်းပုန်းဝပ်ဖို့ ချဥ်းကပ်ချိန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Peacock Brother Urban Guerrilla အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ အမှတ် ၅၃၂ ခြေမြန်တပ်ရင်း မိုင်းခွဲခံရပြီး စစ်သား ၂ ယောက် ဒဏ်ရာရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားအနီးက အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အမှတ် ၅၃၂ ခြေမြန်တပ်ရင်း (ခမရ ၅၃၂) ဟာ မနေ့က ဒီဇင်ဘာ ၁၅ ရက် ညပိုင်းမှာ မိုင်းဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
Read More

ရေဖြူမြိုနယ်တွင် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က ၅ ဦး ထိခိုက်သေဆုံး… စစ်အုပ်စုက တောင်ကရင်းအင်းရွာက ရိက္ခာဝင်ယူသည့် စစ်ရှောင် အရပ်သား လင်မယားကိုလည်း သတ်ဖြတ်…

တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ် ၊ ဆယ်အိမ်စုကျေးရွာဖက် က ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ စစ်တပ်က ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒေါနစစ်ကြောင်း-၃ (KBDF) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။