စမွတ်စခွန်မှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသားနှစ်ဦးကို ရတ်ချဘူရီပြည်နယ်၊ စွမ်ဖန်ခရိုင်မှာ နိုဝင်ဘာလ ၁၄ ရက် ကြာသပတေးနေ့ အစောပိုင်းက သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးလျက်တွေ့ခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်က သတင်းဖော်ပြထားပါတယ်။
ရုပ်အလောင်းတွေကို စွမ်ဖန်ခရိုင်ခွဲ၊ ဖွန်စွန်ခို့ရွာ၊ ရပ်ကွက်(၇) က ကျောက်စရစ်လမ်းပေါ်မှာ တွေ့ရှိကြောင်း ကြာသပတေးနေ့ နံနက် ၄နာရီခွဲအချိန်မှာ သတင်းပေးရရှိခဲ့တာကြောင့် ထိုင်းရဲတပ်ဖွဲ့၊ ဆရာဝန်တဦးနဲ့ ကယ်ဆယ်ရေးလုပ်သားတွေ အခင်းနေရာကို သွားရောက်ခဲ့တယ်လို့ စွမ်ဖန်ဘူတာက တာဝန်ကျအရာရှိ ရဲမှူး ချိုင်ဝက်ပူရင်သရာဖိဘန်က ပြောပါတယ်။
အသက် (၄၃) နှစ်အရွယ် အောင်ဆန်းဆိုသူရဲ့ ဝမ်းဗိုက်နဲ့ ဦးခေါင်းတို့မှာ သေနတ်ဒဏ်ရာ နှစ်ချက်ရှိနေကြောင်း၊ သူ့ရဲ့ညာလက်မှာလည်း ဒဏ်ရာတချက်ရှိနေကြောင်း၊ သုံးပြီးသား ကျည်ခွံတခုကို လမ်းမပေါ်မှာတွေ့ခဲ့ရကြောင်း သိရပါတယ်။ ဒါ့အပြင် လက်ကိုင်ဖုန်းတလုံး၊ ငွေသားအချို့၊ ရွှေ့ပြောင်းနေထိုင်သူကဒ်တစ်ခုနဲ့ ယာဉ်မောင်းလိုင်စင်တခုတို့ကို ၎င်းရဲ့ ရုပ်အလောင်းကနေ ရှာဖွေတွေ့ရှိခဲ့ကြပါသေးတယ်။
၎င်းနဲ့မီတာ ၃၀၀ ခန့်အကွာမှာတော့ နောက်ကျောမှာ သေနတ်ဒဏ်ရာတချက်ရှိထားတဲ့ ဒုတိယအမျိုးသားအလောင်းတခုကို တွေ့ရှိခဲ့ပြီး စောစော ဆိုသူဖြစ်တယ်လို့ သိရပါတယ်။
၎င်းရဲ့နေရာမှာ သွေးအိုင်ကွက်ကြီးတခုရှိနေပြီး သူပိုင်ဆိုင်တယ်လို့ ယူဆရတဲ့ တခြားစီဖြစ်နေတဲ့ ညှပ်ဖိနပ်တရံနဲ့ အနီးအနားမှာလည်း သုံးပြီးသား ကျည်နှစ်တောင့်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။
ကျေးရွာ ရပ်ကွက် (၇) က လက်ထောက်ခေါင်းဆောင် နာရူမော်ကယော်ချီယန်စရီက အဲဒီလမ်းက ကားတွေအတွက် ကျဉ်းလို့ မော်တော်ဆိုင်ကယ်တွေသာ အဓိကသုံးတာဖြစ်ပြီး ကျူးလွန်သူတွေဟာ အဲဒီလမ်းကြောင်းနဲ့ အကျွမ်းတဝင်ရှိနိုင်တယ်လို့ သံသယရှိကြောင်း ရဲတပ်ဖွဲ့ကိုပြောပါတယ်။
သေဆုံးသူ နှစ်ဦးဟာ ဗုဒ္ဓဟူးနေ့ ည ၈ နာရီခွဲကတည်းက ၎င်းတို့ရဲ့သူငယ်ချင်း ၄ ဦးနဲ့အတူ စမွတ်စခွန်မှာရှိတဲ့ နေအိမ်ကနေ ကား၂စီးနဲ့ ထွက်ခွာသွားခဲ့ကြောင်း၊ အဲဒီနောက်ပိုင်း ဆက်သွယ်ဖို့ ကြိုးစားပေမဲ့ ဖုန်းမကိုင်ကြောင်း ဆွေမျိုးတွေက ရဲတပ်ဖွဲ့ကိုပြောပါတယ်။
ရဲစုံထောက်တွေကတော့ ကျူးလွန်သူတွေနဲ့ပတ်သက်ပြီး သဲလွန်စရဖို့ အဲဒီလမ်းကြောင်းတလျှောက်နဲ့ အနီးအနား နေရာတွေက စီစီတီဗီတွေကို စစ်ဆေးလျက်ရှိကြောင်းနဲ့ ပစ်ခတ်မှုဖြစ်ပွားရတဲ့ အကြောင်းအရင်းကို မသိရသေးကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။
News- BangkokPost.
0 Shares:
You May Also Like
Read More

ပြင်းထန်ငလျင်ကြောင့် စစ်ကိုင်းတောင်ရိုးရှိ စာသင်တိုက်ပေါင်း ၅၇ တိုက်မှ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၀၄ ဦး သေဆုံး…

ပြင်းထန်ငလျင်ကြောင့် စစ်ကိုင်းတောင်ရိုးရှိ စာသင်တိုက်ပေါင်း ၅၇ တိုက်မှ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၀၄ ဦးနဲ့ လူပုဂ္ဂိုလ် ၆၆ ယောက် သေဆုံးခဲ့တယ်လို့ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

ဘီးလင်းမှာ ညသန်းခေါင်အချိန် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၅ ဦး ဒဏ်ရာရပြီး နေအိမ် ၉ လုံး ပျက်စီး

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက ညသန်းခေါင်အချိန်မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အရပ်သား (၅) ယောက် ဒဏ်ရာရပြီး နေအိမ် (၉) လုံးပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ကောလင်းခရိုင်တပ်ရင်း ၂ ဆီ လက်နက်နဲ့ အလင်းဝင်လာသူတွေကို ကျပ်သိန်း ၃၀ စီ ဆုချီးမြှင့်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့တွင်းက အကြမ်းဖက်စစ်ကောင်စီတပ်တွေကနေ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင် တပ်ရင်း ၂ ထံ လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကျပ်သိန်း ၃၀ စီ ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
Read More

စလင်းမြို့နယ်မှူးရုံးတွင် ဒုမြို့နယ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် စစ်ကောင်စီလက်အောက်ခံ ဒုရဲမှူး ၁ ဦး အလင်းဝင်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ မြို့နယ်မှူးရုံးမှာ ဒုမြို့နယ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဒုရဲမှူး ၁ ယောက် အလင်းဝင်လာတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ စစ်တပ် လက်နက်ကြီးကြောင့် အရပ်သား (၃) ယောက် ဒဏ်ရာရ၊ နေအိမ် (၃)လုံး၊ ထော်လာဂျီ (၁)စီးနဲ့ ဆိုင်ကယ် (၁) စီး ထိခိုက်ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်(၁) ယောက်အပါအဝင် အရပ်သား (၃) ယောက် ဒဏ်ရာရရှိပြီး နေအိမ် (၃)လုံး၊ ထော်လာဂျီ (၁)စီးနဲ့ ဆိုင်ကယ်(၁)စီး ထိခိုက်ပျက်စီးခဲ့တယ်လို့  ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ပအိုဝ်းတိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုနှင့် ရဲစွမ်းသတ္တိများက ဖက်ဒရယ်နိုင်ငံတည်ဆောင်ရန် အထောက်အပံ့အင်အား ဖြစ်ကြောင်း CRPH သဝဏ်လွှာ ပေးပို့ 

ပအိုဝ်းတိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ ရဲစွမ်းသတ္တိတွေဟာ မြန်မာနိုင်ငံရဲ့  ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးမှာ အရေးပါတဲ့ အထောက်အပံ့အင်အား ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီနေ့ကျရောက်တဲ့ (၇၆) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို သဝဏ်လွှာပေးပို့လိုက်ပါတယ်။