စစ်တပ်က အာဏာသိမ်းထားတဲ့ ၃နှစ်ကျော်အတွင်း သတင်းထောက် ၂၁၅ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၅၄ ယောက်က အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံထားရတယ်လို့ အသံအဖွဲ့က အသိပေးထုတ်ပြန်လာပါတယ်။

သတင်းမီဒီယာလွတ်လပ်ခွင့် ဆိုးရွားစွာ ကျဆင်းလာတဲ့နိုင်ငံမှာ မီဒီယာလုပ်ငန်းအများစု ရပ်နားခဲ့ရပြီး သတင်းထောက်တွေကိုလည်း စစ်ကောင်စီက မတရားတဲ့ ဥပဒေတွေနဲ့ ဖမ်းဆီးအရေးယူခဲ့တယ်လို့ အသံအဖွဲ့က ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂ဝ၂၄ ခုနှစ် အောက်တိုဘာလကုန်အထိ စာရင်းတွေအရ ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီး ၂၆ ယောက်နဲ့ အမျိုးသား ၁၈၉ ယောက် ပါဝင်ခဲ့ပြီး ပြန်လည်လွတ်မြောက်လာသူ ၁၅၅ ယောက်ရှိတယ်လို့ အသံအဖွဲ့ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

အသံအဖွဲ့၏ စစ်တမ်း

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက် ၁၁ ယောက် သေဆုံးခဲ့တဲ့အပြင် ဖမ်းဝရမ်းထုတ်ခံရသူ ၅၆ ယောက်ရှိခဲ့ကာ စစ်တပ်က သတင်းမီဒီယာသမားတွေကို ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးမှုတွေ  ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ သတင်းမီဒီယာသမားတွေကို ဖမ်းဆီးခဲ့ရုံမက နေအိမ်တွေကိုချိတ်ပိတ်တာ၊ မိသားစုဝင်တွေကို ဖမ်းဆီးတာမျိုးတွေအထိ ပြုလုပ်လျက်ရှိနေပါတယ်။

ပြီးခဲ့တဲ့လကလည်း စစ်ကောင်စီက မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ သတင်းမီဒီယာသမားနှစ်ယောက်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆိုပြီး နေအိမ်အထိ ဝင်ရောက်ပစ်ခတ်ခဲ့လို့ အသက်သေဆုံးခဲ့ရပါသေးတယ်။

သတင်းမီဒီယာလွတ်လပ်ခွင့် အနိမ့်ပါးဆုံးစာရင်းမှာ  မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ အတွင်း အဆင့် ၁၇၁ အဖြစ် သတ်မှတ်ခံထားရတယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

PDF စစ်ဆင်ရေးနယ်မြေ (၂) က အခြေခံစစ်သင်တန်း အပတ်စဉ်  (၁/၂၀၂၅)  သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ဆင်ရေးနယ်မြေ (၂) မှာ အခြေခံစစ်သင်တန်း အပတ်စဉ်  (၁/၂၀၂၅)  သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဒီနေ့ ညပိုင်းမှာ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ် ခံစားနေရချိန် ညောင်ဦးအနောက်ဘက်ခြမ်း ရွာများကို စစ်​အုပ်စု အင်အားအလုံးအရင်းသုံးပြီး မီးရှို့ခဲ့

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီက မတ်လ ၃၁ရက်နေ့ကစပြီး စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုဇီးက မောင်းကို ပြောပါတယ်။
Read More

KIA ထိန်းချုပ်နယ်မြေများတွင် စစ်တပ်လေကြောင်း တိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း အရပ်သား ၁၄ ဦးသေဆုံး၊ ၂၁ ဦး ဒဏ်ရာရ

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေတွေက အရပ်သားတွေနေထိုင်ရာ ကျေးရွာတွေကို တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေရာ တစ်ပတ်အတွင်း အရပ်သား ပြည်သူ ၁၄ ယောက် သေဆုံးပြီး ၂၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
Read More

ပင်လည်ဘူးမြို့ကို PDF ပူးပေါင်းတပ်တွေ ဒုတိယအကြိမ် တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်းအထက်ပိုင်းက ပင်လည်ဘူးမြို့ကို PDF ပူးပေါင်းတပ်တွေက ဒုတိယအကြိမ်အဖြစ် တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဇန်နဝါရီလအတွင်း ကျပ်ငွေ (၉၁၈.၂၃) သန်းကို အကူအညီလိုအပ်နေသူတွေအတွက် ပံ့ပိုးနိုင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဇန်နဝါရီလအတွင်း  အမှန်တကယ် အကူအညီလိုအပ်နေသူတွေကို ကျပ် (၉၁၈.၂၃) သန်း ပံ့ပိုးကူညီပေးနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မင်းတပ်နဲ့ ဖလမ်း မြို့သိမ်းစစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၈ ယောက်နဲ့ မိသားစုဝင်တွေ အညံ့ခံ၊ တပ်စခန်းတွေနဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ

ချင်းပြည်နယ်မှာ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်နေတဲ့ မင်းတပ်မြို့နဲ့ ဖလမ်းမြို့ မြို့သိမ်းစစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၈ ယောက်နဲ့ မိသားစုဝင်တွေ လက်နက်ချအညံ့ခံပြီး စစ်တပ်စခန်းတွေနဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။