နိုင်ငံကူးလက်မှတ် (Passport) ပြုလုပ်ရာမှာ လိုအပ်တဲ့  UID (Unique ID) ကတ် အတုပြုလုပ်သူ ၂၃ ယောက်ကို ဖမ်းဆီးအမှုဖွင့် တရားစွဲဆိုထားတယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။

လဝကရုံးဟစ်တိုင်အမည်ရှိ ဖေ့စ်ဘွတ်ခ်ဂရုက ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားအတု၊ UID အတုတွေနဲ့ နိုင်ငံကူးလက်မှတ်လျှောက်ထားနေကြတာကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပကို ထွက်ခွာလိုသူတွေ များပြားလာချိန်မှာ မသမာသူတချို့က Passport ပြုလုပ်ရာမှာ လိုအပ်တဲ့ UID အတုပြုလုပ်ပြီး ငွေကြေးလိမ်လည်မှုတွေ ပြုလုပ်လာတယ်လို့ သိရပါတယ်။

လိမ်လည်သူတွေအဖြစ်  သင်္ဃန်းကျွန်းမြို့မရဲစခန်းမှာ Jack But Jaxk ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင် ဦးချစ်မင်းခိုင်အပါ ၃ယောက်၊ မင်္ဂလာဒုံမြို့မရဲစခန်းမှာ Aent Hmue ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင် အံ့မှူးအပါ ၁၁ ယောက်၊ မြဝတီမြို့မရဲစခန်းမှာ ဦးရဲထက်စိုးအပါ ၅ ယောက်နဲ့ အင်းစိန်၊ စမ်းချောင်း၊ မော်လမြိုင်၊ ဒလမြို့မရဲစခန်းတို့မှာ ၁ယောက်စီ အမှုဖွင့်ထားတယ်လို့ ဖော်ပြထားပါတယ်။

UID နံပါတ် ရယူလိုသူတွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ် လဝကရုံးတွေမှာ ကိုယ်တိုင်သွားရောက်ပြီး အခကြေးငွေ ကုန်ကျမှုမရှိ လုပ်ဆောင်နိုင်တယ်လို့ စစ်ကောင်စီက ပြောပါတယ်။

လ၀က အတွင်းသတင်းတွေအရ အတုပြုလုပ်သူတွေထဲမှာ လ၀က ဝန်ထမ်းတချို့နဲ့ ပြင်ပပွဲစားတွေပေါင်းပြီး အများပြည်သူကို UID အတုတွေ ပြုလုပ်ဖန်တီးပေးနေတယ်လို့လည်း Passport ပြုလုပ်ဖူးသူတချို့က ဆိုပါတယ်။

စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက နိုင်ငံအတွင်းနေထိုင်သူ အသက် ၁၀ နှစ်အထက်ရှိသူတွေကို Electronic စနစ်နဲ့ ကိုယ်ရေးအချက်အလက်တွေ(Biographic Data)၊ ဇီဝအချက်အလက်တွေ (Biometric Data) ကို ကောက်ယူမှတ်ပုံတင်ပြီး ဂဏန်း ၁၀ လုံးပါတဲ့ UIDကတ် ထုတ်ပေးနေတာ ဖြစ်ပါတယ်။

UID ကတ်ရှိမှ Passport အသစ်ပြုလုပ်တာ၊ သက်တမ်းတိုးတာတွေ ပြုလုပ်ခွင့်ပေးတဲ့ ပုံစံအသစ်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဩဂုတ်လက စတင်အသက်သွင်းနေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရွေးကောက်ပွဲကို မဖြစ်,ဖြစ်အောင် လုပ်မှာဖြစ်ကြောင်း မင်းအောင်လှိုင် ပြော၊ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံရေးပါတီဝင်များ၏ လုံခြုံရေးကို အာမခံဟု ဆို

အကြမ်းဖက်စစ်ကော်မရှင်ဖွဲ့စည်းပြီး ၆ လအတွင်းမှာ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်မယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဩဂုတ် ၁၂ ရက် မနေ့က ပြုလုပ်ခဲ့တဲ့ စစ်ကော်မရှင် အစည်းအဝေး မှာ ပြောဆိုလိုက်ပါတယ်။
Read More

ပြည်သူ့စစ်အဖွဲ့ဝင်တွေရဲ့ လူစာရင်းနဲ့ လိပ်စာတွေ ရထားပြီ၊ အရေးယူမှုတွေ လုပ်သွားမယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ ပြော

စစ်ကိုင်းမြို့က နာမည်ကြီး ပျူစောထီး ခေါင်းဆောင် ရွှေကျားနဲ့ အဖွဲ့ကို ပစ်ခတ်ရှင်းလင်းပြီးတဲ့နောက် မင်းကွန်းနဲ့ ကျောက်တာရွာက ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ ထောက်ပံ့နေသူတွေရဲ့စာရင်းကို ရရှိထားပြီဖြစ်တာကြောင့် အရေးယူမှုတွေလုပ်ဆောင်သွားမယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဖေဖော်ဝါရီလအတွင်း ရန်ကုန်မှာ လူငယ် ၂၃၀ ကျော် ဖမ်းဆီးခံရ

ပြီးခဲ့တဲ့ ၂၀၂၅  ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့ပေါ်မှာ လူငယ်လူရွယ် ၂၃၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း  Rangoon Scout Network (RSN) က ထုတ်ပြန်လိုက်ပါတယ်။
Read More

၂၀၂၅ ခုနှစ် ၈လတာအတွင်း အကြမ်းဖက်စစ်တပ် အကြိမ် ၃၃၀၀ ကျော် လေကြောင်းတိုက်ခိုက်၊ ငလျင်အပြီး အပစ်ရပ်ထားသည့် ဧပြီလတွင် စံချိန်တင် အများဆုံး တိုက်ခိုက်ခဲ့

၂၀၂၅ ခုနှစ်ရဲ့ ၈ လတာ ကာလအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ အကြိမ်‌ရေ ၃,၃၀၀ ကျော် တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းစုဆောင်းခံခဲ့ရတဲ့ စစ်သားတစ်ယောက်ကို လက်နက်ခဲယမ်းနှင့်တကွ နေပြည်တော် ပကဖ ခေါ်ထုတ်နိုင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရင်ခွင်ဌာနနဲ့ ချိတ်ဆက်ပြီး လက်နက်နဲ့တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ အဓမ္မပြည်သူ့စစ်မှုထမ်းစုဆောင်းခံခဲ့ရသူ စစ်ကောင်စီတပ်သား ၁ ယောက်ကို သွားရောက်ခေါ်ထုတ်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော်က ထုတ်ပြန်ထားပါတယ်။
Read More

ရသေ့တောင်မှာ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါ အရပ်သား အလောင်း ၁၃ လောင်း ရရှိထား၊ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ…

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားအလောင်း ၁၃ လောင်း ရရှိထားပြီး ဒဏ်ရာရသူ အယောက် ၂၀ ထက်မနည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။